သင့်ရဲ့အားကစားပြုလုပ်ရခြင်း ရည်ရွယ်ချက်သည် ဘာများဖြစ်မလဲ။ အချို့ကတော့ အသက်ရှည်ကျန်းမာပြီး အနာရောဂါ ကင်းဝေးစေဖို့ရန်အတွက် အားကစားပြုလုပ်ကြပြီး အချို့ကတော့ မိမိကိုယ်ကို ယုံကြည်မှုရှိစေရန် အားကစားပြုလုပ်ကြပါတယ်။
အားကစားလိုက်စားတဲ့ယောကျာ်းများအတွက် မိမိပြုလုပ်တဲ့အားကစားသည် ခန္ဓာကိုယ်အတွက် ထိရောက်မှုရှိစေရန် အစားအသောက်ကိုလည်း ဆင်ခြင်ရပါမယ်။ ဒါ့ကြောင့် အားကစား မပြုလုပ်ခင်နဲ့ ပြုလုပ်ပြီးချိန်မှာ ဘယ်လိုအစားအစာများ စားသုံးသင့်သလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။
အားကစားမပြုလုပ်ခင်

Photo Source: Harvard.edu
အားကစားမပြုလုပ်ခင် ၂ နာရီ (သို့) ၃ နာရီခန့်အလိုတွင် ပရိုတင်းဓာတ် ကြွယ်ဝသော အစားအစာများ၊ အမျှင်ဓာတ် ကြွယ်ဝသော အစားအစာများကို စားသုံးသင့်ပါတယ်။ ဥပမာအနေနဲ့ နွားနို့၊ ပန်းသီး၊ အသားညှပ်ပေါင်မုန့်၊ ကြက်သား၊ ဒိန်ချဉ်၊ သစ်သီးဖျော်ရည်များပဲဖြစ်ပါတယ်။
အားကစား ပြုလုပ်နေစဉ်

Photo Source: Freepik.com
အားကစား ပြုလုပ်နေစဉ်အတောအတွင်းမှာတော့ ရေသည် အရေးအကြီးဆုံးပဲဖြစ်ပါတယ်။ ရေဘူးတစ်ဘူးကို ကိုယ်နဲ့ မကွာဆောင်ထားပြီး ရေကို အာဆွတ်ရုံလောက်သာ ပမာဏနည်းနည်းဖြင့် အကြိမ်ရေများများ သောက်သုံးသင့်ပါတယ်။ ရေအပြင် သဘာဝသစ်သီးဖျော်ရည်များ (သို့) ငှက်ပျောသီး (သို့) စပျစ်သီးခြောက်ကဲ့သို့ သစ်သီးခြောက်များကိုလည်း စားသုံးပေးနိုင်ပါတယ်။ ဒါမှ လေ့ကျင့်ခန်း ဆက်လက်ပြုလုပ်ဖို့အတွက် စွမ်းအားပြည့်ဝနေမှာဖြစ်ပါတယ်။
လေ့ကျင့်ခန်း ပြုလုပ်ပြီးတဲ့အခါ

Photo Source: Landolakes.com
လေ့ကျင့်ခန်း ပြုလုပ်ပြီးပြီးချင်းမှ အစား စားဖို့ မကြိုးစားပါနဲ့။ အရင်ဦးဆုံး အမောဖြေပြီး ဗိုက်ဆာတယ်ဆိုရင်တောင်မှ အနည်းဆုံး နာရီဝက်၊ တစ်နာရီခန့် စောင့်ဆိုင်းရပါမယ်။ လေ့ကျင့်ခန်း ပြုလုပ်ပြီးတဲ့အခါ ကြွက်သားများသည် နာကျင်နေတဲ့အတွက် ကြွက်သားများ အားအင်ပြန်လည်ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၊ ဆီနည်းနည်းဖြင့် ကြော်ထားသော ဟင်းသီးဟင်းရွက်များ၊ ပေါင်းထားသော ဟင်းသီးဟင်းရွက်များ၊ အဆီဓာတ်နည်းသော အသား၊ ငါးများ စသည်တို့ကို စားသုံးပေးနိုင်ပါတယ်။
ဒီအချက် (၃) ချက်ကို လိုက်နာမယ်ဆိုရင်တော့ အားကစားပြုလုပ်ခြင်းသည် ပိုမိုထိရောက်မှုရှိမှာပဲဖြစ်ပါတယ်။
Source: Brightside.me
