ကျန်းမာခြင်းကို ငွေနဲ့ဝယ်ယူလို့မရနိုင်ဘူးဆိုပေမယ့် ကျန်းမာဖို့အားကစားလုပ်ကြတဲ့အခါ ငွေကုန်စရာအကြောင်းအရာတွေပေါ်လာတက်ပါတယ်။ ယနေ့ခေတ်မှာ Gym ရုံတွေရဲ့ လစဉ်ကြေးဆိုတာကလည်း သောင်းဂဏန်းကနေစလို့ သိန်းချီတဲ့အထိရှိပါတယ်။ တစ်ဖက်ကပြန်ကြည့်ရင် ငွေကုန်ကျမခံနိုင်ရင် မကျန်းမာတော့ဘူးလားဆိုတာပါပဲ။ တကယ်တော့ ငွေကုန််ကြေးကျမများဘဲ အားကစားလုပ်နိုင်မယ့် နည်းလမ်းကောင်းတွေလည်းရှိသေးတာမို့ စိတ်ဝင်စားတယ်ဆိုရင်ဖတ်ကြည့်လိုက်ရအောင်။

(၁) Free ဝင်ခွင့်ပန်းခြံတွေသွားပါ

Source : Freepik

အများပြည်သူတွေအပန်းဖြေအနားယူနိုင်ဖို့ ပြုလုပ်ပေးထားတဲ့ ပန်းခြံတွေဟာ လေ့ကျင့်ခန်းလုပ်ချင်သူတွေအတွက် အကောင်းအားကစားရုံတစ်ခုလိုဆိုနိုင်ပါတယ်။အခုနောက်ပိုင်းပန်းခြံတွေဟာ လေ့ကျင့်ခန်းပြုလုပ်နိုင်မယ့် စက်ပစ္စည်းကိရိယာတွေလည်း ထားရှိပေးထားတဲ့အတွက် အလကားသွားရောက်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ဒီလိုစက်ပစ္စည်းကိရိယာတွေမရှိရင်လည်း အပြေးလေ့ကျင့်ခန်း လမ်းလျောက်လေ့ကျင့်ခန်းမျိုးတွေပြုလုပ်နိုင်ပါတယ်။

(၂) အားကစားပစ္စည်းတွေဝယ်ပါ

Source : Freepik

လူအများစုဟာ အိမ်မှာအားကစားလုပ်ဖို့ သက်ဆိုင်တဲ့ Equipment တွေ မရှိတာကြောင့် Gym လိုအားကစားရုံတွေမှာသွားပြီးဆော့ကြတာဖြစ်ပါတယ်။တကယ်တော့ ပြေးစက်လို ဈေးကြီးပေးဝယ်ရတဲ့ စက်ပစ္စည်းတွေထက် ဈေးသက်သက်သာသာနဲ့ ဝယ်လို့ရနိုင်မယ့် ခုန်ကြိုးတဲ့ ကြိုးတွေ အလေးတုံးတွေ ခါးလှည့်ကွင်း စသည်တဲ့ ပစ္စည်းတွေနဲ့လည်း အားကစားလုပ်လို့ရနိုင်ပါတယ်။တစ်ခါတည်း အများကြီးဝယ်ဖို့မလိုပါဘူး။တစ်လချင်း နည်းနည်းစီစုပြီး အိမ်မှာပဲကိုယ်ပိုင် Gym ရုံအသေးစားလေးဖန်တီးနိုင်ပါတယ်။

(၃) စက်ဘီးနင်းပါ

Source : Freepik

စက်ဘီးစီးအားကစားနည်းဟာလည်း အဆီပိုတွေကိုပိုမိုလောင်ကျွမ်းစေပြီး ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ရရှိစေမယ့် အားကစားနည်းတစ်ခုဖြစ်ပါတယ်။စက်ဘီးတစ်စီးရှိရုံနဲ့ မည်သည့်အချိန် မည်သည်နေရာမှာမဆို အားကစားလုပ်နိုင်မှာဖြစ်ပြီး ငွေကုန်ကြေးကျလည်း မများတဲ့ အားကစားနည်းတစ်ခုပါ။အလုံပိတ်အခန်းထဲမှာ စက်ဘီးနင်းရတာထက် ပြင်ပမှာ စက်ဘီးနင်းရတာဟာ လေ့ကောင်းလေသန့်ရှု့ရှိုက်နိုင်သလို စိတ်ကိုလည်းအပြောင်းအလဲပိုဖြစ်စေပါတယ်။

(၄) YouTube အသုံးပြုပါ

Source : Freepik

အင်တာနက်ရှိရုံနဲ့ YouTube မှာအလကားကြည့်လို့ရတဲ့ Workout Tutorials အများကြီးရှိပါတယ်။ ဒီလို Workout Tutorials ဗီဒီယိုတွေကြည့်ပြီး အိမ်မှာကိုယ်တိုင်လိုက်လုပ်တာဟာ Personal Trainer တစ်ယောက်ကိုယ့်အနားမှာ အနီးကပ်သင်ပြနေသလို အကျိုးသက်ရောက်မှုရှိစေပါတယ်။ ကိုယ်တိုင်မပျင်းမရိပဲ နေ့စဉ်ပုံမှန် ဗီဒီယိုတွေကြည့်ပြီးလေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ကုန်ကျစရိတ်လည်း သက်သာသလို ကျန်းမာတဲ့ခန္ဓာကိုယ်ကိုရရှိမှာပါ။