ပြေးစက် Treadmill သုံးပြီး ကွီးတို့ ဝမ်းဗိုက်မှာရှိတဲ့ အဆီပိုတွေကို ဖြုတ်ချလို့ ရတယ်ဆိုတာ သိပါသလား ? Treadmill ပေါ်တက်ပြီး ပြေးလိုက်တာနဲ့ Running လုပ်သကဲ့သို့ Full-Body တစ်ခုလုံး ထိရောက်မှုရှိမှာ ဖြစ်ပေမယ့် ဗိုက်သီးသန့်ကွက်ပြီး အဆီချတဲ့ ကွီးတို့အတွက်ဆို ကစားလို့ရမယ့် Treadmill Workouts တွေ ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ ဘီယာဗိုက် ကိုအပြုတ်ဖြုတ်နိုင်ဖို့ ထိရောက်တဲ့ Treadmill Workouts တွေ ပြောပြပေးချင်ပါတယ်။

(၁) Steady-State Cardio

treadmill workouts

Photo : Verywell Fit

၃.၅ ကနေ ၄ mph ကြား အရှိန်ခပ်မြန်မြန် လမ်းလျှောက်ပါ သို့မဟုတ် ခပ်ရွရွပေးပါ။ အချိန်ကတော့ မိနစ် ၃၀ ကနေ ၆၀ မိနစ်ကြား ပြေးရမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းက လေ့ကျင့်ခန်း စလုပ်မယ့် Beginners တွေနဲ့ Long Break ယူပြီးမှ လေ့ကျင့်ခန်း ပြန်စလုပ်မယ့်သူတွေအတွက် သင့်လျော်ပါတယ်။ ဝမ်းဗိုက်မှာရှိတဲ့ အဆီပိုတွေကို ကျစေရုံသာမက Full-Body ကြွက်သားကျစ်လစ်မှုကို တိုးစေမှာ ဖြစ်ပါတယ်။

(၂) Incline Walking

treadmill workouts

Photo : Sole Fitness

Treadmill ကို ၈ – ၁၂ ရာခိုင်နှုန်းလောက် Incline ပုံစံ မြှင့်ထားပေးပါ။ mph နှုန်းကို ၃ ကနေ ၄ ကြား သတ်မှတ်ပြီး မိနစ် ၂၀ ကနေ ၄၀ မိနစ်အထိ လမ်းလျှောက်ပါ။ Incline ပုံ လျောဇောက် အနေအထားအပေါ်မှာ လမ်းလျှောက်ရတာဟာ ကယ်လိုရီလောင်ကျွမ်းမှုကို တိုးစေတဲ့အတွက် အဆီစုဝေးများတဲ့ ဝမ်းဗိုက်ဧရိယာတဝိုက်က ဘီယာဗိုက် ကို ထိထိရောက်ရောက် ဖြုတ်ချပေးနိုင်မှာ ဖြစ်ပါတယ်။

(၃) HIIT Workouts

treadmill workouts
Photo : Runner’s World

အချိန်တိုအတွင်း အပြင်းဆုံးအရှိန်နဲ့ ခပ်မြန်မြန် ကစားရမယ့် HIIT ကစားနည်းနဲ့လည်း ဘီယာဗိုက် ကို ဖြုတ်လို့ ရပါတယ်။ အချိန်အားဖြင့် စက္ကန့် ၃၀ ခန့် ၊ ၈ ကနေ ၁၀ mph နှုန်းနဲ့ ပြေးပြီး ၁ မိနစ်ခန့် ခပ်ဖြည်းဖြည်း လမ်းလျောက် လေ့ကျင့်ခန်းကို ထပ်လုပ်ရမှာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်း Cycle ကို မိနစ် ၂၀ ကနေ မိနစ် ၃၀ ကြား ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Source : Eat This Not That

Featured Photo : Garage Gym Reviews