UFC နှင့် MMA ဖိုက်တာ အားကစားသမားများသည် သူတို့နှစ်သက်တဲ့ အားကစားကို လေ့ကျင့်ကြရင်း အားကစားဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေကြတာဖြစ်ပါတယ်။ သို့သော် UFC နှင့် MMA ဖိုက်တာ ဖြစ်ရတာက လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။ ခံနိုင်ရည်ရှိခြင်း၊ စွန့်စားရခြင်းတို့ကို ပြုလုပ်ကြရပါတယ်။ ထိုအားကစားသမားများသည် ပြိုင်ပွဲတစ်ခု ယှဉ်ပြိုင်ကြတဲ့အခါ သူတို့ရဲ့အသက်ကို လောင်းကြေးထပ်ကာ ယှဉ်ပြိုင်ကြရတာ ဖြစ်ပါတယ်။ အန္တရာယ်များတဲ့ ကစားကွက်များအတွက် နည်းဗျူဟာအသစ်များ အမြဲတစေဆိုသလို ဖန်တီးနေကြရတာပါ။
သို့သော် ထိုကဲ့သို့ ကြိုးစားအားထုတ်မှုရဲ့ နောက်ကွယ်မှာတော့ ထပ်တူညီတဲ့ရလာဒ်တစ်ခုက စောင့်ဆိုင်းနေပါတယ်။ UFC နှင့် MMA ဖိုက်တာ များရဲ့ ကြိုးစားမှု၊ သွေး ချွေးတို့အပေါ် မူတည်ပြီး သူတို့ ရရှိတဲ့ ငွေပမာဏ၊ စပွန်ဆာများ၊ ကြော်ငြာများသည်လည်း အလိုလို မြင့်တက်သွားတာပဲဖြစ်ပါတယ်။
ယခုနှစ်အတွင်းမှာ ကျော်ကြားနေတဲ့ ကမ္ဘာ့ ကြေးအမြင့်ဆုံး UFC နှင့် MMA ဖိုက်တာ အားကစားသမားတွေက ဘယ်သူတွေဖြစ်မလဲ။
Donald Cerrone

Photo: Bloody Elbow
ကမ္ဘာ့ကြေးအမြင့်ဆုံး နံပါတ် ၁၀ နေရာမှာ ရပ်တည်နေသူကတော့ အသက် ၃၉ နှစ်ရှီပြီဖြစ်ပြီး ကစားရာမှာလည်း ကျွမ်းကျင်တဲ့ Donald Cerrone ဖြစ်ပါတယ်။ သူ့ရဲ့ စုစုပေါင်းဝင်ငွေကတော့ ဒေါ်လာ ၇,၀၂၅,၀၀၀ ဖြစ်ပါတယ်။
Jon Jones

Photo: MMA Fighting
သူသည် ၂၀၂၀ ခုနှစ်က Light Heavywegight Championchip ပြိုင်ပွဲတွင် Dominick Reyes ကို ယှဉ်ပြိုင်အနိုင်ယူခဲ့ပြီးနောက်မှာ နာမည်ကြီးလာတာဖြစ်ပါတယ်။ သူ့ရဲ့ ပျမ်းမျှဝင်ငွေကတော့ စုစုပေါင်း ဒေါ်လာ ၇,၂၃၀,၀၀၀ ဖြစ်ပါတယ်။
George St-Pierre

Photo: Evolve MMA
သူ့ရဲ့ ပျမ်းမျှဝင်ငွေကတော့ ယခုဆိုရင် ဒေါ်လာ ၇,၀၃၇,၀၀၀ ဖြစ်ပါတယ်။ သူသည် Octagon သို့ ၂၀၀၂ ခုနှစ်ကတည်းက ဝင်ရောက်ခဲ့တာဖြစ်ပေမယ့် ထိုအချိန်က လုပ်ခလစာ အများကြီး မရခဲ့ပါဘူး။ သို့သော် ၂၀၁၇ မှာတော့ Michael Bisping ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက်မှာတော့ တဟုန်ထိုးနာမည်ကြီးလာကာ ဝင်ငွေလည်း မြင့်လာတာပဲ ဖြစ်ပါတယ်။
Junior dos Santos

Photo: MARCA
ကြေးအမြင့်ဆုံး နံပါတ် (၇) နေရာမှာ ရပ်တည်နေသူကတော့ Junior dos Santos ပဲဖြစ်ပါတယ်။ သူ့ရဲ့ပျမ်းမျှ ဝင်ငွေကတော့ ဒေါ်လာ ၇,၁၁၀,၀၀၀ ဖြစ်ပါတယ်။
Michael Bisping

Photo: The Sun
သူကတော့ နံပါတ် (၆) နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ သူ့ရဲ့ ဝင်ငွေကတော့ ဒေါ်လာ ၇ မီလီယံ ဝန်းကျင်ရှိပါတယ်။
Anderson Silva

Photo: Sporting News
နံပါတ် (၅) နေရာမှာ ရပ်တည်နေသူကတော့ Anderson Silva ဖြစ်ပါတယ်။ သူ့ရဲ့ ပျမ်းမျှဝင်ငွေကတော့ ဒေါ်လာ ၈ မီလီယံ ဝန်းကျင်ရှိပါတယ်။
Alistair Overeem

Photo: News18
သူ့ရဲ့ စုစုပေါင်းဝင်ငွေကတော့ ဒေါ်လာ ၁၀ မီလီယံ ဝန်းကျင်ရှိပါတယ်။ သူကတော့ နံပါတ် (၄) နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Andrei Arlovski

Photo: MMA Sucka
အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့ Andrei Arlovski ရဲ့ ပျမ်းမျှ ဝင်ငွေကတော့ စုစုပေါင်း ဒေါ်လာ ၁၀,၆၃၁,၀၀၀ ဖြစ်ပါတယ်။
Khabib Nurmagomedov

Photo: The Sporting Blog
ဒုတိယကြေးအမြင့်ဆုံး ဖိုက်တာကစားသမားကတော့ Khabib Nurmagomedov ဖြစ်ပါတယ်။ အသက် ၃၃ နှစ်ရှိပြီဖြစ်သော ကစားသမားရဲ့ ပျမ်းမျှဝင်ငွေကတော့ ဒေါ်လာ ၁၄,၇၇၀,၀၀၀ ဖြစ်ပါတယ်။
Conor McGregor

Photo: Sporting News
သူကတော့ UFC ရဲ့ အဖိုးတန်လေးလို့တောင် ပြောနိုင်ပါတယ်။ သူ ပုံမှန်ရရှိတဲ့ လုပ်ခလစာ ဒေါ်လာ ၂၀ မီလီယံအပြင် အခြားသော စပွန်ဆာများ၊ ဘောနပ်စ်များကြောင့် သူသည် ကမ္ဘာ့ကြေးအမြင့်ဆုံး ဖိုက်တာကစားသမားအဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။ သူ့ရဲ့ ပျမ်းမျှဝင်ငွေကတော့ စုစုပေါင်း ၂၅ မီလီယံကျော် ရရှိတာဖြစ်ပါတယ်။ အတိအကျဆိုရင်တော့ ဒေါ်လာ ၂၅,၁၀၄,၀၀၀ ဖြစ်ပါတယ်။
အခုဖော်ပြသွားတဲ့ အားကစားသမားတွေထဲက ကွီးတို့အကြိုက်ဆုံးနဲ့ သဘောအတွေ့ဆုံး ဖိုက်တာတွေက ဘယ်သူတွေဖြစ်မလဲ။
Source: Sportscasting
Featured Image: Evolve-mma
