vivo X90 စီးရီး ကို လာမယ့် ဒီဇင်ဘာလမှာ မိတ်ဆက်သွားမယ်လို့ ကနဦးက မျှော်လင့်ထားပေမယ့် ပေါက်ကြားလာတဲ့ ဗီဒီယိုတစ်ခုအရ ခန့်မှန်းထားတဲ့ အချိန်ထက်စောပြီး vivo က ကြေညာသွားဖွယ် ရှိနေပါတယ်။ vivo X90 စီးရီး သစ်ကို နိုဝင်ဘာ ၂၂ ရက်နေ့ တရုတ်နိုင်ငံမှာ ကျင်းပမယ့် ပွဲတစ်ခုမှာ မိတ်ဆက်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Photo : GSMArena.com

ကောလဟာလသတင်းတွေအရ Vivo X90 စီးရီး မှာ ပါဝင်လာမယ့် vivo X90 ၊ vivo X90 Pro နဲ့ Vivo X90 Pro+ မော်ဒယ် ၃ မျိုးစလုံးမှာ စွဲမက်ဖွယ် အနီရောင်ဗားရှင်း ပါဝင်လာမှာဖြစ်ပြီး 512GB Storage အထိ ပါရှိမယ်လို့ သိရပါတယ်။ Vivo X90 မော်ဒယ်မှာတော့ Dimensity 9200 Chipset ကို အသုံးပြုလာဖွယ်ရှိပြီး 8/128 GB ၊ 8/256 GB ၊ 12/256 GB နဲ့ 12/512 GB ဆိုပြီး ရွေးချယ်စရာ ၄ မျိုး ပေးထားမှာ ဖြစ်ပါတယ်။ အရောင်တွေ အနေနဲ့ကတော့ အနက်ရောင် ၊ အနီရောင်နဲ့ အပြာရောင် ၃ မျိုးဖြင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။

Photo : GSMArena.com

vivo X90 Pro မော်ဒယ်ကတော့ အနက်ရောင် သို့မဟုတ် အနီရောင် ဗားရှင်းနဲ့ ထွက်ရှိလာမှာဖြစ်ပြီး Users တွေအနေနဲ့ 8/256 GB ၊ 12/256 GB နဲ့ 12/512 GB ဆိုပြီး Memory Options ၃ မျိုး ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။ vivo X90 Pro ဖုန်းဟာ X90 နဲ့ Flagship ဖုန်း X90 Pro+ မော်ဒယ်၂ ခုကြားမှာရှိတဲ့ စွမ်းဆောင်ရည်မြင့် အလယ်အလတ်တန်းစား ဖုန်းတစ်လုံး ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။

Photo : GSMArena.com

vivo X90 Pro+ ဖုန်း ကတော့ ယခုသီတင်းပတ် အနှောင်းပိုင်းမှာ ကြေညာလာမယ့် Qualcomm Chipset ဖြစ်တဲ့ Snapdragon 8 Gen 2 ကို အသုံးပြုလာဖွယ် ရှိပါတယ်။ vivo X90 စီးရီးဖုန်း တွေရဲ့ Main ကင်မရာအတွက် 1” Sony IMX989 Sensor ပါရှိမယ်လို့ ကနဦးသတင်းတွေအရ သိရပေမယ့် စွဲမက်ဖွယ်ကောင်းတဲ့ ကင်မရာတပ်ဆင်မှုဆိုင်ရာ အသေးစိတ် အချက်အလက် အပြည့်အစုံကိုတော့ လာမယ့် နိုဝင်ဘာလ၂၂ နေ့ တရားဝင်မိတ်ဆက်ချိန်မှပဲ သိရမှာ ဖြစ်ပါတယ်။

Featured Photo : GSMArena.com