ကိုယ်လက်လေ့ကျင့်‌ရေးသုံး Fitness Ball တွေကို Medicine Ball လို့လည်း ခေါ်ပါတယ်။ ပုံမှန်အားဖြင့် Medicine Ball တစ်လုံးဟာ ပခုံးအကျယ်ခန့် (၁၃.၇ လက်မဆိုဒ်ဝန်းကျင်) ရှိတဲ့ ဝိတ်ပါတဲ့ဘောလုံးတစ်လုံးဖြစ်ပြီး ကိုယ်လက်အင်္ဂါပြန်သန်စွမ်းကြံ့ခိုင်ရေးဘက်မှာ လေ့ကျင့်‌ရေးသုံးအဖြစ် အသုံးပြုလေ့ရှိပါတယ်။ Medicine Ball တစ်လုံးကို သုံးပြီး အားကစားနည်းအမျိုးမျိုး ကစားနိုင်ပါတယ်။ ဒီလိုနည်းလမ်းတွေထဲက လွယ်ကူရိုးရှင်းတဲ့ လေ့ကျင့်ခန်းလေးတွေ မျှဝေပေးချင်ပါတယ်။

(၁) ကြမ်းပြင်ကနေ ဘောလုံးပစ်ခြင်း

laying down medicine ball throw

 

Photo: OriGym

Medicine Ball နဲ့ ကစားနိုင်တဲ့ လေ့ကျင့်ခန်းတွေထဲမှာ အရိုးရှင်းဆုံးလှုပ်ရှားမှုတစ်ခုက ပက်လက်လှန်ပြီးဘောလုံးကို မြှောက်လိုက်/ဖမ်းလိုက်လုပ်ရမှာပါ။ Bench Pressing မကစားခင် သွေးပူလေ့ကျင့်ခန်းလုပ်ပြီး ကစားရင် ကြွက်သားတည်ဆောက်မှု ပိုပြီး ထိရောက်လာနိုင်ပါတယ်။

(၂) မတင်/နောက်ပြန်ပစ်ခြင်း

medicine ball toss

Photo: muscleandfitness

ဒီလေ့ကျင့်ခန်းက ကမ္ဘာ့အသန်မာဆုံးယောင်္ကျားပြိုင်ပွဲတွေမှာ တွေ့ကြဖူးမှာပါ။ ဘောလုံးကို မ,ပြီး နောက်ပြန်ပစ်တဲ့နည်း ဖြစ်ပါတယ်။ ဒီနည်းက အဆီကျချင်သူတွေ လေ့ကျင့်ခိုင်းလေ့ရှိတဲ့ Workout နည်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ပခုံးလှုပ်ရှားမှုကောင်းစေပြီး ကြွက်သားသန်စွမ်းမှု ၊ တင်ပါးကြောတွေ ပြေလျှော့မှု စတဲ့ အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။

(၃) ထိုင်/ထ လုပ်ခြင်း

medicine ball Get Up

Photo: muscleandfitness

နောက်ထပ် Medicine Ball နဲ့ ကစားနိုင်တဲ့ ရိုးရိုးရှင်းရှင်း လေ့ကျင့်ခန်းတစ်ခုက ဘောလုံးနဲ့ ထိုင်/ထ လုပ်ရတာပါ။ မတ်တပ်ရပ် ၊ ဘောလုံးကိုင် ခေါင်းပေါ်မြှောက်ရမှာပါ။ ပြီးရင် ဘောလုံးကိုင်လျက်သား ကြမ်းပြင်ပေါ် ပက်လက်လှဲ ၊ ဘောလုံးကို ခေါင်းနောက်ပစ် ပြန်ထပြီး ဘောလုံးကိုင် ခေါင်းပေါ်မြှောက်လုပ်ရမှာ ဖြစ်ပါတယ်။

(၄) ဘောလုံးကို ကြမ်းပေါ်ပေါက်ကစားခြင်း

medicine ball push and slam

Photo: BarBend

ဒီနည်းက လွယ်ပါတယ်။ လွယ်တယ်ဆိုပေမယ့် လုပ်ရတာ အပေါ်ပိုင်းဘော်ဒီ Upper Body ကို တကယ်ထိရောက်စေတဲ့ လေ့ကျင့်ခန်းပါ။ ဘောလုံးကို သေချာကိုင်ပြီး ခါးနည်းနည်းကိုင်းကာ ငုံ့လျက်သားအနေအထားနဲ့ ကြမ်းပြင်ပေါ် အားနဲ့ ပေါက်လိုက်ဖမ်းလိုက် လုပ်ရတာပါ။ တစ်ခါလုပ် ၁၅ ကြိမ်နှုန်းနဲ့ ၇ မိနစ် ၈ မိနစ်လောက် ကြာအောင် အကျော့လိုက် ကစားရမှာပါ။

(၅) နံရံကို ဘေးတိုက်ပစ်ပေါက်ခြင်း

Athlete Training Outdoors

Photo: greatist

ခါးရိုးမကြီးတွေ လှုပ်ရှားပြီး နံဘေးကြွက်သားတွေ ဖွံ့ဖြိုးစေဖို့ ကစားတဲ့နည်းလမ်းပါ။ နံရံအမာတစ်ခုနဲ့ မျက်နှာချင်းဆိုင်ပြီး ဘေးတိုက်အနေအထားနဲ့ နေပါ။ နံရံက ကိုယ့်ရဲ့ဘေးဘက်အခြမ်းမှာ အပြိုင်ရှိနေရမှာပါ။ နံရံနဲ့ ခပ်လှမ်းလှမ်းအနေအထားကနေ ဘောလုံးကို လွှဲလွှဲပြီး နံရံကို ပစ်ပေါက်/ဖမ်းယူရမှာပါ။ ဘယ်ညာပြောင်း ကစားပေးဖို့လိုပါတယ်။

Featured Photo: simplifaster