အားကစားလုပ်မယ်ဆိုရင် အားပြည့်အင်ပြည့် ဖြစ်နေဖို့ လိုပါတယ်။ မနက်ဘက် Workout လုပ်မယ်ဆိုရင်လည်း ဗိုက်ဟောင်းလောင်းကြီးနဲ့ ဆာဆာလောင်လောင် ဖြစ်နေတုန်း အားကစားလုပ်တာထက် ကောင်းကောင်းလေး စားပြီးမှ အားကစားလုပ်တာ ပိုထိရောက်ပါတယ်။
မှန်ကန်တဲ့ အစားအသောက်မျိုး စားပေးခြင်းအားဖြင့် စားလို့ကောင်းရုံတင်မဟုတ်ဘဲ အာဟာရနဲ့ စွမ်းအင်ပါ ပြည့်ဝနေမှာ ဖြစ်ပါတယ်။ မနက်ခင်း Workout မှာ စားသင့်တဲ့ အစားအသောက်တွေထဲမှာ အသီးအနှံတွေ ပါပါတယ်။ သစ်သီးဝလံတွေဟာ အစာချေဖျက်ရလွယ်ပါတယ်။ စွမ်းအင်လောင်စာဖြည့်တင်းပေးလို့ မနက်ဘက် Workout မလုပ်ခင် ဘရိတ်ဖတ်အဖြစ် စားပေးသင့်ပါတယ်။’

Photo: Freepik
တကယ်လို့ သစ်သီးချည်း မစားချင်ရင် Smoothies လုပ်ပြီးလည်း စားပေးနိုင်ပါတယ်။ Smoothies တွေက သစ်သီးစုံ ပါဝင်လို့ သောက်ရလည်း ပိုကောင်းပါတယ်။ နှုတ်လည်း မြိန်သလို အာဟာရလည်း ပိုမြင့်မားပါတယ်။ အားကစားလုပ်ချိန်မှာ စွမ်းအင်အပြည့် ရှိစေချင်ရင် Energy Bowls တွေလည်း စားပေးနိုင်ပါတယ်။ သူကလည်း Smoothie လိုပါပဲ။ အသီးအနှံ ၊ အစေ့အဆံ နဲ့ အသီးအရွက်တွေကို ဖျော်ထားတာပါ။
ဒိန်ချဉ်သောက်တတ်ရင်လည်း သကြားမပါတဲ့ Plain Yogurt သောက်နိုင်ပါတယ်။ ဒိန်ချဉ်မှာ ပရိုတိန်း ၊ ပရိုဘိုင်အိုးတစ်နဲ့ ကယ်လ်ဆီယမ် ကြွယ်ဝတာကြောင့် အားကစားသမားတွေ သောက်သုံးပေးသင့်ပါတယ်။ နောက်တစ်မျိုးက Oatmeal ပါ။ Oatmeal မှာ ကာဗွန်ဟိုက်ဒရိတ်နဲ့ အမျှင်ဓါတ်အပြည့် ပါရှိပါတယ်။ ဒီနှစ်မျိုးစလုံးက Energy စွမ်းရည်ကို အဓိက မြှင့်တင်ပေးနိုင်စွမ်း ရှိပါတယ်။

Photo: Freepik
လွယ်လွယ်ကူကူ မနက်စာအနေနဲ့ စားပေးနိုင်တာကတော့ ကြက်ဥဖြစ်ပါတယ်။ ကြက်ဥကို ပြုတ်ပြီးပဲ ဖြစ်ဖြစ် တခြားအရွက် အသီးနဲ့ဖြစ်ဖြစ် ကြော်လှော်ပြီး ဖြစ်ဖြစ် စားပေးနိုင်ပါတယ်။ တချို့လည်း ဂျုံ ၊ ကြက်ဥ ထောပတ် နွားနို့တို့နဲ့ ပန်ကိတ်လုပ်စားကြပါတယ်။ အခုပြောခဲ့တာတွေက အလွယ်လုပ်စားလို့လည်း ရတဲ့ ပေါ့ပေါ့ပါးပါး မနက်စာတွေဖြစ်ပြီး Workout မလုပ်ခင် နာရီဝက် ၄၅ မိနစ် ကြိုစားပေးနိုင်ပါတယ်။
