Tonic Water လို့ပြောလိုက်ရင် နာမည်ကြီး ကော့လ်တေး တွေမှာ ရောစပ်ပါဝင်တဲ့ အထူးခြားဆုံး Mixer တစ်မျိုးအဖြစ် လူသိများကြပါတယ်။ ၁၈၅၀ ပြည့်လွန်နှစ်တွေမှာ စတင်ပေါ်ပေါက်ခဲ့တဲ့ Gin နဲ့ Tonic Water ကို ရောစပ်ဖျော်ထားတဲ့ Gin & Tonic ဟာဆိုရင်လည်း ယနေ့ချိန်အထိ ရာစုနှစ်ပေါင်းများစွာ လူကြိုက်များတဲ့ Drink တစ်မျိုးအဖြစ် ပါဝင်နေဆဲ ဖြစ်ပါတယ်။ Tonic Water ဟာ ချိုမြမြအရသာနဲ့ အမြုပ်လေးတွေ တစီစီထနေတဲ့ ကာဗွန်နိတ်ဖျော်ရည်တစ်မျိုး ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ Tonic Water နဲ့ ဖျော်စပ်ထားတဲ့ နာမည်အကြီးဆုံး ကော့လ်တေး ၄ မျိုးကို ပြောပြပေးမှာ ဖြစ်ပါတယ်။

(၁) Classic Gin & Tonic

Photo : A Couple Cooks

Tonic Water အကြောင်းပြောမယ်ဆိုရင် ကမ္ဘာပေါ်က လူကြိုက်အများဆုံး ကော့လ်တေးတွေထဲက တစ်မျိုးအဖြစ်ပါဝင်နေတဲ့ Classic Gin & Tonic ကတော့ မပါမဖြစ် ထည့်ပြောရမှာ ဖြစ်ပါတယ်။ Gin နဲ့ Tonic Water ၂ မျိုးတည်းကိုသာ အသုံးပြုဖျော်စပ်ထားပြီး ရိုးရှင်းပေမယ့် ပြီးပြည့်စုံတဲ့ ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။

(၂) Vodka Tonic

Photo : A Couple Cooks

Tonic Water နဲ့ ဖျော်စပ်တဲ့ နောက်ထပ် Classic Drink တစ်မျိုးကတော့ Vodka Tonic ပဲဖြစ်ပါတယ်။ Vodka နဲ့ Tonic Water တို့ရဲ့ ဟန်ချက်ညီတဲ့ ပေါင်းစပ်မှုနဲ့ သံပုရာခြမ်း ၊ သံပုယိုခြမ်းလေးတွေ ထပ်မံဖြည့်စွက်လိုက်ချိန်မှာတော့ တကယ်ကိုပဲ လန်းဆန်းချိုမြတဲ့ ကော့လ်တေးတစ်ခွက်ရဲ့ အရသာကို ခံစားရနိုင်မှာ ဖြစ်ပါတယ်။

(၃) Whiskey Tonic

Photo : A Couple Cooks

Whiskey ကြိုက်တဲ့ ကွီးတို့အတွက်ကတော့ Whiskey Tonic ဟာ သေချာပေါက် မြည်းစမ်းကြည့်သင့်တဲ့ ကော့လ်တေးတစ်မျိုးပဲ ဖြစ်ပါတယ်။ ကော့လ်တေးပြင်ဆင်ဖျော်စပ်နည်းကလည်း အရမ်းကို ရိုးရှင့်းပါတယ်။ Whiskey နဲ့ Tonic Water ကို အချိုးကျကျ ပေါင်းစပ်ပြီး သံပယိုခြမ်းလေးတွေ ရောထည့်လိုက်ရုံပါပဲ။ အိမ်မှာအလွယ်တကူ ဖျော်စပ်သောက်နိုင်မယ့် အမိုက်စား ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။

(၄) Tequila And Tonic

Photo : A Couple Cooks

Classic Gin & Tonic ၊ Vodka Tonic ၊ Whiskey Tonic စတဲ့ Drinks တွေကို ကြိုက်တယ်ဆိုရင်Tequila And Tonic ကော့လ်တေးကိုလည်း သေချာပေါက်ကြိုက်မယ်ဆိုတာ ရဲရဲကြီး အာမခံပါတယ်။ Tequila ၊ Tonic Water နဲ့ သံပုရာသီး ၃ မျိုးရှိရုံနဲ့ အလွယ်တကူ ပြင်ဆင်ဖျော်စပ်နိုင်မှာဖြစ်ပါတယ်။ ချိုမြိန်မှုနဲ့ အနည်းငယ်ခါးသပ်သပ်အရသာတို့ ပေါင်းစပ်ထားတဲ့ ပြီးပြည့်စုံတဲ့ ကော့လ်တေး တစ်ခွက် ဖြစ်ပါတယ်။

Featured Photo : Resource Center – KegWorks