Triceps ကြွက်သားတွေဆိုတာ ကျွန်တော်တို့ရဲ့ Upper ဘော်ဒီမှာ အရေးပါဆုံး ကြွက်သားအစိတ်အပိုင်းတွေထဲက တစ်ခုပါပဲ။ တောင့်တင်းသန်မာတဲ့ လက်မောင်းကြွက်သားတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် Triceps ကြွက်သားတွေကို အလေးထား ကစားပေးဖို့ လိုပါတယ်။ ဒီဆောင်းပါးလေးမှာတော့ Triceps ကြွက်သားတွေ အမှန်အကန် ဖုထစ်နေဖို့ ထိရောက်တဲ့ လေ့ကျင့်ခန်း အချို့ကို မျှဝေပေးချင်ပါတယ်။
(၁) Waiter’s Walk
Source : Strong Made Simple
Waiter’s Walk လေ့ကျင့်ခန်းက Triceps ကြွက်သားတွေကို အဓိကသန်မာစေတဲ့အပြင် လက်မောင်းကြွက်သား အားလုံးရဲ့တည်ငြိမ်မှုကိုလည်း တိုးစေပါတယ်။ Dumbbell ဒါမှမဟုတ် Kettlebell နဲ့ ကစားနိုင်ပါတယ်။
(၂) Band Triceps Pushdown
Source : Onnit Academy
ဒီလေ့ကျင့်ခန်း ကစားဖို့အတွက် Resistance-Band ကြိုးတစ်ချောင်း လိုပါတယ်။ Resistance-Band နဲ့ Triceps Pushdown ဆွဲရမှာပါ။ စက်တွေနဲ့ ကစားတဲ့နည်းတူ Triceps ကြွက်သားတွေကို ကျစ်လစ်သန်မာစေဖို့ ကူညီပေးနိုင်ပါတယ်။
(၃) Single Arm Dumbbell Tricep Kickback
Source : Functional Bodybuilding
Dumbbell ကို အသုံးပြုပြီး ကစားပေးရမှာ ဖြစ်ပါတယ်။ Tricep ကြွက်သားတွေကို ကျစ်လစ်သန်မာလာစေဖို့ ဒီလေ့ကျင့်ခန်းက အများကြီး ကူညီပေးနိုင်ပါတယ်။ လက်ကိုဘယ်ညာပြောင်းလဲပြီး ကစားပေးပါ။
(၄) Close-Grip Pushup
Source : Mike | J2FIT Strength & Conditioning
Close-Grip Pushup လေ့ကျင့်ခန်းက Tricep ကြွက်သားတွေနဲ့ ရင်အုပ်ကြွက်သားတွေကို ထိရောက်မှုရှိစေတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ပခုံးအကျယ်ထက် လက်ကိုပိုကျဉ်းပြီး တံတောင်ဆစ်တွေကို ခန္ဓာကိုယ်နဲ့ ကပ်ကာ ဒိုက်ထိုးပေးရမှာပါ။
(၅) Dip
Photo : Mens Journal
Dip လေ့ကျင့်ခန်းက ရိုးရှင်းပေမယ့် Tricep ကြွက်သားတွေကို အမှန်အကန် ထိရောက်မှုရှိစေပါတယ်။ ဒါ့အပြင် ရင်အုပ်ကြွက်သား ၊ ပခုံးနဲ့ နောက်ကျောကြွက်သားတွေကိုလည်း ထိရောက်မှုရှိစေတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။
Featured Photo : Healthkart