ဘောလုံးအသင်းတစ်သင်းမှာ အကောင်းဆုံးတိုက်စစ်မှူးတွေအကြောင်း တခမ်းတနားပြောကြပေမယ့် Goalkeeper လို့ခေါ်တဲ့ ဂိုးဖမ်းသူရဲ့ အစွမ်းအစကို မေ့လျော့ကြတာ များပါတယ်။ ၂၄ ပေအရှည် ၈ ပေအမြင့် ဂိုးတန်းကို အချိန်ပြည့်ကာကွယ်ပေးနေရတဲ့ ဂိုးသမားတစ်ယောက်ဟာ အသင်းဂိုးမပေးရရေးအတွက် လျင်မြန်မှု ၊ ဆုံးဖြတ်ချိန်ဆနိုင်စွမ်းနဲ့ အလေ့အကျင့်စွမ်းရည်အားလုံးကို တစ်စက္ကန့်ရဲ့ အစိတ်အပိုင်းလေးအတွင်းမှာ အသုံးချနေရတာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ဘောလုံးအသင်း ထောင်နဲ့သောင်းနဲ့ချီ ရှိသလို ဂိုးသမားဦးရေဟာလည်း သောင်းချီသိန်းချီ ရှိကြပါတယ်။ ဒီအထဲကမှ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ ဂိုးသမားတွေအကြောင်း မျှဝေပေးချင်ပါတယ်။

(၅) အိုလီဗာခန်း – ဂျာမနီ

oliver-kahn

Photo: sportsshow

ဂျာမန်ဂိုးသမားကြီး အိုလီဗာခန်းဟာ အသက် ၆ နှစ်အရွယ် ၁၉၇၅ ခုနှစ်ကစပြီး Karlsruher SC Junior အသင်းမှာ ပါဝင်ခဲ့ပြီး ဘောလုံးသမားဘဝကို စတင်ခဲ့တာပါ။ Karlsruher SC ဟာ သူ့ဖခင် ရော့ဖ် ကစားတဲ့အသင်းလည်း ဖြစ်ပါတယ်။ ၁၉၉၄-၉၅ ရာသီမှာ နာမည်ကျော် ဘိုင်ယန်မြူးနစ် အသင်းမှာ ရောက်ခဲ့ပြီး ၂၀၀၈ မှာ အားကစားသမားဘဝကနေ အနားယူတဲ့အထိ ကစားသွားခဲ့တာပါ။

ဘွန်ဒက်စ်လီဂါဖလား ၈ လုံး ၊ DFB-Pokals ၆ ခု ၊ ၁၉၉၆ UEFA ဖလားနဲ့ ၂၀၀၁ UEFA ချန်ပီယံလိဂ်ဖလားတွေအပြင် ဘိုင်ယန်အသင်းနဲ့အတူ UEFA အင်တာကွန်တီနင်တယ်ဖလားရအောင် စွမ်းဆောင်ခဲ့တဲ့ ဂိုးသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ဂျာမန်အားကစားသမားတွေထဲမှာ အအောင်မြင်ဆုံးနဲ့ အတော်ဆုံး လက်အိတ်ပိုင်ရှင်အဖြစ် သတ်မှတ်ခံထားရတဲ့အပြင် IFFHS ရဲ့ ကမ္ဘာ့အကောင်းဆုံးဂိုးသမားဆု ၃ ကြိမ်နဲ့ ဂျာမန်တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆု ၂ ကြိမ် ရခဲ့သူလည်း ဖြစ်ပါတယ်။ အခုတော့ ဘိုင်ယန်မြူးနစ်မှာ အမှုဆောင်အရာရှိချုပ် ဖြစ်နေပါပြီ။

(၄) ပီတာရှမိုက်ကယ် – ဒိန်းမတ်

peter-schmeichel

Photo: sportsshow

ဒိန်းမတ်အသင်းရဲ့ ဂိုးသမားဟောင်း ပီတာရှမိုက်ကယ်ကိုလည်း အအောင်မြင်ဆုံးဂိုးသမားတစ်ဦးအဖြစ် ညွှန်းဆိုကြပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကစားစဉ်က ၁၉၉၉ UEFA ချန်ပီယံလိဂ်ဖိုင်နယ်ကို အနိုင်နဲ့ ဖြတ်သန်းနိုင်ခဲ့ပါတယ်။ သူ့ခေတ်က အားကစားလောကမှာ အရပ်အရှည်ဆုံးအားကစားသမားစာရင်းဝင်ခဲ့တဲ့ ပီတာရှမိုက်ကယ်ဟာ ဒိန်းမတ်အသင်းနဲ့အတူ UEFA Euro 92 ဖလားကို အနိုင်ရခဲ့ပါတယ်။

နိုင်ငံအသင်းနဲ့အတူ ၁၉၈၇ ကနေ ၂၀၀၁ ခုနှစ်အတွင်း ၁၂၉ ပွဲကစားပေးခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ IFFHS ရဲ့ အကောင်းဆုံးဂိုးသမားအဖြင် ၁၉၉၂ နဲ့ ၁၉၉၃ ခုနှစ်တွေမှာ သတ်မှတ်ခံရသလို ပရီမီးယားလိဂ်သမိုင်းမှာ အကြီးကျယ်ဆုံးဂိုးသမားအဖြစ်ပါ ဖော်ပြခံရပါတယ်။ ယူနိုက်တက်အသင်းနဲ့အတူ FA ပရီးမီးယားလိဂ်ချန်ပီယံ ၊ FA ဖလား နဲ့ ချန်ပီယံလိဂ်ဖလားတွေ ဆွတ်ခူးခဲ့တဲ့ ဂိုးသမားတစ်ဦးလည်း ဖြစ်ပါတယ်။

(၃) အီကာ ကာဆီးလက်စ် – စပိန်

iker-casillas

Photo: sportsshow

စပိန်ဂိုးသမား ကာဆီးလက်စ်ဟာ အရေးကြီးဂိုးတွေကို ကာကွယ်ပုတ်ထုတ်နိုင်လို့ San Iker (စိန့်အီကာ) လို့ နာမည်ပြောင်ပေးခံရသူလည်း ဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်နဲ့ ကာလရှည်ကစားခဲ့စဉ်က ပရော်ဖက်ရှင်နယ်ပွဲပေါင်း ၁၀၀၀ ကျော် ကစားခဲ့တဲ့ မှတ်တမ်းရှိပါတယ်။ ကာဆီးလက်စ် အားကစားလောကကနေ နားသွားချိန်မှာ သမိုင်းရဲ့ အကြီးကျယ်ဆုံး ဂိူးသမားအဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။

နိုင်ငံအသင်းအနေနဲ့ သူ့ရဲ့ ပထမဆုံးကမ္ဘာ့ဖလားအောင်ပွဲက ၂၀၁၀ ကမ္ဘာ့ဖလားပွဲဖြစ်ပြီး ၂၀၁၀ ကမ္ဘာ့ဖလားရဲ့ အကောင်းဆုံးဂိုးသမားအဖြစ် Yashin Award ချီးမြှင့်ခံရသလို ၂၀၁၂ ခုနှစ် ဥရောပချန်ပီယံအဖြစ် စပိန်အသင်းရချိန်ကလည်း သူဟာ အရေးကြီးတဲ့ကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့တာပါ။ ထူးခြားတဲ့စံချိန်က ၅၀၉ မိနစ်ဆက် ဂိုးမပေးရတဲ့ ဂိုးမပေးရတဲ့ကြာချိန် အများဆုံး ဂိုးသမားဖြစ်ခဲ့ပါတယ်။

(၂) လက်ဗ် ယာရှင် – ဆိုဗီယက်ယူနီယံ

lev-yashin

Photo: sportsshow

သူ့ကို ပင့်ကူနက် (ကျားသစ်နက်) စတဲ့ နာမည်ပြောင်တွေနဲ့ ခေါ်ခဲ့ကြပါတယ်။ သမိုင်းမှာ အထူးချွန်ဆုံး ဂိုးသမားတစ်ဦးအဖြစ် သတ်မှတ်ခံရသလို ဂိုးသမားတွေထဲမှာ အရပ်အမြင့်ဆုံး ဂိုးသမားတစ်ဦးလည်း ဖြစ်ပါတယ်။ စည်းကမ်းချိုးဖောက်မှုမရှိတာကြောင့် အသန့်ရှင်းဆုံးဆုစံချိန်တင်ပုဂ္ဂိုလ်ဖြစ်သလို ၁၉၅၆ နဲ့ ၁၉၆၀ အိုလံပစ်ဘောလုံးပြိုင်ပွဲမှာလည်း ရွှေတံဆိပ်တွေ ရခဲ့ပတယ်။ ၁၉၆၃ မှာ ဘလွန်းဒီအောဆုရခဲ့တာကြောင့် ဂိုးသမားတစ်ယောက်အနေနဲ့ တစ်ဦးတည်းသော ဘလွန်းဒီအောဆုရှင်လို့ ပြောရမှာ ဖြစ်ပါတယ်။

၁၉၅၈ ကနေ ၁၉၇၀ အကြား ကမ္ဘာ့ဖလား ၄ ကြိမ် ကစားခဲ့သလို ၂၀၀၂ FIFA World Cup Dream Team အတွက်လည်း အရွေးခံခဲ့ရပါတယ်။ ၁၉၉၄ ကမ္ဘာ့ဖလားအတွင်းမှာ FIFA ခေတ်အဆက်ဆက် အကောင်းဆုံးအသင်းမှာ ထည့်သွင်းဖော်ပြခံရသလို ၂၀ ရာစု ကမ္ဘာ့ဘောလုံးအသင်းဝင်အဖြစ်ပါ ၁၉၉၈ မှာ သတ်မှတ်ခံခဲ့ရပါတယ်။ ပင်နယ်တီဂိုးအများဆုံး ဖမ်းနိုင်သူအဖြစ်လည်း FIFA က သူ့ကို ဖော်ပြထားပါတယ်။

(၁) ဂီယန်လိုင်ဂီ ဘူဖွန် _ အီတလီ

gianluigi-buffon

Photo: sportsshow

အီတလီဘောလုံးသမား ဘူဖွန်ကို ၁၉၇၈ ဇန်နဝါရီ ၂၈ မှာ မွေးပါတယ်။ Series B အသင်းတစ်သင်းဖြစ်တဲ့ ပါးမားမှာ ဂိုးသမားအဖြစ် ကစားခဲ့ပါတယ်။ သူဟာ လစာအမြင့်ဆုံးအားကစားသမားတွေထဲက တစ်ဦးအဖြစ်လည်း မှတ်တမ်းဝင်ပါတယ်။ ကစားသမားဘဝ ပွဲပေါင်း ၁၁၀၀ ကျော် ကစားခဲ့ပြီး ၂၀၁၅-၂၀၁၆ မတ်လကနေ နိုဝင်ဘာအထိ ၉၇၄ မိနစ်ဆက်တိုက် ဂိုးမပေးရတဲ့စံချိန်တင်ခဲ့သူလည်း ဖြစ်ပါတယ်။

အီတလီအသင်းနဲ့ ပွဲပေါင်း ၁၇၆ ပွဲကစားခဲ့ပြီး ကမ္ဘာ့ဘောလုံးလောကမှာ နိုင်ငံအသင်းနဲ့ အများဆုံးကစားခဲ့တဲ့ သတ္တမမြောက်ကစားသမား ဖြစ်ခဲ့ပါတယ်။ ဥရောပချန်ပီယံရှစ်လေးပွဲ နဲ့ ဖီဖာကွန်ဖက်ဒရေးရှင်းဖလား ၂ ပွဲ ကစားပြီးနောက် ၂၀၁၃ ဖီဖာဖက်ဒရေးရှင်းဖလားမှာ ကြေးတံဆိပ်ရခဲ့ပါတယ်။ ၂၀၀၆ ကမ္ဘာ့ဖလားမှာ အသန့်ရှင်းဆုံးကစားသမားဆု ၅ ကြိမ် ရခဲ့ပြီး ၂၀၀၈ မှာ Yashin Award ချီးမြှင့်ခံရပါတယ်။ ဥရောပချန်ပီယံရှစ် ၂၀၀၈ နဲ့ ၂၀၁၂ ကွာတားဖိုင်နယ်တွေ ရောက်ခဲ့တာကြောင့် ဘူဖွန်ဟာ UEFA ကနေ ဆုတွေလည်း ရခဲ့ပါတယ်။

Featured Photo: Colossus Bets