ခပ်မိုက်မိုက် သရုပ်ဆောင်မင်းသားတွေ မြင်တဲ့အခါ သူတို့ရဲ့သရုပ်ဆောင်ချက်အပြင် ကြွက်သားတွေနဲ့ တောင်းတင်းသန်မာတဲ့ ခန္ဓာကိုယ်မျိုးကို လိုချင်မိကြမှာပါ။ အမိုက်စားခန္ဓာကိုယ်တွေ ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်မင်းသားတွေ အများအပြားရှိတဲ့အနက် လူစီဖာမောနင်းစတားအဖြစ် သရုပ်ဆောင်တဲ့ Tom Ellis သည်လည်း တစ်ယောက်အပါအဝင်ပါပဲ။ Tom Ellis ရဲ့ ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ချင်တဲ့ ကွီး တို့အတွက်လည်း သူကိုယ်တိုင်ဝေမျှထားတဲ့ လေ့ကျင့်ခန်း များရှိပါတယ်။

Tom Ellis ရဲ့ Workout Routine အတိုင်း လိုက်လုပ်ချင်တဲ့ ကွီး တို့အတွက် သူ့ရဲ့ လေ့ကျင့်ခန်း များကို ဝေမျှပေးလိုက်ရပါတယ်။

သွေးပူလေ့ကျင့်ခန်း

workout for kwee

အရင်ဆုံး သွေးပူလေ့ကျင့်ခန်းနဲ့ အစပြုပါတယ်။ သွေးပူလေ့ကျင့်ခန်းကတော့ ပြေးစက်ပေါ်မှာ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ပြေးခြင်းပဲဖြစ်ပါတယ်။ ပြီးရင်တော့ ၅ မိနစ်ခန့် လမ်းအမြန်လျှောက်ခြင်း၊ ထို့နောက် ၄၅ စက္ကန့်ခန့် ပြေး၊ ၁၅ စက္ကန့်ခန့် လမ်းလျှောက်ခြင်းတို့ပဲဖြစ်ပါတယ်။

ပြီးရင်တော့ အခုဖော်ပြပေးမယ့်လေ့ကျင့်ခန်းများကို အစဉ်လိုက်အတိုင်း ပြုလုပ်လိုက်ရုံပါပဲ။

လေ့ကျင့်ခန်း (၁)

workout for kwee

Source: Tenor

ခုံစောင်းပေါ်မှာ လှဲလျောင်းနေကာ လက်နှစ်ဖက်က အလေးတုံးကို ကိုင်ထားပါ။

ထို့နောက် အလေးတုံးကို အပေါ်သို့ ဖြည်းဖြည်းချင်း တွန်းတင်ပေးရမှာဖြစ်ပါတယ်။

စုစုပေါင်း ၁၀ ကြိမ်၊ ၄ ကျော့ခန့် ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၂)

workout for kwee

Source: Make A Gif

လက်နှစ်ဖက်က တန်းတစ်ခုကို ကိုင်ထားပြီး ပုခုံးအကျယ်ထက် ပိုကျယ်အောင် ချဲထားရမှာဖြစ်ပါတယ်။

ထို့နောက် လက်မောင်းကြွက်သားအား အသုံးပြုကာ ခန္ဓာကိုယ်ကို အပေါ်သို့ ပင့်တင်ရမှာဖြစ်ပါတယ်။

စုစုပေါင်း ၁၀ ကြိမ်၊ ၄ ကျော့ခန့် ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၃)

Tom Ellis ကွီး လေ့ကျင့်ခန်း

Source: Gfycat

ထိုင်လျက်သားဖြင့် အလေးတုံးကို အပေါ်သို့ ပင့်တင်ရမှာ ဖြစ်ပါတယ်။

အရင်ဦးဆုံး ခါးမတ်မတ်ထိုင်နေပါ။ အလေးတုံးနှစ်တုံးကို အဆင်သင့်ကိုင်ထားပါ။

ထို့နောက် အလေးတုံးနှစ်တုံးကို အပေါ်သို့ ပင့်တင်ကာ ဦးခေါင်းအထက်မှာ စုဆုံစေလိုက်ပါ။

စုစုပေါင်း ၁၂ ကြိမ်၊ ၄ ကျော့ခန့် ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၄)

Tom Ellis ကွီး လေ့ကျင့်ခန်း

Source: Menshealth

မတ်တပ်ရပ်ကာ အလေးတုံးနှစ်ဖက်ကို ဆန့်တန်းရမှာဖြစ်ပါတယ်။

အရင်ဦးဆုံး ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားပါ။ လက်နှစ်ဖက်က အလေးတုံးကို ကိုင်ထားပါ။ ပြီးရင်တော့ လက်နှစ်ဖက်က ပုခုံးနဲ့တစ်တန်းတည်းဖြစ်သွားအောင် ဆန့်တန်းလိုက်ပါ။

စုစုပေါင်း ၁၂ ကြိမ်၊ ၄ ကျော့ခန့် ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၅)

Tom Ellis ကွီး လေ့ကျင့်ခန်း

Source: Openfit

ပေါင်ရင်းနားမှာ လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ ကူညီပေးမယ့် အထိန်းကြိုးလေးဖြင့် ထိန်းထားလိုက်ပါ။

ထို့နောက် ညာခြေထောက်ကို အရင်ဦးဆုံး အပေါ်မြှောက်လိုက်ကာ ဘေးဘက်သို့ ကားလိုက်ပါ။ စုစုပေါင်း၁၀ ကြိမ် ပြုလုပ်ပါ။ ထို့နောက် ဘယ်ခြေထောက်ဖြင့် ပြောင်းလုပ်ပါ။ စုစုပေါင်း ၁၀ ကြိမ် ပြုလုပ်ပါ။

ထိုအဆင့်အထိ တစ်ကျော့ ပြီးသွားပြီဖြစ်ပါတယ်။ ကျန်တဲ့ ၃ ကျော့ကိုလည်း ထိုနည်းအတိုင်း ဆက်လက်ပြုလုပိုက်ပါ။

လေ့ကျင့်ခန်းအားလုံး ပြီးသွားပြီဆိုရင်တော့ အကြောလျော့လေ့ကျင့်ခန်းများကို ၁၀ မိနစ်မှ ၁၅ မိနစ်အထိ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

Source: menshealth

Featured Image Source: menshealth