၂၀၀၀ ပြည့်နှစ်များသည် တေးဂီတ အမျိုးအစားသစ်များ အပြိုင်အဆိုင် ချဉ်းနင်းဝင်ရောက်ခဲ့တဲ့ နှစ်တစ်ခုဆိုလည်း မမှားပါ။ ထိုအချိန်တုန်းက ဆယ်ကျော်သက် ယောကျာ်းတွေလည်း အခုချိန်လောက်ဆို ခံစားချက်များ ရင့်ကျက်နေပြီဖြစ်တဲ့ လူလတ်ပိုင်းအမျိုးသားအရွယ်သို့ ရောက်ရှိကုန်ကြလောက်ပါပြီ။
ထိုအချိန်တုန်းက ဆယ်ကျော်သက်လူငယ်တွေနဲ့ နှုတ်ဖျားထက်မှာ Westlife ၊ Green Day တို့ရဲ့သီချင်းတွေက ရေပန်းစားလူကြိုက်များပါတယ်။ တခြားဘယ်အဆိုတော်တွေရဲ့ သီချင်းတွေကရော ၂၀၀၀ ပြည့်နှစ်တွေတုန်းက နာမည်ကြီးခဲ့သလဲဆိုတာကို သင် သိပါသလား။
Westlife
ဒီအဖွဲ့ကတော့ ၁၉၉၉ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၂၀၀၃ ခုနှစ်မှာတော့ လူကြိုက်များမှု အထွဋ်အထိပ်ကို ရောက်ရှိခဲ့ပါတယ်။
Source: Westlife
Justin Timberlake
ပေါ့ပ်သီချင်းများကို နှစ်သက်သူတွေကတော့ Justin Timberlake ကို နှစ်သက်ကြပါတယ်။ သူကတော့ ၂၀၀၂ ခုနှစ်မှာ နာမည်ကြီးလာခဲ့ပြီး ယနေ့ထိတိုင် လူကြိုက်များနေဆဲပါပဲ။
Source: Justin Timberlake
Green Day
Punk Rock သီချင်းများကို ကြိုက်နှစ်သက်သူတွေရဲ့ရင်ထဲမှာတော့ Green Day က နံပါတ် (၁) ပါပဲ။
Source: Green Day
Jason Marz
Source: Jason Marz
Michael Jackson
ပေါ့ပ်ဘုရင်တစ်ပါးလို့ တင်စားခံရသူကတော့ Michael Jackson ပဲဖြစ်ပါတယ်။
Source: Michael Jackson
Brad Paisley
Brad Paisley သည် ဂီတာတီးခြင်းကို အသက် ၈ နှစ်အရွယ်ကတည်းက သင်ယူခဲ့တာဖြစ်ပြီး အသက် ၁၂ နှစ်အရွယ်မှာ သူ့ရဲ့ပထမဦးဆုံးသီချင်းကို ရေးစပ်နိုင်နေပါပြီ။
Source: BRADPAISLEY
Eminem
Eminem သည်လည်း အခုမှ ကျော်ကြားလာတဲ့အဆိုတော်မဟုတ်ပါဘူး။ ၂၀၀၀ ပြည့်နှစ်ကတည်းက နာမည်ကြီးနေတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။
Source: EminemMusic
Kanye West
Kanye သည်လည်း ဘယ်လောက်တောင် နာမည်ကြီးသလဲဆိုရင် သူ့ရဲ့ပထမဦးဆုံး Solo အယ်လ်ဘမ်သည် အချပ်ရေ ၆ သန်းကျော်ခန့် ရောင်းချခဲ့ရပါတယ်။
Source: Kanye West
The Killers
ဒီရော့ခ်ဂီတအဖွဲ့ကိုတော့ ၂၀၀၂ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ လူကြိုက်များလာခဲ့ပါတယ်။
Source: TheKillersMusic
Ricky Martin
Ricky Martin ကတော့ ၁၉၉၀ ခုနှစ်ကတည်းက နာမည်ကြီးနေတဲ့ Solo အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့အနုပညာအစပြုကတည်းက သူ့သီချင်းခွေတွေသည် အချပ်ရေ သန်း ၄၀ ခန့် ရောင်းချခဲ့ရပါတယ်။
Source: Ricky Martin