အခုနောက်ပိုင်း ခေတ်စားလာတဲ့ ကျန်းမာရေးယောဂလေ့ကျင့်ခန်းထဲမှာ ရယ်မောယောဂ (Hasya Yoga) လည်း ပါဝင်ပါတယ်။ Laughter Yoga ဟာ နာမည်အတိုင်း ဟားတိုက်ရယ်ပြီး လုပ်ရတဲ့ ယောဂဖြစ်ပါတယ်။ ဟာသတွေနဲ့ ရီစရာကိစ္စတွေ အားကိုးစရာမလိုဘဲနဲ့ ခန္ဓာကိုယ်ကို ရယ်မောတတ်အောင် သင်ပေးတဲ့ ယောဂဖြစ်ပါတယ်။

ရယ်သောသူဟာ အသက်ရှည်ပါသတဲ့။ ဒါဆို ရယ်မောရတဲ့ ယောဂလေ့ကျင့်ခန်းကရော ဘယ်လိုအကျိုးကျေးဇူးတွေ ပေးပါသလဲ။

(၁) သွေးဖိအားကျဆင်းစေတယ်

Photo; Top Livenews

Laughter Yoga ကစားခြင်းဟာ သွေးအတွင်းမှာ ရှိတဲ့ Stress Hormone နဲ့ ကော်တီဆိုး Level ကျဆင်းစေပါတယ်။ ဒီလေ့ကျင့်ခန်းဟာ အေရိုးဗစ်လေ့ကျင့်ခန်းတစ်မျိုးလည်း ဖြစ်လို့ ကိုယ်တွင်းထဲမှာ ရှိတဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။ နောက်တစ်ချက်က အတွင်းပိုင်း ကိုယ်တွင်းအင်္ဂါတွေကိုပါ ပြေလျော့အောင် ဖြေလျှော့ပေးနိုင်ပါတယ်။

(၂) အောက်ဆီဂျင်ပိုရှုသွင်းဖြစ်တယ်

Photo: urbanwellbeing

ရယ်မောခြင်းအားဖြင့် အသက်ရှုသွင်း/ရှုထုတ်မှု ပိုပြီး လုပ်ဆောင်ဖြစ်ပါတယ်။ ဒီလိုနဲ့ ကိုယ်ခန္ဓာအတွင်း အောက်ဆီဂျင်ပိုရောက်လာစေပါတယ်။ အောက်ဆီဂျင် ရှုသွင်းမှု မြင့်မားခြင်းဟာ အဆုတ်ကိုလည်း ပိုပြီး အားကောင်းစေတာကြောင့် အသက်ရှုစနစ်ကိုလည်း ပိုကောင်းမွန်စေမှာပါ။

(၃) အာရုံစူးစိုက်မှု မြင့်စေတယ်

Photo: newsadvance

ဦးနှောက်ဟာ အောက်ဆီဂျင်ပိုရလေလေ နိုးကြားတက်ကြွမှု မြင့်မားပြီး အာရုံစူးစိုက်မှု ပိုကောင်းလေလေပါပဲ။ ရယ်မောခြင်းအားဖြင့် သွေးလည်ပတ်မှုလည်း ပိုကောင်းစေတာဖြစ်လို့ နှလုံးကျန်းမာရေးအတွက်ပါ ပိုကောင်းလာမှာ ဖြစ်ပါတယ်။

(၄) ကိုယ်ခံအားစနစ် ပိုကောင်းလာမယ်

Photo: Curly Steve

ရယ်မောခြင်းဟာကူးစက်မှုကို တိုက်ဖျက်ပေးနိုင်တဲ့ Lymphocytes အရေအတွက်ကို တိုးစေပြီး Lymphatic အရည် စီးဆင်းမှု ပိုတိုးလာစေပါတယ်။ Lymphocytes အရေအတွက် တိုးလာမဘ်ဆိုရင် ကိုယ်ခံအားလည်း ပိုကောင်းလာမှာပါ။ ဆေးသုတေသနတွေအရ ရယ်မောခြင်းဟာ ကိုယ်ခံအားကို ၄၀% ပိုတက်လာစေနိုင်တယ်လို့ ဆိုပါတယ်။

(၅) ပျော်ရွှင်လာစေတယ်

Photo: Yoga Vision

Laughter Yoga ဟာ ရယ်မောအောင် လုပ်တဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ အစပိုင်းမှာ လေ့ကျင့်ခန်းသဘောအရ ရယ်ရပေမယ့် နောက်ပိုင်းမှာ ပျော်ရွှင်စေတဲ့ Endorphin ဟော်မုန်းတွေ ထွက်လာပြီး တကယ်ပျော်ရွှင်လာပါတယ်။ ရယ်မောသူဟာ ကိုယ်ခန္ဓာနာကျင်မှုလည်း သက်သာလျော့ပါးတဲ့ အကျိုးတွေ ရပါတယ်။