Vodka Collins ကော့လ်တေး ဆိုတာ Classic Tom Collins ကော့လ်တေးကို အနည်းငယ်ပုံစံပြောင်းထားတဲ့ ချဉ်ပြုံးပြုံးချိုမြမြ Highball ကော့လ်တေးတစ်ခွက်ပါ။ ဒီကော့လ်တေးဟာ Classic ဆန်ပြီး သောက်ရတာလည်းအရမ်းကို အဝင်ကောင်းပါတယ်။ Lemon Juice ၊ Soda Water တို့ရဲ့ ပေါင်းစပ်မှုဟာ တစ်ငုံသောက်လိုက်တိုင်းမှာ လုံးဝအစွမ်းကုန် Refreshing ဖြစ်သွားစေတဲ့ ခံစားမှုကို ပေးစွမ်းမှာ ဖြစ်ပါတယ်။

Photo : A Couple Cooks

Vodka Collins ကော့လ်တေးဟာ ၁၈၇၀ ခုနှစ်တွေကတည်းက စတင်ပေါ်ပေါက်ခဲ့တာလို့ ပြောကြပါတယ်။ ကော့လ်တေးဖျော်စပ်ဖို့အတွက် အဓိကလိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ Vodka ၊ Lemon Juice ၊ Simple Syrup နဲ့ Soda Water တို့ပဲ လိုပါတယ်။ ဘားတွေမှာအမှာများတဲ့ကော့လ်တေးတစ်ခွက် ဖြစ်သလို ကွီးတို့အိမ်မှာလည်း အလွယ်ကူ ပြင်ဆင်ဖျော်စပ်သောက်နိုင်ပါတယ်။ Vodka Collins ကော့လ်တေး ဖျော်စပ်နည်း အဆင့်ဆင့်ကို ကြည့်လိုက်ရအောင်ပါ။

Photo : A Couple Cooks

အရင်ဆုံး Highball ဖန်ခွက်တစ်ခွက် ယူလိုက်ပါ။ ပြီးရင် Vodka ၂ အောင်စ ၊ Lemon Juice ၁ အောင်စနဲ့ Simple Syrup ၁ အောင်စကျော်ကျော်တို့ကို ရေခဲအနည်းငယ်နဲ့အတူ Highball ဖန်ခွက်ထဲ ရောထည့်လိုက်ပါ။ ပြီးနောက် ဖန်ခွက်ပေါ်ကနေ Soda Water ၄ အောင်စခန့်ကို လောင်းထည့်ပြီး သံပုရာသီး ၊ ကော့လ်တေးချယ်ရီသီးတို့နဲ့ အလှဆင်ပြီး အရသာရှိတဲ့ Vodka Collins ကော့လ်တေးတစ်ခွက် အသင့်သောက်သုံးနိုင်ပြီ ဖြစ်ပါတယ်။

Featured Photo : Spirits Navigator