Weighted Vest ဆိုတာကတော့ အလွယ်ပြောရရင် ကြံ့ခိုင်ရေး ကစားနည်းတွေမှာ အသုံးပြုတဲ့ အားကစား ကိရိယာတစ်ခု ဖြစ်ပါတယ်။ အလေးချိန်ကို လိုတိုးပိုလျော့လုပ်နိုင်တဲ့ ဝိတ်ပါတဲ့ အင်္ကျီလို့ အလွယ်မှတ်ယူလို့ ရပါတယ်။ Weighted Vest တွေက ပုံစံအမျိုးမျိုးရှိပေမယ့် ပုံမှန်အားဖြင့်တော့ အိတ်ကပ်အသေးလေးတွေပါရှိပြီး အိတ်ကပ်တွေထဲမှာ သတ္တုပြား ဒါမဟုတ် အလေးတုံးတွေကို ထည့်ပြီး ဝတ်ရတာ ဖြစ်ပါတယ်။ ဝိတ်ပါတဲ့ Weighted Vest တွေဝတ်ပြီး အပြေးလေ့ကျင့်ခန်းလုပ်တာဟာ ရိုးရိုးပြေးတာထက်ကို ၁၀ ဆ ပိုပြီးထိရောက်မှု ရှိစေပါတယ်။ ကဲဒါဆို ကွီး တို့အနေနဲ့  Weighted Vest ဝတ်ပြီး ပြေးမယ်ဆိုရင် ဘယ်လိုကောင်းကျိုးတွေရနိုင်မလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်ပါ။

(၁) ကယ်လိုရီလောင်ကျွမ်းမှု များစေတယ်

Photo : Amazon

အပြေးလေ့ကျင့်ခန်းဟာ ကိုယ်အလေးချိန် လျှော့ချနေသူတွေအတွက် လွယ်ကူရိုးရှင်းတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ဒါ့ထက်ပိုပြီး Weighted Vests ဝတ်ဆင်ပြီး ပြေးခြင်းဟာ သာမန်အပြေး လေ့ကျင့်ခန်းထက် ၈ ဆ ကယ်လိုရီပိုလောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ကျဖို့ အထိရောက်ဆုံး ကူညီပေးနိုင်ပါတယ်။

(၂) နှလုံးနဲ့ အဆုတ် စွမ်းဆောင်ရည်ကို တိုးစေတယ်

Photo : Insider

Weighted Vests ဝတ်ဆင်ပြီး ပြေးတဲ့အခါ နှလုံးခုန်နှုန်းကို တိုးမြှင့်စေပြီး ခန္ဓာကိုယ်တွင်းကို အောက်ဆီဂျင် ပိုမိုရရှိစေတာကြောင့် သွေးလည်ပတ်မှုစနစ်ကို ပိုမိုကောင်းမွန်စေကာ နှလုံးနဲ့ အဆုတ်ရဲ့ စွမ်းဆောင်ရည်ကို တိုးတက်လာစေမှာ ဖြစ်ပါတယ်။

(၃) အရိုးအဆစ်တွေကို သန်မာစေတယ်

Photo : Workout Trends

ငါးနှစ်ကြာလေ့လာမှုတစ်ခုအရ Weighted Vests ဝတ်ဆင်ပြီး ပြေးခြင်းဟာ အရိုးသိပ်သည်းဆကို တည်ငြိမ်စေပြီး အရိုးအဆစ်တွေကို သန်မာစေတယ်လို့ အထောက်အထားတွေက ဖော်ပြထားပါတယ်။ ဒါ့အပြင် သက်ကြီးပိုင်းမှာဖြစ်တက်တဲ့ အရိုးပွရောဂါကိုလည်း တားဆီးကာကွယ် ပေးပါတယ်။

(၄) ကိုယ်နေဟန်ထား မှန်စေတယ်

Photo : Kingsbox

ဝိတ်ပါတဲ့ အင်္ကျီကိုဝတ်ဆင်ပြီး ပြေးတဲ့အခါ ခန္ဓာကိုယ်ကို ဖိအားအောက်မှာ တည်ငြိမ်အောင် ဟန်ချက်ထိန်းရပါတယ်။ Weighted Vests ရဲ့အလေးချိန်နဲ့ ပြေးလမ်းပေါ်မှာ ခန္ဓာကိုယ်ကို မတ်မတ်အနေအထားဖြစ်အောင် ထိန်းရတဲ့အတွက် ကွီးတို့ရဲ့ ကိုယ်နေဟန်ထားကို ပိုမိုကောင်းမွန်မှန်ကန်လာစေမှာ ဖြစ်ပါတယ်။

Featured Photo : Workout Trends