Testosterone Level ကျခြင်းက ကျန်းမာရေးပြဿနာမျိုးစုံကို သယ်ဆောင်လာတတ်ပါတယ်။ Testosterone Level ကျလာရင် လိင်စိတ်ကျဆင်းမယ်။ စိတ်ဓါတ်ကျဆင်းပြီး ကိုယ်အလေးချိန်တက်မယ်။ အရိုးတွေ ပါးပြီး ဆံပင်တွေ ကျွတ်မယ် ။ တစ်ချိန်လုံး ပင်ပန်းနေတယ်လို့ ခံစားရပါမယ်။ ဒါကြောင့် ဒီပြဿနာတွေလည်း မဖြစ်ရအောင် Testosterone Level တက်လာစေမယ့် ရိုးရှင်းတဲ့ နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။

(၁) Workout ကစားပါ

Photo: modernmenscorner

Weight မတာ ၊ Squats ၊ Deadlifts နဲ့ Bench Press ကစားတာဟာ Testosterone တက်စေနိုင်ပါတယ်။ အမြဲတမ်းဆက်တိုက် အားကစားလုပ်ရင်တော့လည်း Testosterone Level ကျတတ်ပါတယ်။ အကောင်းဆုံးက တစ်ပတ်ကို ၄ ရက် Workout ကစားတာ ဖြစ်ပါတယ်။ ဒါက ဝိတ်လည်း ကျစေသလို Testosterone Level လည်း ပိုထွက်လာစေနိုင်ပါတယ်။

(၂) ကောင်းကောင်းအိပ်ပါ

Photo: Freepik

နှစ်နှစ်ခြိုက်ခြိုက် အိပ်ခြင်းက Testosterone Level ပိုတက်စေတယ်ဆိုတာ သိပါသလား။ အကောင်းဆုံးက တစ်ရက်ကို ၇ နာရီနဲ့ ၉ နာရီအကြား အိပ်ပေးဖို့ပါ။ အိပ်တယ်ဆိုတာ ခန္ဓာကိုယ်ကို အားသွင်းနေတာ ဖြစ်ပြီး စိတ်ရော ကိုယ်ပါ ကျန်းမာတဲ့အကျိုးကို ပေးနိုင်ပါတယ်။

(၃) စိတ်ဖိစီးမှု လျှော့ချပါ

Photo: Freepik

သောကများတာ ၊ စိတ်ပူတာကလည်း Testosterone Level ကို ထိခိုက်စေနိုင်ပါတယ်။ စိတ်ပူလို့ ခန္ဓာကိုယ်က ထုတ်လိုက်တဲ့ Cortisol Level တက်လာလေလေ ခန္ဓာကိုယ်က Testosterone Level ပိုထုတ်လေလေပါပဲ။ ဒါကြောင့် စိတ်ဖိစီးရမယ့် အခြေအနေတွေ ရှောင်ပါ။ သောကနည်းအောင်နေထိုင်ပါ။

(၄) ဖြည့်စွက်စာ စားပါ

Photo: modernmenscorner

Testosterone Level ကျနေတဲ့သူတွေအတွက် အကောင်းဆုံး Supplement က မဂ္ဂနီဆီယမ်နဲ့ ဇင့်ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ ဇင့်နဲ့ မဂ္ဂနီဆီယမ် မလုံလောက်ရင် ဖြည့်စွက်ဆေးသောက်ပေးဖို့ လိုပါတယ်။ ဆေးသောက်မယ်ဆိုရင် ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ အညီသောက်ဖို့တော့ လိုပါတယ်။ နောက်ထပ် Supplement တစ်ခုက ဗိုက်တာမင်ဒီသောက်ပေးပါ။ ဗိုက်တာမင်ဒီ မသောက်လည်း ဖြစ်ပါတယ်။ မနက်စော နေဆာလှုံပေးရင် ဖြစ်ပါတယ်။

(၅) အရက်ဖြတ်ပါ

Photo: Freepik

အရက်အလွန်အကျွံသောက်ခြင်းကလည်း Testosterone ထုတ်မှု ကျဆင်းစေနိုင်ပါတယ်။ အရက်ဟာ Testosterone Level ကျခြင်းထက် ပိုပြီး ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေကို ယူဆောင်လာပါတယ်။ အနည်းအကျဉ်းသောက်ခြင်းကတော့ ပြဿနာမရှိပါဘူး။ ဒါကြောင့် အရက်ကို တတ်နိုင်သမျှ ရှောင်ပါ။ သောက်ရင်လည်း မလွန်စေပါနဲ့။ ဆေးဖြစ်ရုံပဲ သောက်ပါလို့ အကြံပေးချင်ပါတယ်။