အားကစားလုပ်ဖို့ အသင့်တော်ဆုံးအချိန်ကို သိခြင်းက ကိုယ့်ရဲ့ Body Building ပေါ် အရေးပါတဲ့ သက်ရောက်ဖြစ်စေပါတယ်။ အခုတစ်ခေါက်မှာ မနက်ပိုင်းအားကစားလုပ်ခြင်းနဲ့ ညနေပိုင်း အားကစားလုပ်ခြင်းရဲ့ အကျိုးအပြစ်လေးတွေ ချိန်ဆပြချင်ပါတယ်။ များသောအားဖြင့် အားကစားလုပ်ကြတာ မနက်ခင်းအစောပိုင်းနဲ့ ညနေဘက်တွေ ဖြစ်တာကြောင့် ဖြစ်ပါတယ်။

မနက်ပိုင်းအားကစားလုပ်ခြင်းဟာ ညနေဘက်ထက် ဦးနှောက်နဲ့ ကြက်သားလှုပ်ရှားမှုအကြား တိကျအောင် ထိန်းချုပ်လုပ်ဆောင်တဲ့ စွမ်းရည်ပိုကောင်းစေပါတယ်။ ညနေပိုင်းထက်စာရင် မနက်ပိုင်းဆိုတာ ရေတိုမှတ်ဉာဏ်ပိုကောင်းပြီး စိတ်စုစည်းမှုလည်း ပိုကောင်းပါတယ်။ ဒါကြောင့် မနက်ဘက် လေ့ကျင့်ခန်း လုပ်ခြင်းဟာ စိတ်ကို ပိုမို နိုးကြားစေပါတယ်။

Photo: Freepik

သတိပိုကောင်းပြီး မှတ်ဉာဏ်လည်း အားပေးပါတယ်။ မနက်ဘက်မှာ Testosterone ဟာ အမြင့်ဆုံးအနေအထားမှာ ရှိတတ်လို့ မနက်ပိုင်း အားကစားလုပ်ခြင်းဟာ ပိုပြီး ထိရောက်မှု ရှိတတ်ပါတယ်။ သုတေသနတွေအရ အသက် ၅၀ အထက် သက်ကြီးပုဂ္ဂိုလ်တွေ မနက်ဘက် အားကစားလုပ်ခြင်းဟာ ငယ်ရွယ်သူတွေထက် စာရင် ထိခိုက်အန္တရာယ်ဖြစ်မှု ပိုနည်းတယ်လို့ ဖော်ပြထားပါတယ်။

မကောင်းတဲ့ဘက်က ဒီခေတ်မှာ မနက်စောစောထဖို့ ခက်လာကြပါတယ်။ အိပ်ရေးမဝအောင် လုပ်နေမိတဲ့ လူနေမှုအမှားတွေလည်း ပါလို့ ဖြစ်ပါတယ်။ နောက်တစ်ခုက မနက်ပိုင်း အားကစားလုပ်မယ်ဆိုရင် သွေးနွေးအောင် သွေးပူလေ့ကျင့်ခန်း ကောင်းကောင်းဆင်းပေးဖို့ လိုပါတယ်။ ညဘက်အိပ်ရေးပျက်ထားတဲ့သူတစ်ယောက်အဖို့ မနက်စော အားကစားလုပ်တာထက် ညနေဘက်ကို ရွေးချယ်သင့်ပါတယ်။

Photo: Freepik

Evening Workouts သမားတွေကတော့ အကြောအချဉ်တွေ ဖြေလျှော့ပြီးဖြစ်သလို သက်လုံနဲ့ အဆုတ်စွမ်းဆောင်ရည်တွေ အကောင်းဆုံးအနေအထားနဲ့ ကစားနိုင်ပြီ ဖြစ်ပါတယ်။ ဇီဝကမ္မဆိုင်ရာ အပြောင်းအလဲတွေအရလည်း ညနေဘက်မှာ မနက်ပိုင်းလောက် ခန္ဓာကိုယ်က အောက်ဆီဂျင်ရှုသွင်းမှု လုပ်ဖို့ မလိုတော့ပါဘူး။

တစ်ခုရှိတာက တစ်နေကုန် အလုပ်လုပ်ပြီးမှ အားကစားလုပ်တာ ဖြစ်လို့ လူက နုံးပြီး စွမ်းအင် Level ကျနေတတ်ပါတယ်။ ဒါဟာ ကိုယ့်ရဲ့ Workout လုပ်မှုပေါ် သက်ရောက်မှု ရှိပါတယ်။ ညနေဘက်မှာ အားကစားလုပ်ခါနီး ကောင်းကောင်းအနားရထားရင်တော့ ပြဿနာမရှိပါဘူး။ ဒီတော့ ဘယ်အချိန်မှာ အားကစားလုပ်တာ ပိုကောင်းသလဲဆိုရင် ကိုယ့်ခန္ဓာနရီ Body Clock အကောင်းဆုံးနဲ့ အတက်ကြွဆုံးဖြစ်တဲ့အချိန်မှာ အားကစားလုပ်တာ အကောင်းဆုံးလို့ပဲ ပြောချင်ပါတယ်။