အားကစား ပြုလုပ်ခြင်းသည် အရပ်ရှည်အောင် ကူညီပေးနိုင်တယ်လို့ စာတွေထဲမှာ သင် ဖတ်ဖူးပါလိမ့်မယ်။ တကယ်တမ်းတော့ အရပ်ရှည်အောင် ကူညီပေးနိုင်တဲ့ အားကစားများလည်းရှိသလို အရပ်မရှည်ဖို့ တားဆီးပိတ်ပင်နေတဲ့ အားကစားတချို့လည်း ရှိပါတယ်။

အရပ်ရှည်ဖို့အတွက်ဆိုရင် ဘယ်လိုအားကစားတွေကို များများ ပြုလုပ်သင့်သလဲ။ ဘယ်လိုအားကစားတွေကို ရှောင်ကြဉ်သင့်သလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်။

ဘက်စကပ်ဘော

best sports for men to make taller

ပြေးလွှားပြီး ခုန်ပေါက်ကာ ကစားရတဲ့ ဘက်စကပ်ဘောအားကစားသည် အရိုးများ သန်မာဖို့နဲ့ လက်တွေ ခြေတွေ ရှည်ထွက်လာဖို့ လိုအပ်တဲ့ အာဟာရဓာတ်နှင့် အောက်ဆီဂျင်ပမာဏများကို ခန္ဓာကိုယ်ဆီသို့ရောက်ရှိအောင် ကူညီပေးပါတယ်။

ဘောလုံး

best sports for men to make taller

ဘက်စကပ်ဘောလိုပဲ ဘောလုံးကစားခြင်းသည်လည်း ခြေတံလက်တံများရှည်လာအောင် ကူညီပေးပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်မှာ ဘောလုံးကစားခြင်းက ပိုပြီးထိရောက်မှုရှိပါတယ်။ တကယ်လို့ သင့်အနေနဲ့ အသက် ၂၀၊ ၃၀ ကျော်လာလို့လည်း စိတ်မညစ်ပါနဲ့။ သိပ္ပံပညာရှင်များရဲ့ လေ့လာချက်အရ အရိုးတစ်သျှူးများသည် အသက်အရွယ်အပိုင်းအခြားအလိုက် အသစ်ထပ်မံပေါ်ပေါက်လာတဲ့အတွက်ကြောင့် နောက်ကျသွားတယ်ဆိုတာ မရှိပါဘူး။

ရေကူးခြင်း

best sports for men to make taller

အကြောများများဆန့်လေ အရိုးများ ရှည်ထွက်လာလေပါပဲ။ ရေကူးခြင်းသည်လည်း အရိုးအဆစ်များ ရှည်ထွက်လာအောင် ကူညီပေးပါတယ်။ အလွတ်ကူးနည်း၊ လိပ်ပြာကူးနည်း၊ ဖားကူးနည်း၊ ပက်လက်ကူးနည်း စတဲ့ ရေကူးနည်းများသည်လည်း အရပ်မြန်မြန်ရှည်လာစေပါတယ်။

ဂေါ့ဖ်ရိုက်ခြင်း

best sports for men to make taller

သင့်အရိုးအဆစ်များ သန်မာပြီး ရှည်လျားလာဖို့အတွက် ဗီတာမင်ဒီသည် မရှိမဖြစ်လိုအပ်ပါတယ်။ ဂေါ့ဖ်ရိုက်ခြင်းသည် အခြားသော အားကစားတွေလိုမျိုး သင့်ကို ချွေးအရမ်းထွက်စေပြီး ပင်ပန်းစေမှာမဟုတ်ပါဘူး။ ဂေါ့ဖ်ရိုက်တဲ့အခါ အရေးအကြီးဆုံးကတော့ ကိုယ်နေဟန်ထား မှန်ကန်ဖို့ပါပဲ။

စက်ဘီးစီးခြင်း

best sports for men to make taller

စက်ဘီးနင်းတဲ့အခါ သင့်ရဲ့ခြေထောက်ကို ဆန့်ထုတ်ရပြီး သင့်ရဲ့လက်တွေကလည်း လက်ကိုင်ကို ကိုင်ထားရတာဖြစ်တဲ့အတွက်ကြောင့် အရိုးများ မရှည်ထွက်လာမှာ ပူစရာမလိုပါဘူး။ တစ်နေ့လျှင် မိနစ် ၂၀ ကနေ ၆၀ အထိ စက်ဘီးစီးပေးရင်ပဲ တော်တော်ထိရောက်မှုရှိပါတယ်။

အထက်ဖော်ပြပါ အားကစားတွေအပြင် တောင်တက်အားကစား၊ တင်းနစ်အားကစား၊ ယောဂ၊ ရေလွှာလျှောစီး စတဲ့ အားကစားတွေသည်လည်း အရပ်ရှည်လာအောင် ကူညီပေးပါတယ်။ အရပ်ရှည်ချင်သူများအနေနဲ့ ရှောင်ကြဉ်သင့်တဲ့အားကစားများကတော့ နပန်းသတ်ခြင်း၊ တာရှည်ပြေးခြင်း၊ အလေးမခြင်း စတဲ့အားကစားများသည် သင့်ရဲ့အရိုးများ၊ အရွတ်များကို ဒဏ်ဖြစ်စေပြီး ကြီးထွားခြင်းကို နှောင့်နှေးစေပါတယ်။

Source: Getittall.com