ကိုယ်ရော စိတ်ပါကျန်းမာသန်စွမ်းစေဖို့ အတွက် လူတိုင်း၊ လူတိုင်းဟာ ကိုယ်လက်လေ့ကျင့်ခန်းကို လုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့နေရာမှာ လမ်းလျှောက်ခြင်း ကဲ့သို့သော ပေါ့ပါးတဲ့ လေ့ကျင့်ခန်းတွေကို မည်သူမဆို ဘေးကင်းစွာလုပ်နိုင်ပါတယ်။ ဒါမှမဟုတ် ကွီးတို့က ကြွက်သားများဖွံ့ဖြိုးဖို့၊ ဝိတ်ကျစေဖို့၊ Abs ရစေဖို့ စတဲ့ ရည်မှန်းချက်တွေရှိနေတယ်ဆိုရင်တော့ ပိုမိုစနစ်ကျတဲ့လေ့ကျင့်ခန်းတွေ လိုလာပါပြီ။ ထိုသို့ လေ့ကျင့်ခန်းတွေလုပ်ရာမှာ နည်းစနစ်တကျဖြစ်ဖို့နဲ့ ထိခိုက်ဒဏ်ရာမဖြစ်ဖို့က သတိထားရမဲ့အချက်တွေပါပဲ။ ဒါကြောင့် ကွီးတို့အတွက် Workout လုပ်ရာတွင် ထိခိုက်ဒဏ်ရာ မဖြစ်စေရန် လိုက်နာသင့်တဲ့ အချက်တွေကို‌ ဝေမျှပေးချင်ပါတယ်။

(၁) Workout မ ပြုလုပ်ခင် ပထမဆုံး သွေးပူလေ့ကျင့်ခန်းကို  အနည်းဆုံး ၅ မိနစ်မှ ၁၀ မိနစ် လုပ်ပါ

Workout ထိခိုက်ဒဏ်ရာ

Photo : Men’s Journal

(၂) ကွီးတို့ Workout လုပ်လျှင် ပြင်းထန်သောလေ့ကျင့်ခန်းများကို အရင်မလုပ်ဘဲ ကိုယ့်ခန္ဓာကိုယ်နဲ့ သင့်လျော်သော လေ့ကျင့်ခန်းများဖြင့်စတင်ပါ။ ထိုမှတဆင့် တဖြည်းဖြည်းချင်း အဆင့်မြှင့်သွားပါ။ လိုအပ်လျှင် ကျွမ်းကျင်သော Trainers များရဲ့ အကူအညီကို ရယူပါ။

Workout ထိခိုက်ဒဏ်ရာ

Photo : The PTDC

(၃) လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်း သို့မဟုတ် မကြာခဏပြင်းထန်စွာလုပ်ခြင်းသည် ကွီးတို့ရဲ့ အဆစ်အမြစ်များ ရောင်ရမ်းစေခြင်း၊ တောင့်တင်းခြင်း၊ နာကျင်ခြင်း၊ ကြွက်သားနဲ့အရွတ်များ ရောင်ရမ်းနာကျင်ခြင်းကဲ့သို့သော ထိခိုက်မှုများဖြစ်စေကြောင်း သတိပြုပါ။ လေ့ကျင့်ခန်းများလုပ်ပြီးလျှင် ခန္ဓာကိုယ်အတွက် လုံလောက်သော အနားယူမှုရှိပါစေ။

Workout ထိခိုက်ဒဏ်ရာ

Photo : Marine Corps

(၄) Workout လုပ်ရာတွင် ထိခိုက်ဒဏ်ရာ မဖြစ်စေရန် လိုက်နာသင့်တဲ့ နောက်တစ်ချက်ကတော ကွီးတို့ ခန္ဓာကိုယ်က ပြောတာကို နားထောင်ဖို့ပါပဲ။ ဖျားနေချိန် သို့မဟုတ် အလွန်ပင်ပန်းနွမ်းနယ်နေချိန်တွင် လေ့ကျင့်ခန်းကို ခေတ္တရပ်ထားဖို့ လိုပါတယ်။

Exercise

Photo : Insider

(၅) Workout လုပ်တာကို အချိန်တစ်ခု ရပ်ထားပြီးမှ ပြန်စလုပ်လျှင် အခြေခံလေ့ကျင့်ခန်းတွေကစပြီး ပြန်လုပ်ပါ။ ပြင်းထန်သောလေ့ကျင့်ခန်းများမှ ပြန်စလုပ်လျှင် ကွီးတို့ ခန္ဓာကိုယ်အတွက် ဒဏ်ဖြစ်စေနိုင်ပါတယ်။

Exercise

Photo : Muscle and Fitness

(၆) Workout ပုံမှန်လုပ်တဲ့ လူအများစုအတွက် ရေများများသောက်ခြင်းက လုံလောက်ပါတယ်။ ဒါပေမဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်လျှင် ရေအပြင် ကိုယ်နဲ့သင့်တော်တဲ့ Sport Drinks တွေကိုလည်း ရွေးချယ်သောက်သုံးသင့်ပါတယ်။

Exercise

Photo : Men’s Health

(၇) Workout လုပ်ရာတွင် ထိခိုက်ဒဏ်ရာ မဖြစ်စေရန် သတိထားရမဲ့ နောက်တစ်ချက်ကတော့ Workout လုပ်တဲ့အခါ ဝတ်ဆင်တဲ့ ဝတ်စုံပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်း လုပ်ရင်းနဲ့ မတော်သော အားကစားဖိနပ်များ၊ ကျပ်လွန်းချောင်လွန်းသော ဝတ်စုံများကြောင့်လည်း ထိခိုက်ဒဏ်ရာ ရနိုင်ပါတယ်။ ထို့ကြောင့် လေ့ကျင့်ခန်း လုပ်တော့မယ်ဆိုရင် အားကစားဖိနပ်ကို သေချာရွေးချယ်သင့်ပါတယ်။ ဝတ်စုံကိုလည်း သက်တောင့်သက်သာဖြစ်ပြီး အရမ်းမကျပ်လွန်းတာမျိုး ရွေးချယ်ရပါမယ်။ ကိုယ်လုပ်မဲ့ လေ့ကျင့်ခန်း ကိုလိုက်ပြီး ထိခိုက်ဒဏ်ရာ ဖြစ်ခြင်းမှကာကွယ်နိုင်ရန် ဦးထုတ်၊ ဒူးကာ စသည်တို့ကိုလည်း အလေးထားဝတ်ဆင်ရန် လိုအပ်ပါတယ်။

Exercise

Photo : Styl Inc

အထက်ပါ အချက်လေးများကို သတိထားလိုက်နာခြင်းဖြင့် ကွီးတို့ Workout လုပ်နေစဉ်အတွင်း ထိခိုက်ဒဏ်ရာရခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အကယ်၍ Workout လုပ်နေစဉ်အတွင်း ထိခိုက်ဒဏ်ရာ ရရှိမှုဖြစ်ပွားခဲ့လျှင် အမြန်ဆုံးဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Source : Harvard Health Publishing

Featured Photo : Istock