အားလုံးသိကြတဲ့အတိုင်း အနောက်ကမ်းရိုးတန်းဒေသ (West Coast) ဟာ လှပတဲ့ကမ်းခြေတွေ ၊ Tourist Attractions နေရာတွေနဲ့ အေးချမ်းသာယာတဲ့ ရာသီဥတု အခြေအနေတွေကြောင့် နာမည်ကြီးပါတယ်။ အလားတူ အနောက်ကမ်းရိုးတန်းဒေသ (West Coast) ရဲ့ Hip Hop ဂီတအမျိုးအစား ဟာဆိုရင်လည်း ကမ္ဘာတလွှားမှာ တော်တော်လေး ရေပန်းစား လူကြိုက်များပါတယ်။ West Coast Hip Hop ဂီတဟာ ၁၉၇၈ ခုနှစ်နောက်ပိုင်းမှာ စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပြီး နိုင်ငံရေး ၊ လူ့ဘောင်အဖွဲ့အစည်းနဲ့ လမ်းမကို ကိုယ်စားပြုတဲ့ ဂီတအဖြစ် လူသိများပါတယ်။ အနောက်ကမ်းရိုးတန်းဒေသက ပေါ်ထွက်လာတဲ့ သီချင်းတွေနဲ့ ရက်ပ်ပါ တွေဟာလည်း ဂီတလမ်းကြောင်းပေါ်မှာ အရမ်းကို ထင်ပေါ်ကျော်ကြားပါတယ်။ ဒီထဲကမှ ထာဝရ အကျော်ကြားဆုံး West Coast ရက်ပ်ပါ ၅ ဦး အကြောင်းကို တင်ဆက်ပေးပါမယ်။

(၁) Ice Cube

Source : Ice Cube

Ice Cube ကတော့ West Coast ရက်ပ်ပါတွေထဲမှာ အထင်ရှားဆုံးနဲ့ ရေပန်းအစားဆုံး ရက်ပ်ပါ တစ်ယောက်ဖြစ်ပါတယ်။ အစောပိုင်းမှာ N.W.A Hip Hop အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး နောက်ပိုင်းမှာတော့ တစ်ကိုယ်တော် အနုပညာလှုပ်ရှားမှုတွေနဲ့ ထိုးဖောက်လာခဲ့ကာ သရုပ်ဆောင်ရော ဒါရိုက်တာအဖြစ်ပါ လုပ်ကိုင်လာခဲ့ပါတယ်။ Ice Cube ရဲ့ အကောင်းဆုံး အယ်လ်ဘမ်တွေကို ပြောပါဆိုရင်တော့ The Predator ၊ Death Certificate ၊ Laugh Now Cry Later နဲ့ AmeriKKKa’s Most Wanted တို့က ထိပ်ဆုံးကနေပါပါတယ်။ TV series တွေအပါအဝင် Boyz n the Hood ၊ Anaconda ၊ Ghosts of Mars စတဲ့ရုပ်ရှင်တွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး ရုပ်ရှင်ဇာတ်ကားအချို့အတွက်လည်း ဒါရိုက်တာအဖြစ် တာဝန်ယူရိုက်ကူးပေးခဲ့ ဖူးပါတယ်။

(၂) 2Pac

Source : Seven Hip-Hop

West Coast ရက်ပ်ပါ လို့ပြောရင် သေချာပေါက် ထည့်ပြောရမယ့်သူကတော့ 2Pac လို့လူသိများတဲ့ Tupac Amaru Shakur ပါပဲ။ အဓိကအားဖြင့် 2Pac ရဲ့ အမိုက်စားသီချင်းစာသားတွေကြောင့် West Coast Hip Hop ဂီတလောကမှာ ထင်ပေါ်ကျော်ကြားလာခဲ့တာ ဖြစ်ပါတယ်။ 2Pac ရဲ့ Strictly 4 My N.I.G.G.A.Z. လို့အမည်ရတဲ့ အယ်လ်ဘမ်ဟာဆိုရင်လည်း Billboard 200 မှာ နံပါတ် ၂၄ ချိတ်တဲ့အထိ အောင်မြင်မှုတွေ များစွာရရှိခဲ့ပါတယ်။ Diron Macadoshis Rivers ၊ Tyrus Big Syke ၊ Mopreme Shakur နဲ့ Walter “Rated R” Burns တို့ပါဝင်တဲ့ “Thug Life” ဆိုတဲ့ Hip Hop Group ကိုလည်း ဖွဲ့စည်းခဲ့ပြီး ပရိသတ်အားပေးမှု အခိုင်အမာ ရရှိခဲ့ပါတယ်။ 2Pac ဟာ အရပ်ဘက် ရာဇဝတ်မှုများစွာမှာ ပါဝင်ပတ်သတ်မှုရှိခဲ့ပြီး ၁၉၉၆ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့မှာတော့ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပြီး သေဆုံးသွားခဲ့ပါတယ်။

(၃) Snoop Dogg

Source : Snoop Dogg

အားလုံးရဲ့အချစ်တော်ကြီး Snoop Dogg ကတော့ West Coast ဂီတလောကမှာ ဩဇာအကြီးဆုံး ရက်ပ်ပါ တစ်ဦးဖြစ်ပါတယ်။ Snoop ရဲ့ နာမည်အရင်းကတော့ Calvin Cordozar Broadus Jr. ဖြစ်ပြီး Doggystyle လို့အမည်ပေးထားတဲ့ ပွဲဦးထွက် တစ်ကိုယ်တော်အယ်လ်ဘမ်နဲ့ ပရိသတ်အားပေးမှု များစွာရရှိခဲ့ပါတယ်။ ဒီအယ်လ်ဘမ်ဟာ Billboard 200 နဲ့ R&B/Hip-Hop အယ်လ်ဘမ်ဇယားမှာ ထိပ်ဆုံးကနေ ရပ်တည်ခဲ့တဲ့အထိ အောင်မြင်မှုအကြီးအကျယ်ရရှိခဲ့တာ ဖြစ်ပါတယ်။ Snoop ဟာ ရုပ်ရှင်ဇာတ်ကားနဲ့ TV Shows များစွာမှာလည်း ပါဝင်ရိုက်ကူးခဲ့ပြီး WWE Hall of Fame မှာပါ ထည့်သွင်းဖော်ပြခြင်း ခံခဲ့ရတဲ့ ထိပ်တန်း ရက်ပ်ပါတစ်ဦး ဖြစ်ပါတယ်။

(၄) Warren G

Source : Warren G

Warren G သို့မဟုတ် Warren Griffin III ကတော့ သူ့ရဲ့ G-funk ( Gangsta Funk ) ကြောင့် နာမည်ကြီးပါတယ်။ Warren G ဟာ Nate Dogg ၊ Snoop Dogg တို့နဲ့အတူ 213 လို့ အမည်ပေးထားတဲ့ ၃ ယောက်တွဲ Hip Hop အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ Nate Dogg နဲ့အတူတွဲ ထွက်ခဲ့တဲ့ ပွဲဦးထွက် အယ်လ်ဘမ် “Regulate” ဟာဆိုရင်လည်း Billboard 200 ဇယားမှာ နံပါတ် ၂ နေရာက ရပ်တည်ခဲ့တဲ့အထိ အောင်မြင်မှုအကြီးအကျယ် ရခဲ့ပါတယ်။ Warren G ရဲ့ သီချင်း အယ်လ်ဘမ်တွေဟာ ပရိသတ်အားပေးမှု များစွာရခဲ့ပြီး နောက်ပိုင်းမှာ Warren ၊ Snoop Dogg နှင့် Nate Dogg တို့ ပြန်လည်ပူးပေါင်းပြီး ထုတ်ခဲ့တဲ့ The Hard Way အယ်လ်ဘမ်ဟာဆိုရင်လည်း Billboard ဇယားမှာ နံပါတ် ၄ နေရာကို ရောက်ရှိခဲ့ပါတယ်။

(၅) N.W.A.

Source : N.W.A.

West Coast သီချင်းတွေကြိုက်ရင် N.W.A. လို့ လူသိများတဲ့ Niggaz Wit Attitudes Hip Hop အဖွဲ့ကို သိကြမှာပါ။ N.W.A.ဟာ Hip Hop Group တွေထဲမှာ အထင်ရှာဆုံး အဖွဲ့တစ်ခု ဖြစ်ပါတယ်။ DJ Yella ၊ Ice Cube ၊ Arabian Prince ၊ Eazy-E ၊ Dr Dre နဲ့ MC Ren တို့ ပါဝင်ပါတယ်။ N.W.A. အဖွဲ့ဟာ Rollingstone ရဲ့ ထာဝရ အကောင်းဆုံး အနုပညာရှင် ၁၀၀ စာရင်းမှာလည်း ထည့်သွင်းဖော်ပြခြင်း ခံခဲ့ရပါတယ်။ N.W.A. ရဲ့ နောက်ဆုံးထွက် အယ်လ်ဘမ်ကတော့ Niggaz4Life ဖြစ်ပြီး နောက်ပိုင်းမှာတော့ Ice Cube ၊ Dr Dre နဲ့ MC Ren တို့ဟာ Hip Hop ဂီတလောကမှာ အဖွဲ့အနေနဲ့ မဟုတ်ပဲ တစ်ကိုယ်တော် အောင်မြင်မှုတွေ ကိုယ်စီရရှိခဲ့ကြပါတယ်။

Featured Photo : CentralSauce Collective