ဗိုက်ဆိုတာ အဆီစုလွယ်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ အမျိုးသားတွေအနေနဲ့ အသက် ၄၀ ကျော်လာရင် ဗိုက်ပူလာတက်သလို ငယ်ရွယ်စဉ်မှာ မှားယွင်းတဲ့နေထိုင်မှုပုံစံတွေကြောင့်လည်း ဗိုက်အဆီစုလာတက်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဗိုက်မှာရှိတဲ့ အဆီကို ဖယ်ရှားဖို့ အထိရောက်ဆုံးချနိုင်မယ့် နည်းလမ်းတွေပြောပြပေးချင်ပါတယ်။

လေ့ကျင့်ခန်း လုပ်ပါ

Young man making sport exercises at home
တစ်ပတ်ကို ၄ ရက် ပုံမှန် Workout လုပ်မယ်ဆိုရင်တောင် အဆီက ကျနိုင်ပါတယ်။ တစ်ခုရှိတာက WorkOut လုပ်ချိန်မှာ အစားအသောက် ၊ အနေအထိုင်ကို ပိုပြီး ဂရုစိုက်ရမှာပါ။

အစားအသောက်ပုံပြင်ပါ

 man eating with chopsticks

ညရောက်လို့ မအိပ်ခင် ဘာတွေ စားခဲ့လဲက အရေးကြီးပါတယ်။ ညရောက်ရင် ပေါ့ပေါ့ပါးပါး စားတာက ခန္ဓာကိုယ်ကနေ ပိုလျှံ အဆီတွေကို ဖယ်ရှားပေးနိုင်ပြီး ညစာများများ စားလိုက်ပြီဆိုရင် အဆီများများ စုဝေးဖို့ဖြစ်လာပါတယ်။ အိပ်ရာဝင်ဖို့နဲ့ ၂ နာရီကနေ ၃ နာရီ အနည်းဆုံး ခွာပြီး စားပေးပါ။

သဘာဝအဆီလောင်ကျွမ်းစေမယ့် အစားအသောက်ကို ဂရုစိုက်ပါ

an with beard sitting in a cafe and pouring a tea

အစားအသောက်နဲ့ ဖြည့်စွက်အစာတွေက အစာအိမ်ကနေတစ်ဆင့် ဝိတ်ကျစေဖို့ မြန်မြန်ဆန်ဆန် ကူညီပေးပါလိမ့်မယ်။ နေ့လည်ခင်းတွေမှာ Green Tea သောက်ပေးဖို့နဲ့ တစ်နေ့တာမှာ အမျှင်ဓါတ်များတဲ့အစားအစာတွေ စားပေးဖို့လိုပါတယ်။

နေ့တိုင်း လမ်းလျှောက်ပါ

v

လမ်းလျှောက်တာနဲ့ ပြေးတာဟာ Belly အဆီတွေ ကျဖို့အဓိကကျပါတယ်။ မနက် ၈ နာရီကနေ နေ့လည်ခင်းအတွင်း လမ်းလျှောက်ဖြစ်မယ်ဆိုရင် တစ်လအတွင်း ဗိုက်အဆီတွေကျဖို့ အကူအညီ ဖြစ်စေပါတယ်။ ဒိုက်ထိုးတာ ၊ Belly ရိုက်တာတွေအပြင် လမ်းလည်း လျှောက်ဖို့လိုပါတယ်။

Photo : Freepik