Gym ဟာလူအများစု ကျန်းမာရေးအတွက် အားကစားလုပ်ဖို့အတွက် နေရာဖြစ်ပါတယ်။ လူမျိုးပေါင်းစုံ အကျင့်စရိုက်တ ပေါင်းစုံတဲ့နေရာဆိုလည်းမမှားပါဘူး။ Gym ဟာတစ်ချို့လူတွေအတွက် ခေါင်းကိုက်စရာတွေ စိတ်ရှုပ်စရာတွေ မေ့ပစ်ဖို့အတွက် နေရာတစ်ခုလည်းဖြစ်ပါတယ်။ ရောမရောက်ရင် ရောမလို ကျင့်ရမယ်ဆိုတဲ့ စကားအတိုင်း Gym မှာလည်း သူ့စည်းကမ်းနဲ့သူရှိပါတယ်။ တစ်ချို့ Gym တွေကတော့ စည်းကမ်းချက်တွေ ထုတ်ပြန်ထားလေ့မရှိပါဘူး။ ဒီနေ့ဆောင်းပါးမှာ Gym ကစားသူတွေအနေနဲ့ ကိုယ့်အသိစိတ်နဲ့ကိုယ် လိုက်နာကျင့်သုံးသင့်တဲ့ စည်းမျဉ်းတစ်ချို့ကို ဖော်ပြပေးသွားမှာပါ။

နားကျပ်တပ်ထားသူတွေကို စကားသွားမပြောပါနဲ့

Source: Yahoo Finance

နားကျပ်တပ်ထားတဲ့လူတွေက သီချင်းပဲနားထောင်နေတာမဟုတ်ပါဘူး။ သူတို့ကို တခြားလူတွေ မနှောင့်ယှက်နိုင်အောင် တမင်တကာ တပ်ထားခြင်းလည်းဖြစ်နိုင်ပါတယ်။ နားကျပ်တပ်ထားခြင်းက တစ်ယောက်တည်းနေချင်တယ် မနှောင့်ယှက်ပါနဲ့ ဆိုတဲ့ ဆိုင်းဘုတ်ကိုင်ထားတာနဲ့တူပါတယ်။ သူတို့တွေကို စကားသွားမပြောပါနဲ့။

ဝိတ်တုံးတွေကို နေရာတကျပြန်ထားပါ

Source: Muscle-Fitness

Gym မှာစိတ်ပျက်ဖို့ကောင်းတဲ့ အရာတစ်ခုက ကိုယ်ဝိတ်တုံးမဖို့ ကြည့်လိုက်တဲ့အချိန်မှာ ဝိတ်တုံးတွေ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေတာပါပဲ။ ပြီးတော့ ဝိတ်တုံးတွေက ပေါင် ၈၀ တုံးနဲ့ ပေါင် ၂၀ အတုံးတွေ ရောနှောနေတာကလည်း တချို့ gym ကစားတဲ့လူတွေအတွက် စိတ်ညစ်ဖို့ကောင်းပါတယ်။ ဒါ့ကြောင့် ဝိတ်တုံး မပြီးပြီဆိုရင် သူ့နေရာနဲ့သူပြန်ထားပေးပါ။

သီချင်းအကျယ်ကြီး အော်မဆိုပါနဲ့

Source: Tiger Fitness

သင်ဟာ နာမည်ကြီးအဆိုတော်ဖြစ်နေပါစေ (သို့) အသံကောင်းတဲ့သူတစ်ယောက်ဖြစ်နေပါစေ gym မှာသွားပြီး အသံပြဲကြီးနဲ့ သီချင်းအော်မဆိုပါနဲ့။ ဒါက တခြားလူတွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။ တစ်ခါတစ်လေ ကိုယ်အကြိုက်ဆုံးသီချင်းကို အသံသေးအသံကြောင်နဲ့ ဆိုလိုက်တဲ့အသံကြားလိုက်ရရင် ချက်ခြင်း အိမ်ပြန်ချင်စိတ်ပေါက်လာတက်ပါတယ်။ ကိုယ်ချင်းစာပါ။

ချွေးသုတ်ပါ

Source: Garage Gym Power

အလေးတုံးမတာဖြစ်ဖြစ် အောက်ပိုင်းထိုင်တာဖြစ်ဖြစ် ပစ္စည်းကိရိယာတွေအပေါ်မှာ ကိုယ့်ရဲ့ ချွေးတွေ ပေသွားတက်ပါတယ်။ တခြားလူတွေရဲ့ ကိုယ်ကထွက်လာတဲ့ ချွေးတွေကို လူတိုင်းရွံ့ကြပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ချွေးတွေကို သဘက်နဲ့ပြောင်စင်အောင် သုတ်ပေးပါ။