Upper Body ကို ကြံ့ခိုင်သန်မာလာအောင် ကစားဖို့ဆိုတာ တကယ်တော့ မလွယ်ပါဘူး။ လက်မောင်းတစ်ခုတည်းမှာတင် ကြွက်သားအစိတ်အပိုင်း ၂၄ ခုရှိတဲ့အပြင် နောက်ကျောနဲ့ ပခုံးကြွက်သားတွေ ၊ Core Muscles ပိုင်းတွေလည်းအများကြီး ကျန်ပါသေးတယ်။ ဒီလိုများပြားလှတဲ့ ကြွက်သားအစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ခန္ဓာကိုယ်အပေါ်ပိုင်း Upper Body ကို ထိထိရောက်ရောက် ကစားနိုင်ဖို့ ကိုယ်ကာယကြံ့ခိုင်ရေးနည်းပြနဲ့ ThenX Founder တစ်ဦးဖြစ်တဲ့ Chris Heria ရဲ့ ၁၅ မိနစ်စာ လေ့ကျင့်ခန်း အစီအစဉ်ကို ပြန်လည်မျှဝေပေးချင်ပါတယ်။

Chris Heria

Photo : Men’s Health

ဒီလေ့ကျင့်ခန်း အစီအစဉ်ဟာ ကွီးတို့ရဲ့ Chest (ရင်အုပ်) ၊ Triceps (လက်မောင်းအနောက်ဘက် ကြွက်သား) ၊ Lats (ရင်ဘက်အောက်ပိုင်းကြွက်သား) ၊ Traps (လည်ပင်းအောက်ပိုင်း ပခုံးကနေဖြတ်ပြီး ကျောပြင်အလယ်ဗဟိုအထိ ဆက်စပ်နေတဲ့ ကြွက်သား) ၊ Biceps (လက်မောင်း ကြွက်သား) နဲ့ Shoulders (ပခုံးကြွက်သား) တွေကို ထိရောက်မှုရှိစေမှာ ဖြစ်ပါတယ်။

Chris Heria ရဲ့ ၁၅ မိနစ်စာ လေ့ကျင့်ခန်း အစီအစဉ်မှာ မတူညီတဲ့ Movements ၁၅ ခု ပါဝင်ပါတယ်။ လေ့ကျင့်ခန်းတစ်ခုစီကို စက္ကန့် ၄၀ စီပြုလုပ်ရမှာဖြစ်ပြီး လေ့ကျင့်ခန်းတစ်ခုနဲ့ တစ်ခုကြားမှာ စက္ကန့် ၂၀ ခန့် အနားယူပေးရမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ လေ့ကျင့်ခန်းသုံး ကိရိယာတွေအနေနဲ့ကတော့ Dumbbells တစ်စုံ ၊ Dip Bar တစ်ခု ၊ Pull-up Bar တစ်ခုနဲ့ ခုံတစ်လုံး သို့မဟုတ် ၃ ပေခန့်အမြင့်ရှိတဲ့ Box တစ်ခုတို့ လိုပါတယ်။ Ready ဖြစ်ပြီဆိုရင် Chris Heria ရဲ့ ၁၅ မိနစ်စာ လေ့ကျင့်ခန်း ဗီဒီယိုကို ကြည့်လိုက်ရအောင်ပါ။

Source : THENX

ဒီ လေ့ကျင့်ခန်း အစီအစဉ်ဟာ တွန်းတာ / ဆွဲတာ ကဲ့သို့ Push and Pull Movements တွေကို ပေါင်းစပ်ပြီး ကစားရတာ ဖြစ်ပါတယ်။ အမှန်တကယ်တော့ Bodybuilding လုပ်နေသူတွေ အနေနဲ့ ရက်အလိုက် မတူညီတဲ့ Push and Pull လေ့ကျင့်ခန်းတွေကို တစ်ရက်စီ သတ်မှတ်ကစားရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုရက်အလိုက် လေ့ကျင့်ခန်းပုံစံတွေကို ခွဲပြီး ကစားဖို့ အချိန်မပေးနိုင်သူတွေအနေနဲ့ အခုပြောပြပေးခဲ့တဲ့ ပေါင်းစပ်လေ့ကျင့်ခန်းတွေက တော်တော်လေး အသုံးဝင်နိုင်ပါတယ်။

လေ့ကျင့်ခန်းတစ်ခုကို စက္ကန့် ၄၀ အတွင်း ပြုလုပ်တဲ့အခါမှာ မြန်ဖို့ထက် ဖြည်းဖြည်းမှန်မှန်နဲ့ ပုံစံကျဖို့က ပိုပြီး အရေးကြီးပါတယ်။ ဒါမှလည်း ကြွက်သားအစိတ်အပိုင်းတွေကို သေသေချာချာ ထိစေမှာ ဖြစ်ပြီး ဒဏ်ရာရနိုင်ချေလည်း နည်းစေမှာပါ။ ကဲဒါဆို Chris Heria ရဲ့ ၁၅ မိနစ်စာ လေ့ကျင့်ခန်း အစီအစဉ်နဲ့အတူ ကွီးတို့ရဲ့ Upper Body ကို ရှယ်အကိတ်ကြီး ဖြစ်လာအောင် ဒီနေ့ပဲစပြီး ကစားလိုက်ပါ။

Featured Photo : Fitness Volt