အားကစားပြုလုပ်ခြင်းသည် သင် မျှော်လင့်ထားသလောက် မခက်ခဲပါဘူး။ လေ့လာချက်များအရ တစ်ရက်လျှင် မိနစ် ၃၀ ခန့် လေ့ကျင့်ခန်းပြုလုပ်ပေးရုံနဲ့တင် သင့်ခန္ဓာကိုယ်ကို ကျစ်လျစ်စေပြီး ကျန်းမာစေနိုင်ပါတယ်။

သင်ရော လေ့ကျင့်ခန်း မှန်မှန်လုပ်ဖြစ်ရဲ့လား။ တစ်ရက်လျှင် ဘယ်နှမိနစ်ကြာအောင် လေ့ကျင့်ခန်း ပြုလုပ်ဖြစ်ပါသလဲ။

ဒီဆောင်းပါးလေးကတော့ တစ်ရက်လျှင် မိနစ် ၃၀ ခန့် လေ့ကျင့်ခန်းပြုလုပ်တဲ့ ယောကျာ်းများအတွက် ခံစားရရှိမယ့် အကျိုးကျေးဇူးများကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း ပြုလုပ်နေစဉ်မှာ ခန္ဓာကိုယ်က ဘာတွေပြောင်းလဲသွားမလဲ

benefits of doing exercises for men

လေ့ကျင့်ခန်းပြုလုပ်နေစဉ်မှာ ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်သည် တိုးမြှင့်သွားပြီး ခန္ဓာကိုယ်တွင် အောက်စီဂျင်စီးဆင်းမှုသည်လည်း မြင့်မားလာပါလိမ့်မယ်။ နောက်ဆက်တွဲအကျိုးအနေနဲ့ကတော့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများသည် သွေးမှတဆင့် အောက်စီဂျင်နှင့် အာဟာရဓာတ်များကို ရရှိသွားပါလိမ့်မယ်။

လေ့ကျင့်ခန်း ပြုလုပ်ပြီးတဲ့အခါ

benefits of doing exercises for men

သင့်ခန္ဓာကိုယ်သည် ပရိုတင်းနှင့် ကာဘိုဟိုက်ဒြိုက်ဓာတ်တို့ကို အရင်ကထက် ၄ ဆခန့် အစာကြေစေလွယ်အောင် ကူညီပေးပြီး ဝိတ်အမြန်ကျစေပါတယ်။ သင့်ဦးနှောက်သည်လည်း Endorphins ဓာတ်များ များများထုတ်လွှတ်ပေးတဲ့အတွက်ကြောင့် ပျော်ရွှင်ရတဲ့ စိတ်ခံစားချက်များကို ခံစားရပါလိမ့်မယ်။

မိနစ် ၃၀ ခန့် လေ့ကျင့်ခန်း ပြုလုပ်ပြီး နာရီတော်တော်ကြာမြင့်သောအခါ

benefits of doing exercises for men

မိမိကိုယ်ကို ယုံကြည်ချက် ပိုမိုမြင့်မားလာပြီး သွေးပေါင်ချိန်လည်း ကောင်းမွန်လာပါလိမ့်မယ်။ ဒါ့အပြင် အရင်ကထက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါလိမ့်မယ်။

လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပြီးနောက် ရက်သတ္တပတ်အနည်းငယ် ကြာသောအခါ

benefits of doing exercises for men

သင့်ရဲ့အဆုတ်၊ နှလုံးနှင့် သွေးကြောလေးများ အလုပ်ကောင်းကောင်းလုပ်နိုင်လာပြီး ပိုမိုကျန်းမာလာပါလိမ့်မယ်။ သင့်ခန္ဓာကိုယ်သည်လည်း အရင်ကထက် ပိုမိုသန်မာလာပါလိမ့်မယ်။ ကိုယ်ခံစွမ်းအား မြင့်မားလာပြီး သင့်ခန္ဓာကိုယ်ထဲမှာ အဆီနည်းနည်းပဲ ကျန်ရှိနေပါလိမ့်မယ်။

ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ပြီးနောက် လအနည်းငယ် ကြာလာသောအခါ

benefits of doing exercises for men

စိတ်ဖိစီးမှုလည်း လျော့နည်းလာပြီး စိတ်ဓာတ် အတက်အကျလည်း အရင်ကလောက် မမြန်တော့ပါဘူး။ စိတ်ကျရောဂါ ခံစားရခြင်းမှ ကာကွယ်ပေးပါတယ်။ အာရုံကြောစနစ်နှင့် ဦးနှောက်စွမ်းဆောင်ရည် မြင့်မားလာတဲ့အတွက်ကြောင့် ဆုံးဖြတ်ချက်များကိုလည်း မြန်မြန်ဆန်ဆန်နှင့် မှန်မှန်ကန်ကန် ချမှတ်လာနိုင်ပါတယ်။ ကြွက်သားများလည်း ကြီးထွားလာပြီး အရိုးများလည်း ပိုမိုသန်မာလာပါလိမ့်မယ်။

လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပြီးနောက် နှစ်အနည်းငယ်ကြာသောအခါ

benefits of doing exercises for men

သင့်ရဲ့လူ့ဘဝသက်တမ်းသည် ပိုမိုတိုးမြှင့်လာပြီး ကျန်းကျန်းမာမာဖြင့် အရွယ်တင်နိုပျိုလာပါလိမ့်မယ်။

Source: Brightside.me