Tom Hiddleston ရဲ့ နာမည်အပြည့်အစုံကတော့ Thomas William Hiddleston ဖြစ်ပြီး ကမ္ဘာကျော် အင်္ဂလိပ်လူမျိုး မင်းသားတစ်လက်ဖြစ်ပါတယ်။ လိုကီဆိုတဲ့ ကာရိုက်တာနှင့် လိုက်ကြိုက်များပြီး မိန်းမပျိုလေးများရဲ့ အသည်းနှလုံးကို ဖမ်းဆွဲကိုင်လှုပ်ထားတဲ့ Bad Boy ကာရိုက်တာလေးပဲဖြစ်ပါတယ်။ Tom Hiddleston သည် ကမ္ဘာကျော် မင်းသားတစ်လက်ဖြစ်တဲ့အားလျော်စွာ သူ့ရဲ့ခန္ဓာကိုယ်ကို Workout များ ပြုလုပ်ခြင်း Diet Plan များဖြင့် ထိန်းလေ့ရှိပါတယ်။

အသက် ၄၁ နှစ်ရှိပြီဖြစ်သော်လည်း အရွယ်နှင့်မလိုက်အောင် နုနယ်ပျိုမျစ်နေခြင်းကလည်း Tom Hiddleston ရဲ့ Workout နှင့် Diet Plan တန်ခိုးပဲဖြစ်ပါတယ်။ ကွီးတို့လည်း Tom Hiddleston လိုမျိုး နုနယ်ပျိုမြစ်ပြီး အဆီပိုများ ကင်းဝေးတဲ့ ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် Workout နှင့် Diet Plan တို့ကို လိုက်လုပ်နိုင်ပါတယ်။

Tom Hiddleston Workout

Photo: Gq

အရင်ဦးဆုံး Tom ရဲ့ Diet Plan လေးကို လေ့လာကြည့်လိုက်ရအောင်။ သူသည် အာဟာရပြည့်ဝဖို့အတွက် ဆန်လုံးညို၊ ဟင်းသီးဟင်းရွက်များ၊ ကြက်သား၊ ကြက်ဆင်၊ အာလူး အစရှိတဲ့ အစားအစာများကို အဓိကထား စားသုံးလေ့ရှိပါတယ်။ ခန္ဓာကိုယ်က အမြဲတမ်း ရေဓာတ် ပြည့်ဝနေအာင် နေထိုင်ပြီး အဆီတက်စေတဲ့ အစားအစာတွေဖြစ်တဲ့ မုန့်ပဲသွားရေစာများ၊ အကြော်အလှော်များ၊ အချိုဓာတ်လွန်ကဲတဲ့ အစားအစာများကို ရှောင်ကြည်လေ့ရှိပါတယ်။

လေ့ကျင့်ခန်းများကိုလည်း သေချာအချိန်ပေးကာ ဆော့ကစားလေ့ရှိပါတယ်။ တစ်ပတ်လျှင် ၃ ရက်မှ ၅ ရက်ခန့် ဆော့ကစားလေ့ရှိပြီး လမ်းလျှောက်လေ့ကျင့်ခန်းကိုလည်း နေ့စဥ်ပြုလုပ်တဲ့သူဖြစ်ပါတယ်။ အခုဆက်လက်ဖော်ပြပေးမှာကတော့ Tom Hiddleston ရဲ့ တစ်ပတ်တာ Workout လေ့ကျင့်ခန်းများ ပဲဖြစ်ပါတယ်။

Day 1

Tom Hiddleston Workout

Source: Pinterest

ပထမတစ်ရက်မှာတော့ သွေးပူလေ့ကျင့်ခန်းအဖြစ် ယောဂ (သို့) အကြောလျော့ခြင်း (သို့) ၈၀၀ မီတာမှ ၁၆၀၀ မီတာအထိ လမ်းလျှောက်ခြင်း အစရှိတဲ့ လေ့ကျင့်ခန်းများဖြင့် သွေးပူလေ့ကျင့်ခန်းကို အစပျိုးပါတယ်။ ထို့နောက်မှာတော့ အခုဆက်လက်ဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို သတ်မှတ်အကြိမ်ရေ ပြည့်အောင် ဆက်လက်လုပ်ဆောင်ပါတယ်။

  • Bench Press လေ့ကျင့်ခန်းကို ၁၀ ကြိမ်၊ ၃ ကျော့
  • Clean And Press လေ့ကျင့်ခန်း – ၁၀ ကြိမ်၊ ၃ ကျော့
  • Lunges လေ့ကျင့်ခန်း – ၁၀ ကြိမ်၊ ၃ ကျော့
  • Lateral Pulldowns လေ့ကျင့်ခန်း – ၁၀ ကြိမ်၊ ၃ ကျော့
  • Tricep Kickbacks Clean လေ့ကျင့်ခန်း – ၁၀ ကြိမ်၊ ၃ ကျော့
  • Bicep Dumbbell Curls လေ့ကျင့်ခန်း – ၁၀ ကြိမ်၊ ၃ ကျော့
  • Plank ထောက်ခြင်းကို ၁ မိနစ်၊ ၅ ကျော့စီ (ကျောပြင်ပေါ်တွင် အလေးတုံး တင်နိုင်ပါက တင်ထားရန်)
  • Flutter Kicks လေ့ကျင့်ခန်း – ၁ မိနစ်၊ ၅ ကျော့ အစရှိတဲ့ လေ့ကျင့်ခန်းများဖြင့် ပထမတစ်ရက်ကို အစပြုရပါမယ်။

Day 2 အတွက် Workout Plan ကိုလည်း Day 1 အတိုင်း ဆက်လက်လုပ်ဆောင်ပေးရပါမယ်။

Day 3

exercises

Photo: Goznews

Hiddleston သည် အပြင်ထွက်ကာ လမ်းလျှောက်ခြင်းကို နှစ်သက်သူဖြစ်သည့်အားလျော်စွာ သွေးပူလေ့ကျင့်ခန်းအဖြစ် ၃ မိုင် လမ်းလျှောက်လေ့ရှိပါတယ်။ ကွီးတို့အနေနဲ့ ယောဂ (သို့) အကြောလျော့ လေ့ကျင့်ခန်းများပြုလုပ်ကာ သွေးပူလေ့ကျင့်ခန်းများကို ပြုလုပ်နိုင်ပါတယ်။

ထို့နောက် အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို ဆက်လက်ပြုလုပ်ပေးရပါမယ်။

  • Dumbbell Chest Flys လေ့ကျင့်ခန်း – ၁၀ ကြိမ်၊ ၃ ကျော့
  • Arnold Press လေ့ကျင့်ခန်း – ၁၀ ကြိမ်၊ ၃ ကျော့
  • Back Squats လေ့ကျင့်ခန်း – ၁၀ ကြိမ်၊ ၃ ကျော့
  • Dumbbell Rows လေ့ကျင့်ခန်း – ၁၀ ကြိမ်၊ ၃ ကျော့
  • Tricep Pushdowns လေ့ကျင့်ခန်း – ၁၀ ကြိမ်၊ ၃ ကျော့
  • Preacher Curls လေ့ကျင့်ခန်း – ၁၀ ကြိမ်၊ ၃ ကျော့
  • Plank ထောက်ခြင်းကို ၁ မိနစ်၊ ၅ ကျော့စီ (ကျောပြင်ပေါ်တွင် အလေးတုံး တင်နိုင်ပါက တင်ထားရန်)
  • Flutter Kicks လေ့ကျင့်ခန်း – ၁ မိနစ်၊ ၅ ကျော့ အစရှိတဲ့ လေ့ကျင့်ခန်းများဖြင့် ဒုတိယရက်ကို ဆက်လက်ပြုလုပ်ပေးရပါမယ်။

Day 4 အတွက် Workout Plan ကိုလည်း Day 3 အတိုင်း ဆက်လက်လုပ်ဆောင်ပေးရပါမယ်။

Day 5

exercises

Source: Menshealth

သွေးပူလေ့ကျင့်ခန်းကိုတော့ ခါတိုင်းရက်တွေအတိုင်း ဆက်လက်ပြုလုပ်ပေးရပါမယ်။

  • Incline Dumbbell Bench Press လေ့ကျင့်ခန်း – ၁၀ ကြိမ်၊ ၃ ကျော့
  • Military Press လေ့ကျင့်ခန်း – ၁၀ ကြိမ်၊ ၃ ကျော့
  • Front Squats လေ့ကျင့်ခန်း – ၁၀ ကြိမ်၊ ၃ ကျော့
  • Deadlift လေ့ကျင့်ခန်း – ၁၀ ကြိမ်၊ ၃ ကျော့
  • Tricep Overhead Extension လေ့ကျင့်ခန်း – ၁၀ ကြိမ်၊ ၃ ကျော့
  • Hammer Curls လေ့ကျင့်ခန်း – ၁၀ ကြိမ်၊ ၃ ကျော့
  • Plank ထောက်ခြင်းကို ၁ မိနစ်၊ ၅ ကျော့စီ (ကျောပြင်ပေါ်တွင် အလေးတုံး တင်နိုင်ပါက တင်ထားရန်)
  • Flutter Kicks လေ့ကျင့်ခန်း – ၁ မိနစ်၊ ၅ ကျော့ အစရှိတဲ့ လေ့ကျင့်ခန်းများဖြင့် ပထမတစ်ရက်ကို အစပြုရပါမယ်။

Tom Hiddleston ရဲ့ Workout နှင့် Diet Plan အတိုင်း လိုက်လံပြုလုပ်နိုင်မယ်ဆိုရင်တော့ ကွီးတို့ရဲ့ ခန္ဓာကိုယ်သည်လည်း အဆီပိုများ ကင်းဝေးကာ ကျန်းမာလှပလာမှာပဲဖြစ်ပါတယ်။

Source: Superherojacked

Featured Image: Dailymail.co.uk