ယောကျာ်းပီသပြီး တောင့်တောင့်ဖြောင့်ဖြောင့် ဘော်ဒီမျိုး လိုချင်တယ်ဆိုရင် လက်မောင်း Tricep ကြွက်သား တွေကို ကစားဖို့ မေ့မထားသင့်ပါဘူး။ Tricep ကြွက်သား တက်ဖို့ဆိုရင် အဓိကအားဖြင့် လက်မောင်းအပေါ်ပိုင်းကြွက်သားတွေကို ပစ်မှတ်ထားတဲ့ လေ့ကျင့်ခန်း တွေကို ဦးစားပေး ကစားပေးရမှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ နေရာမရွေး ကိရိယာလွတ် ကစားနိုင်မယ့် Triceps လေ့ကျင့်ခန်း ၄ ခုကို ပြောပြပေးပါမယ်။

(၁) Diamond Pushup

Photo : Men’s Journal

ဒိုက်ထိုး လေ့ကျင့်ခန်းကတော့ ကွီးတို့အားလုံးနဲ့ ရင်းနှီးပြီးသား ဖြစ်မယ်ထင်ပါတယ်။ Diamond Pushup ကတော့ မတူညီတဲ့ ဒိုက်ထိုးနည်း ပုံစံကွဲတစ်ခုပါ။ လက်ကို ရင်ဘက်အောက် စုပြီး ထိုးရတဲ့ ပုံစံဖြစ်ပါတယ်။ Triceps ကြွက်သား တွေကို အဓိက တွန်းပြီး ကစားရတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ၁၀ ကြိမ် ၃ ခေါက် ပြုလုပ်ပေးပါ။

(၂) Triceps Dip

Photo : Men’s Journal

Triceps ကြွက်သားကို ထိတဲ့ အရိုးရှင်းနဲ့ အကောင်းဆုံး လေ့ကျင့်ခန်းကတော့ Triceps Dip ပါပဲ။ ဘားတန်း ဒါမှမဟုတ် Gym Bench နဲ့ ထိုင်ခုံတစ်လုံး ရှိရုံနဲ့တင် ကစားလို့ရတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဘားတန်း ၊ Gym Bench နဲ့ ထိုင်ခုံပေါ်မှာ လက်နောက်ပြန်ထောက်ပြီး လက်မောင်းကို ကွေးကာ ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း အတင်အချပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ၁၀ ကြိမ် ၃ ခေါက် ပြုလုပ်ပေးပါ။

(၃) Crab Walk

Photo : Men’s Journal

Crab Walk ကတော့ ပုံမှာမြင်ရတဲ့အတိုင်း ဂဏန်းတွားသွားသလို ပြုလုပ်ရတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို ပက်လက်အနေအထားနဲ့ လမ်းလျှောက်ရမှာ ဖြစ်ပါတယ်။ ခြေလှမ်း ၁၀ လှမ်းခန့်လောက် သွားပြီးတာနဲ့ မူလနေရာသို့ ပြန်သွားပေးပါ။ မြန်ဖို့မလိုပါဘူး ဖြည်းဖြည်းနဲ့မှန်မှန်ပဲ ပြုလုပ်ပေးပါ။ ဒီနည်းအတိုင်း ၃ – ၅ ခေါက်ခန့် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

(၄) Monkey Bars

Photo : Men’s Journal

Monkey Bars ကတော့ ပန်းခြံတွေမှာရှိတဲ့ ဘားတန်းတွေနဲ့ အလွယ်ကူဆုံး ကစားလို့ရပါတယ်။ ဘားတန်း တစ်ခုကနေ တစ်ခုစီ လက်လွဲပြီး ကူးသွားရမှာ ဖြစ်ပါတယ်။ ကလေးဘဝက ကစားခဲ့တဲ့ ဘားတန်း ခိုကူးနည်း အတိုင်းပါပဲ။ Triceps ကြွက်သား တွေအတွက် တကယ့်ကို ထိရောက်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ဘားတန်း အစအဆုံး အသွားအပြန် ၄ ခေါက်လောက် ပြုလုပ်ပေးပါ။

Featured Photo : Men’s Journal