ခန္ဓာကိုယ်ကြွက်သားများ ကြီးထွားဖို့ရန်အတွက် လေ့ကျင့်ခန်းများများ ပြုလုပ်ရပါတယ်။ လေ့ကျင့်ခန်းများများ ပြုလုပ်လေ ကြွက်သားများ နာကျင်လေပါပဲ။ ကြာလာတဲ့အခါ ကြွက်သားတွေ နာကျင်မှုကြောင့် သင် စိတ်ညစ်လာရပါလိမ့်မယ်။ ဒါဆိုရင် ကြွက်သားများ မနာကျင်စေဘဲ ကြွက်သားများ ကျစ်လျစ်အောင် ဘယ်လိုပြုလုပ်ရမလဲ။

ကျွမ်းကျင်ဆရာဝန်များက ကြွက်သားများ ကျစ်လျစ်တောင့်တင်းချင်တဲ့ ယောကျာ်းများအတွက် ကျန်းမာရေးနဲ့အညီ ကြွက်သားများ ဘယ်လိုတည်ဆောက်ရမလဲဆိုတာကို အကြံပြုထားကြပါတယ်။

အစားအစာဖြင့် ကြွက်သားများ ထိန်းပါ

muscle building tips for men

ပရိုတင်းဓာတ် ကြွယ်ဝစွာပါဝင်တဲ့ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ ဒိန်ချဉ်တို့ကို များများစားသုံးသင့်ပါတယ်။ ဒါ့အပြင် ပရိုတင်းရှိတ်ဖျော်ရည်လေးလည်း ဖျော်သောက်ပေးလိုက်ပါ။ တစ်နေ့ကို ၂ ကြိမ်၊ ၃ ကြိမ်ခန့်ပဲ ထမင်းစားမယ့်အစား တစ်ခါစားလျှင် ထမင်းပမာဏနည်းနည်းဖြင့် ၅ ကြိမ်၊ ၆ ကြိမ်ခန့် ခွဲစားပေးလိုက်ပါ။

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ မပြည့်ဝဆီတွေဖြစ်ကြသော ထောပတ်သီး၊ အယ်လ်မွန်သီး၊ သီဟိုဠ်စေ့၊ မြေပဲ စတဲ့ အစားအစာများ စားသုံးပေးနိုင်ပါတယ်။ ပြည့်ဝဆီတွေဖြစ်ကြတဲ့ အဆီများတဲ့အသားများ၊ နို့ထွက်ပစ္စည်းများကိုတော့ လျော့စားပေးလိုက်ပါ။

ကြွက်သားတည်ဆောက်ပေးမယ့် လေ့ကျင့်ခန်းများကိုသာ ဦးစားပေးပါ

muscle building tips for men

ပြေးခြင်း၊ ရေကူးခြင်း၊ ကြိုးခုန်ခြင်း၊ လမ်းအမြန်လျှောက်ခြင်း စတဲ့ လေ့ကျင့်ခန်းများကို ကြွက်သားများ ကြီးထွားစေမယ့်အစား ခန္ဓာကိုယ်ရှိ အဆီပိုများကိုသာ လျော့ချပေးတာပါ။ ကြွက်သားများ ကြီးထွားချင်တယ်ဆိုရင်တော့ အလေးမလေ့ကျင့်ခန်း၊ ဒိုက်ထိုးလေ့ကျင့်ခန်း စတဲ့ လေ့ကျင့်ခန်းများကိုသာ ဦးစားပေးပြုလုပ်ရပါမယ်။

အခုဆက်လက်ဖော်ပြပေးမှာကတော့ ရက်အလိုက် လေ့ကျင့်ခန်း ဘယ်လိုပြုလုပ်ရမလဲဆိုတဲ့အချက်များပဲဖြစ်ပါတယ်။

muscle building tips for men

တနင်္လာနေ့မှာတော့ ရင်အုပ်ကြွက်သားနှင့် လက်မောင်းကြွက်သားများအတွက် လေ့ကျင့်ခန်း ပြုလုပ်ပေးလိုက်ပါ။

အင်္ဂါနေ့မှာတော့ ခြေထောက်ကြွက်သားများနှင့် လက်မောင်းရင်း နောက်ဘက်ရှိကြွက်သားများအတွက် လေ့ကျင့်ခန်းပြုလုပ်ပါ။

ဗုဒ္ဓဟူးနေ့မှာတော့ ခန္ဓာကိုယ်နောက်ကျောကြွက်သားများ သန်မာစေမယ့် လေ့ကျင့်ခန်းများ ပြုလုပ်ရပါမယ်။

muscle building tips for men

ကြာသပတေးနေ့မှာတော့ ဝမ်းဗိုက်ကြွက်သားများ Six-Packs ထွက်လာပြီး ကြည့်ကောင်းစေမယ့်လေ့ကျင့်ခန်းများ ပြုလုပ်လိုက်ပါ။

သောကြာနေ့မှာတော့ ရင်ဘတ်အပေါ်ပိုင်း ကြွက်သားများအတွက် လေ့ကျင့်ခန်းပြုလုပ်ပါ။

တစ်ပတ်လုံး ကြွက်သားများ ပြုလုပ်ထားတဲ့အတွက်ကြောင့် သင့်ကြွက်သားများ ညောင်းညာကိုက်ခဲနေမှာဖြစ်တဲ့အတွက် စနေ၊ တနင်္ဂနွေပိတ်ရက်မှာတော့ ဘာလေ့ကျင့်ခန်းမျှ မလုပ်ဘဲ အေးအေးဆေးဆေးအနားယူလိုက်ပါ။

Source: Brightside.me