Vodka သောက်ပုံသောက်နည်းတွေ အများကြီးရှိပါတယ်။ ပုံမှန်အားဖြင့်တော့ Vodka ရဲ့အရသာကို အပြည့်အဝခံစားနိုင်မယ့် Neat သောက်နည်းက လူကြိုက်များပါတယ်။ တချို့ကလည်း Sparkling Water ၊ သံပုရာသီး ၊ ရေခဲတို့နဲ့ အဝင်ပိုကောင်းအောင် ဖျော်စပ်သောက်လေ့ရှိကြပြီး တခြားသော ပါဝင်ပစ္စည်းအမယ်လေးတွေနဲ့ ရောစပ်ပြီးလည်း ကော့လ်တေးအနေနဲ့ သောက်ကြပါတယ်။ ဒီတစ်ခေါက်မှာတော့ Vodka ကို ပုံမှန်သောက်နေကြအတိုင်းမဟုတ်ပဲ အရသာပိုမိုဆန်းသစ်ပြီး သောက်လို့ကောင်းစေမယ့် အလိုက်ဖက်ဆုံး တွဲဖက်ဖျော်စပ်စရာ Mixer တွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) Cranberry Juice

Photo : The Manual

Vodka နဲ့ တွဲသောက်ဖို့ အလိုက်ဖက်ဆုံး Mixer တစ်ခုကတော့ Cranberry Juice ဖြစ်ပါတယ်။ Vodka နဲ့ Cranberry Juice တို့ဟာ ရိုးရှင်းပေမယ့် ပေါ့ပေါ့ပါးပါး တွဲသောက်လို့ အကောင်းဆုံး ဖြစ်ပါတယ်။ Cranberry Juice ရောစပ်တဲ့ပမာဏပေါ်မူတည်ပြီး အရသာအပြောင်းအလဲရှိနိုင်ပြီး ချိုမြမြအရသာနဲ့ အဝင်ကောင်းစေမှာ ဖြစ်ပါတယ်။

(၂) Lemon-Lime Soda

Photo : The Manual

Soda Water နဲ့ သံပုရာသီးတို့ အလွယ်တကူမရှိတဲ့ အချိန်တွေမှာ Vodka ကို Lemon-Lime Soda နဲ့သာ ရောစပ်သောက်ကြည့်ပါ။ အချိုအရသာလေး နည်းနည်းပိုကဲပေမယ့် Vodka နဲ့ Lemon-Lime Soda အရောအစပ်က တကယ်ကိုသောက်လို့ ကောင်းပါတယ်။

(၃) Orange Juice

Photo : The Manual

လွယ်ကူရိုးရှင်းပြီး အရသာရှိတဲ့ Vodka တစ်ခွက်သောက်ချင်တယ်ဆိုရင် Orange Juice နဲ့ ရောစပ်သောက်နိုင်ပါတယ်။ Vodka နဲ့ Orange Juice အရောအစပ်က အသီးရနံလေး မွှေးတေးတေးနဲ့ ချိုချဉ်လန်းဆန်းအရသာကို ခံစားရစေမှာ ဖြစ်ပါတယ်။

(၄) Pineapple Juice

Photo : The Manual

Pineapple Juice ကိုများသောအားဖြင့် Rum သို့မဟုတ် Tequila တို့နဲ့ ရောစပ်လေ့ရှိကြပြီး Vodka နဲ့ တွဲသောက်လို့လည်း လိုက်ဖက်မှုရှိပါတယ်။ ရောစပ်နည်းကလည်း လွယ်ပါတယ် Pineapple Juice နှစ်ဆ Vodka တစ်ဆ ဖျော်စပ်သောက်ရုံပါပဲ။ တခြားTropical Fruit တွေဖြစ်တဲ့ Guava ၊ Mango Juice တွေနဲ့လည်း လိုက်ဖက်မှုရှိပါတယ်။

Featured Photo : VinePair