Tonic Water ကို ကွီးတို့အားလုံး ကြားဖူးပြီးသား ဖြစ်မယ်ထင်ပါတယ်။ နာမည်ကျော် ကော့လ်တေး တော်တော်များများမှာ ရောစပ်ဖျော်လေ့ရှိတဲ့ Mixer တစ်မျိုး ဖြစ်ပါတယ်။ အလွယ်ပြောရရင်တော့ ကာဗွန်နိတ်အချိုရည် တစ်မျိုးပါ။ ချိုချဉ်ခါးသပ်အရသာ အားလုံးပေါင်းစပ် ပါဝင်ပါပြီး ဆိုဒါထက် အရသာပိုကောင်းတဲ့ ကော့လ်တေး Mixer တစ်မျိုး ဖြစ်ပါတယ်။ ၁၈၅၀ ခုနှစ်တွေကတည်းက Gin နဲ့ Tonic အရောအစပ်က ယမကာသောက်သုံးတွေကြားမှာ သိပ်ကိုနာမည်ကြီးခဲ့တာပါ။ ဒီတစ်ခေါက်တော့ Tonic Water နဲ့ ဖျော်စပ်ထားတဲ့ အရသာ အကောင်းဆုံး ကော့လ်တေး ၅ မျိုးကို ပြောပြပေးချင်ပါတယ်။
(၁) Classic Gin Tonic

Photo : A Couple Cooks
Gin Tonic က လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၇၀ ကျော်ကနေ ဒီနေ့အထိ လူကြိုက်များနေဆဲ ဂန္တဝင်ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။ Gin နဲ့ Tonic Water ၂ မျိုးတည်းနဲ့ အရိုးရှင်းဆုံး ပြင်ဆင် ဖျော်စပ်ပါတယ်။ Classic Gin Tonic က အရိုးရှင်းဆုံးအရသာနဲ့ အလန်းဆန်းဆုံး ခံစားမှုကို ပေးစွမ်းမှာ ဖြစ်ပါတယ်။ သံပုရာသီးတစ်စိပ် လောက်ညှစ်ထည့်လိုက်ရင် အရသာပိုရွှင်ပြီး သောက်လို့ပိုကောင်းပါတယ်။
(၂) Vodka Tonic

Photo : A Couple Cooks
Tonic Water ကို Vodka နဲ့လည်း ရောစပ်သောက်လေ့ ရှိကြပါတယ်။ Vodka Tonic က လွယ်ကူရိုးရှင်း အချိန်ကုန်သက်သာပြီး သောက်လို့ကောင်းတဲ့ ကော့လ်တေး တစ်ခွက် ဖြစ်ပါတယ်။ သံပုရာသီး ၊ သံပုယိုသီးခြမ်းလေးတွေနဲ့ စိမ်သောက်ရင် ချဉ်တင်တင်အရသာနဲ့ ပိုပြီး Fresh ဖြစ်စေမှာ ဖြစ်ပါတယ်။
(၃) Whiskey Tonic

Photo : A Couple Cooks
အချိုအရသာ နည်းနည်းပိုကဲတဲ့ Tonic Water နဲ့ ရောစပ်သောက်လို့ အလိုက်ဖက်ဆုံးက Whiskey ပါပဲ။ အထူးသဖြင့် ဘော်ဘွန်းဝီစကီနဲ့ Tonic Water ကို ရောစပ်သောက်လို့ အကောင်းဆုံး ဖြစ်ပါတယ်။ Whiskey Tonic တစ်ခွက်က နွေရာသီလို့ကာလတွေမှာ သောက်လို့ကောင်းတဲ့ ကော့လ်တေးတစ်ခွက်ပဲ ဖြစ်ပါတယ်။
(၄) Tequila Tonic
Photo : A Couple Cooks
Gin Tonic ၊ Vodka Tonic တွေကြိုက်ရင် Tequila နဲ့ Tonic Water အရောအစပ်ကိုလည်း မြည်းစမ်းကြည့်သင့်ပါတယ်။ Tequila နဲ့ Tonic က ချိုမြိန်လက်ဆတ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ သောက်လို့ကောင်းတဲ့ ကော့လ်တေးတစ်မျိုး ဖြစ်ပါတယ်။ ရေခဲ ၊ သံပုယိုသီးခြမ်းလေးတွေနဲ့ အရသာပိုကောင်းအောင် ရောစပ်သောက်နိုင်ပါတယ်။
(၅) Rum Tonic

Photo : A Couple Cooks
Rum နဲ့ Tonic အရောအစပ်က ပေါ့ပေါ့ပါးပါးနဲ့ Refreshing ဖြစ်စေတဲ့ ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။ Dark Rum သို့မဟုတ် သက်တမ်းရင့် Rum အမျိုးအစားနဲ့ ဖျော်စပ်သောက်ရင် ပိုကောင်းပါတယ်။ ပေါ့ပါးလတ်ဆတ်တဲ့အရသာနဲ့ အဝင်ကောင်းတဲ့အတွက်မိန်းကလေးတွေရော ယောကျာ်းလေးတွေပါ သောက်လို့အဆင်ပါတယ်။
Featured Photo : The Gremlin

