ကိုယ်လုံးကိုယ်ပေါက်လှချင်လို့ Gym ကစားတဲ့သူတွေ အများကြီး ရှိပါတယ်။ အမိုက်စားဘော်ဒီတစ်ခု ရဖို့ဆိုတာ ယောင်္ကျား မိန်းမအားလုံးရဲ့ အိပ်မက်တစ်ခုလည်း ဖြစ်ပါတယ်။ တကယ်တော့ ကြွက်သားထု တည်ဆောက်ဖို့ဆိုတာ သီတင်းပတ်တွေကနေ လနဲ့ချီ ကြာမြင့်နိုင်ပါတယ်။ ဒီတစ်ခါမှာ ဘော်ဒီတောင့်တောင့် ကြွက်သားမောက်မောက် ဖြစ်ချင်သူတွေအတွက် ထိရောက်မြန်ဆန်တဲ့နည်းလမ်းတစ်ချို့ကို မျှဝေသွားမှာ ဖြစ်ပါတယ်။

(၁) များများစားပေးပါ

Photo: Freepik

ဝိတ်ကျချင်ရင် ကယ်လိုရီပေါင်း ၃၅၀၀ ခန့် လောင်ကျွမ်းဖို့ လိုပါတယ်။ ကြွက်သားတက်ချင်ရင်တော့ ကယ်လိုရီ ၂၈၀၀ လောက် စားပေးဖို့ လိုမှာပါ။ အခြေခံအားဖြင့် ကြွက်သားတက်ချင်ရင် များများစားပေးဖို့ပါပဲ။ စားသမျှ အစားထဲမှာ ပရိုတိန်းပါဖို့ လိုပါတယ်။ ပရိုတိန်းဟာ ကြွက်သားတည်ဆောက်ဖို့အတွက် အရေးကြီးတဲ့ ပါဝင်ပစ္စည်းဖြစ်ပါတယ်။ ယေဘုယျအားဖြင့် လူတစ်ယောက်ဟာ အလေးချိန် တစ်ကီလိုဂရမ်မှာ ပရိုတိန်း ၀.၈ ဂရမ်ကနေ ၁ ဂရမ်အနည်းဆုံး စားပေးရမှာပါ။ ပရိုတိန်းအတွက် ကြက်ဥများ ၊ နို့ထွက်ပစ္စည်းများ ၊ အသား ၊ ပဲအမျိုးမျိုးနဲ့ အစေ့အဆံများ စားပေးသင့်ပါတယ်။

(၂) ဝိတ်ကို တိုးမ ပါ

Photo: Freepik

ကြွက်သားတွေက လေ့ကျင့်ယူရတဲ့ အမျိုး ဖြစ်ပါတယ်။ ကြွက်သား Group တွေကို တစ်ပြိုင်နက်တည်း လှုံ့ဆော်ပေးဖို့အတွက် Pullups လေ့ကျင့်ခန်း ၊ Deadlifts မခြင်း ၊ Weight Squats ကစားခြင်း နဲ့ Bench Presses လုပ်ပေးခြင်းတို့က အကောင်းဆုံး ဖြစ်ပါတယ်။

(၃) ရေလုံလောက်အောင် သောက်ပါ

Photo: Freepik

အားကစားလုပ်ချိန်မှာ ရေသောက်ခြင်းဟာ အလွန်ပဲ ထိရောက်မှုရှိပါတယ်။ ရေဝအောင် သောက်သုံးခြင်းအားဖြင့် ရေဓါတ်ပြည့်တင်းမှုကြောင့် ကြွက်သားပြန်လည်သန်စွမ်းရာမှာ မြန်ဆန်ထိရောက်စေနိုင်မှာ ဖြစ်ပါတယ်။

(၄) ကာဗွန်ဟိုက်ဒရိတ် စားပါ

Photo: Freepik

အားကစားလုပ်ပြီးနောက် ကာဗွန်ဟိုက်ဒရိတ်စားပေးခြင်းဟာ ကြွက်သားတည်ဆောက်မှုမှာ အရေးကြီးပါတယ်။ ကြွက်သားထု ကြီးလာချင်သူဟာ ကာဗွန်ဟိုက်ဒရိတ်ကို စည်းစနစ်နဲ့ စားပေးသင့်ပါတယ်။ ကာဗွန်ဟိုက်ဒရိတ်ကို စားဖို့ အကောင်းဆုံးအချိန်ဟာ အားကစားလုပ်ပြီးချိန် ဖြစ်သင့်ပါတယ်။ Post-Workout ချိန်မှာ Carbs စားာပေးခြင်းအားဖြင့် ကိုယ်ခန္ဓာကြွက်သားကြီးထွားရေးအတွက် လိုအပ်တာထက် အဆီတွေ မစားမိအောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

(၅) ကောင်းကောင်း အနားယူပါ

Photo: Freepik

ကြွက်သားဖွံ့ဖြိုးဖို့ဆိုတာ သန်စွမ်းကျန်းမာဖို့အတွက်လည်း လိုအပ်ပါတယ်။ ခန္ဓာကိုယ်ကို များများ အနားပေးလိုက်ခြင်းအားဖြင့် ကြွက်သားသစ်တွေ ဖန်တီးအောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ အိပ်စက်ချိန်မှာ ခန္ဓာကိုယ်ဟာ ကြွက်သားသန်စွမ်းမှုကို မြင့်မားစေမယ့် ဟော်မုန်းတွေ ထုတ်ပေးနိုင်လို့ ဖြစ်ပါတယ်။