လူတစ်ကိုယ်အကြိုက်တစ်မျိုးဆိုတဲ့ သဘောပါပဲ။ သီချင်းနားထောင်သူတိုင်း ကိုယ်စွဲလမ်းတဲ့ ဂီတအမျိုးအစားတစ်ခုစီတော့ ရှိကြတတ်ပါတယ်။ ဂီတအကြောင်းပြောမယ်ဆိုရင် တစ်ဦးချင်းအဆိုတော်တွေရော အဖွဲ့လိုက်အဆိုတော် Bands တွေအကြောင်းပါ ပြောစရာတွေ ရှိပါတယ်။ အဖွဲ့လိုက် Bands တွေဟာလည်း တစ်ဦးချင်းအဆိုတော်တွေလိုပါပဲ။ မျိုးဆက်တွေကို ပုံဖော်ကြပြီး ခေတ်တွေကို ဦးဆောင်ခဲ့ကြပါတယ်။ တချို့ Bands တွေဟာ တစ်ကမ္ဘာလုံးမှာ သန်းပေါင်းများစွာသော ပရိသတ်တွေ ရှိထားကြပါတယ်။ဒီလို ထိပ်တန်း Bands တွေထဲက အောင်မြင်မှုအရဆုံး အမျိုးသားအဖွဲ့လိုက်အဆိုတော်အဖွဲ့တချို့အကြောင်း မျှဝေပေးချင်ပါတယ်။
(၁) BTS

Photo: BBC
ကိုရီးယားပေါ့ပ်ဂီတအဖွဲ့တစ်ခုဖြစ်တဲ့ BTS အဖွဲ့ရဲ့ အောင်မြင်မှုကလည်း လန့်လောက်ပါတယ်။ ကိုရီးယားစကား နားမလည်တဲ့ နိုင်ငံတွေမှာပါ BTS fans သန်းပေါင်းများစွာ အားပေးနေတာကို ကြည့်ရင် သိနိုင်ပါတယ်။ BTS ဆိုတာ Bangtan Boys လို့လည်း လူသိများပြီး တောင်ကိုရီးယားလူငယ် ၇ ဦးနဲ့ ၂၀၁၃ ခုနှစ်က ဖွဲ့စည်းခဲ့တာပါ။
(၂) One Direction

Photo: Pinterest
1D လို့ အတိုကောက်ခေါ်လေ့ရှိကြတဲ့ ဒီ Band ကို လန်ဒန်မှာ လွန်ခဲ့တဲ့ ၁၀ နှစ်က ဖွဲ့စည်းတည်ထောင်ခဲ့တာပါ။ အင်္ဂလိပ်အိုင်ရစ် ပေါ့ပါအမျိုးသားအဖွဲ့မှာ ဟယ်ရီစတိုင်းစ် ၊ လီယမ်ပေးနီး ၊ နီအောဟိုရန်နဲ့ လူးဝစ္စတွမ်လီဆန်တို့ပဲ ကျန်ခဲ့ပြီး ဇန်းမာလစ်က ၂၀၁၅ ခုနှစ်မှာ အဖွဲ့ထဲက ခွဲထွက်ခဲ့ပါတယ်။ One Direction အဖွဲ့ကနေ Up All Night (2011) , Take Me Home (2012) , Midnight Memories (2013) , Four (2014) နဲ့ Made in the A..M(2015) စတဲ့ အယ်လ်ဘမ် ၅ ချပ် ထွက်ခဲ့ပြီး အဖွဲ့သက်တမ်း ၉ နှစ်အတွင်းမှာ စုစုပေါင်း ချပ်ရေသန်း ၅၀ ကျော် ရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
(၃) Westlife

Photo: uDiscover Music
၂၀၀၀ ပြည့်လွန်နှစ်တွေက အကြီးမားဆုံး အမျိုးသားအဆိုတော်အဖွဲ့တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီအဖွဲ့ဟာ နောက်ပိုင်း ဖြစ်တည်လာမယ့် အမျိုးသားအဆိုတော်အဖွဲ့တွေရဲ့ လမ်းပြဖြစ်ခဲ့ပါတယ်။ Westlife ဟာ အိုင်းရစ်အမျိုးသားအဆိုတော် အဖွဲ့ဖြစ်ပြီး ၂၀၁၂ မှာ အဖွဲ့ကွဲရာကနေ ၂၀၁၈ မှာ ပြန်ပေါင်းထုပ်ခဲ့ပါတယ်။
(၄) The Jackson 5

Photo: PRI
The Jackson 5 မရှိရင် မိုက်ကယ်ဂျက်ဆင်ဆိုတာ ရှိလာမှာ မဟုတ်ပါဘူး။ ဂျက်ဆင်မိသားစုဝင်တွေနဲ့ စုဖွဲ့ထားတဲ့ အမေရိကန်ပေါ့ပ်အဖွဲ့ဖြစ်ပြီး မိုက်ကယ်ဂျက်ဆင်ညီအစ်ကိုတွေ ဖြစ်တဲ့ ဂျက်ကီ ၊ တီတိုး ၊ ဂျာမိန်း ၊ မာလွန်နဲ့ မိုက်ကယ်တို့နဲ့ ဖွဲ့စည်းထားတာပါ။ သူတို့အဖွဲ့ဟာ မယုံနိုင်လောက်အောင် အောင်မြင်ခဲ့သလို ဒီအဖွဲ့ကနေ ပေါ့ပ်ဂီတဘုရင်ကြီး မိုက်ကယ်ဂျက်ဆင်ကို မွေးထုတ်နိုင်ခဲ့ပါတယ်။
											
				
									
	
	
	
	
	
	