ကွီးတို့ ခွန်းအားအပြည့်နဲ့ နေ့စဉ်မပျက်မကွက် အားကစားလုပ်ဖို့ဆိုတာ ထင်သလောက်မလွယ်ပါဘူး။ Workout ကစားတဲ့အခါ ခွန်အားအပြည့်နဲ့ စိတ်ဓာတ်တက်ကြွနေစေဖို့ စိတ်ဓာတ်မြင့်တင်ပေးနိုင်မယ့် နည်းလမ်းကောင်းတချို့ကို သိထားဖို့လိုပါမယ်။ အခုပြောပြပေးမှာကတော့ Workout ကစားသူတိုင်း လိုက်နာသင့်တဲ့ စိတ်အားတက်ကြွစေမယ့် နည်းလမ်းကောင်းတချို့ကို မျှဝေပေးချင်ပါတယ်။

(၁) ရည်မှန်းချက်ထားပါ

Photo : iStock

အားကစားလုပ်တဲ့အခါ ရည်မှန်းချက်ထားပြီး လုပ်ဆောင်တာ ကောင်းပါတယ်။ ဝိတ်တင်တာ ဖြစ်ဖြစ် ဝိတ်ချတာ ဖြစ်ဖြစ် ရည်မှန်းချက်နဲ့ ကစားတာက ပိုပြီး ထိရောက်ပါတယ်။ အချိန်ဘယ်လောက်အတွင်းမှာ ကြွက်သားထုထည်ဘယ်လောက် တက်အောင်လုပ်မယ် ၊ ပေါင်ဘယ်လောက်ကျရမယ် စသဖြင့်ကိုယ်လိုချင်တဲ့ ပန်းတိုင်တစ်ခု ချမှတ်လိုက်ပါ။ ရည်မှန်း ချက်အတိုင်း လုပ်ဆောင်ခြင်းက ကွီးတို့ကို စိတ်ခွန်အားရစေမယ့်  နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

(၂) ကစားနည်းတွေ ပြောင်းပါ

Photo : iStock

အမြဲတမ်း ပုံစံတူ  ကစားနည်းတွေပဲ ကစားနေရင် ပျင်းလာမှာ သေချာပါတယ်။ ဒါကြောင့် ကွီးတို့ လုပ်နေကျ လေ့ကျင့်ခန်းတွေ ကစားနည်းတွေနဲ့ မတူတဲ့ လေ့ကျင့်ခန်းတွေကို ၂ ပတ်တစ်ခါ အပြောင်းအလဲပြုလုပ်ပြီး ကစားပါ။ တက်ကျွမ်းတဲ့ ထရိန်နာနဲ့ သေချာတိုင်ပင်ပြီး ကွီးတို့ရဲ့ ဘော်ဒီနဲ့ ခံနိုင်ရည်ပေါ်မူတည်ကာ ကစားနည်းတွေကို ပြောင်းလဲကစားသင့်ပါတယ်။

(၃) နားရက်ယူပါ

Photo : iStock

နေ့တိုင်းနားရက်မရှိပဲ အားကစား လုပ်တာက ကောင်းတဲ့အကြံတစ်ခု မဟုတ်ပါဘူး။ Gym ကစားတဲ့အခါလည်း လိုအပ်သည်ထက် ပိုပြီးကစားခြင်းက ထင်ထားသလို ကြွက်သားပိုမိုကြီးထွားလာနိုင်မှာ မဟုတ်ပါဘူး။ လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါမှာ ကြွက်သားတွေကို ပြန်လည် အနားပေး ဖို့လိုအပ်ပါတယ်။ အလွန်အကျွံကစား မိရင် ကစားသလောက် ရလဒ်မထူးခြားတဲ့အပြင် ခန္ဓာကိုယ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။  အကောင်းဆုံးကတော့ တစ်ပတ်ကို ၂ – ၃ ရက်လောက် နားရက်ယူပေးသင့်ပါတယ်။

(၄) ကျန်းမာတဲ့ နေထိုင်မှုပုံစံတစ်ခု မွေးမြူပါ

Photo : iStock

အားကစား လုပ်နေသူတစ်ယောက်အတွက် အရေးကြီးဆုံးက ကျန်းမာရေးနှင့်ညီညွှတ်တဲ့ စားသောက်နေထိုင်မှု ပုံစံရှိဖို့ပါပဲ။ ကိုယ်ကစားနေတဲ့ Workout Plan နဲ့အညီ ကျန်းမာမျှတအောင်စားမယ် ၊  အိပ်ရေးဝဝ အိပ်စက်အနားယူမယ်  ၊ ရေများများသောက်မယ် စသည်ဖြင့် ကျန်းမာအောင်နေထိုင်ဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ခွန်းအားအပြည့်နဲ့ ရည်မှန်းထားတဲ့ Body Goal ရအောင် ကောင်းကောင်း ကစားနိုင်မှာပါ။

Featured Photo : Experience Life Magazine – Life Time