ကွီးတို့ရေ တန်ဖိုးရှိတဲ့ တစ်နေ့တာအချိန်ထဲက လေ့ကျင့်ခန်း လုပ်ဖို့ အချိန်ပေးမယ်ဆိုရင် အကောင်းဆုံးအကျိုးရလဒ် ဖြစ်လာဖို့ လိုပါတယ်။ ကြွက်သားတွေသန်မာဖို့၊ ကိုယ်အလေးချိန်ကျဖို့၊ ကိုယ်ခံအားနဲ့ ခံနိုင်ရည်ရှိဖို့ နဲ့ ကျန်းမာနေဖို့ အတွက် လေ့ကျင့်ခန်းလုပ်ကြပါတယ်။ လေ့ကျင့် ခန်း လုပ်လို့ရတဲ့ ရလဒ်ကို ပိုကောင်းအောင် ကွီးတို့ရဲ့  ခန္ဂာကိုယ်ကို အာဟာရ ကောင်းကောင်းဖြည့်ပေးဖို့ လိုပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးနောက် ဆုံးရှုံးသွားတဲ့ အာဟာရ တွေကို ပြန်ဖြည့်ပေးရပါမယ်။ အစားအစာ အမျိုးအစား အများကြီးရှိပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာမဟုတ်ရင် ကွီး လေ့ကျင့်ခန်း လုပ်တဲ့အကျိုးကို အပြည့်အဝရမှာ မဟုတ်ပါဘူး။  ဒါကြောင့် Workout လုပ်တဲ့အခါ ရလဒ် ကောင်း ကောင်းရစေဖို့ အထောက်အကူပြုစေမဲ့ အစားအစာများ ကို  အခုဘဲ ရွေးချယ်စားလိုက်ပါ။

(၁) ချယ်ရီသီး ဖျော်ရည်

Workout ရလဒ် အစားအစာမျာ

Photo : Medical News Today

ကွီးတို့ အတွက်  Workout လုပ်တဲ့အခါ ရလဒ် ကောင်းကောင်းရစေဖို့ အထောက်အကူပြုစေမဲ့ အစားအစာများ ထဲက ပထမဆုံးတစ်ခုကတော့ ချယ်ရီသီး ဖျော်ရည်ပဲဖြစ်ပါတယ်။ ချယ်ရီသီး ဖျော်ရည်ဟာ ကြွက်သားနာခြင်းကို လျှော့ချပေးပါတယ်။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းအတွက် ပိုမို မြန်ဆန်စွာ ကောင်းစေပါတယ်။ ချယ်ရီသီးမှာပါတဲ့ ပိုလီဖီနောထဲမှာ အစွမ်းထက်တဲ့ ဓါတ်တိုးလျှော့ ပစ္စည်းနဲ့ ရောင်ရမ်းခြင်းကို သက်သာစေတဲ့ ဓါတ်ပေါင်းတွေ ပါဝင်ပါတယ်။  ငှက်ပျောသီး၊ ဒိန်ချဉ်တွေနဲ့ ရောပြီး သောက်မယ်ဆိုရင် ချယ်ရီသီးဖျော်ရည်ရဲ့ အာဟာရ တန်ဖိုးကို ပိုမြင့်စေတယ်လို့ အာဟာရဗေဒ ပညာရှင်တွေက အကြုံပြုထားပါတယ်။

(၂) အဆီဓါတ်ကြွယ်ဝသော ငါးများ

Workout ရလဒ် အစားအစာများ

Photo : New York Post

အားကစားသမားများနဲ့ ကျန်းမာရေးလိုက်စားသူ အတော်များများက ခန္ဓာကိုယ်ကြွက်သားများ ကြီးထွားရန်နဲ့ ပြန်လည်သန်စွမ်းစေဖို့ အသားဓါတ်ပရိုတင်းရဲ့ အရေးပါပုံကို ကောင်းကောင်း သိကြပါတယ်။ သို့သော်လည်း သွေးတွင်းဟော်မုန်းပမာဏကို ထိန်းထားနိုင်ဖို့ လုံလောက်သော အဆီဓါတ်ကို စားသောက်ဖို့လည်း အရေးကြီးပါတယ်။ အသားဓါတ်ပါသော အစာများနဲ့အတူ အဆီဓါတ်ကြွယ်ဝသော ငါး (ဥပမာ ဆော်လမွန်၊ ဟဲရင်း စသော ) များကို ကွီးတို့ရဲ့ နေ့စဉ်စားတဲ့ အစာမှာ ထည့်သွင်းစားသောက်တာက ကောင်းသော အကျိုးကျေးဇူးကို ရစေပါတယ်။ အခွံမာအစေ့ အဆံများ၊ အသီးခြောက်များဖြင့် ဖြည့်စားပါက မဂ္ဂနီယမ် နဲ့ သတ္တုဓါတ်အချို့ကို ရစေပါတယ်။

(၃) သံလွင်သီး၊ သံလွင်ဆီ

Olives

Photo : Mashed

သံလွင်သီး၊ သံလွင်ဆီ အစာတွေဟာ အဆီဓါတ်ကြွယ်ဝပြီး ကာဗိုဟိုက်ဒရိတ်နည်းတဲ့ အစာတွေဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်နေစဉ်မှာ အဆီဓါတ်တွေကို လောင်ကျွမ်းစေပါတယ်။ သံလွင်သီး စားခြင်းဖြင့်  လေ့ကျင့်ခန်းလုပ်စဉ် ကိုယ်တွင်းဇီဝဖြစ်စဉ်ကို အထောက်အပံ့ ပြုပေးတဲ့အတွက် ခန္ဓာကိုယ်အတွက် ကောင်းပါတယ်။

(၄) ခရမ်းချဉ်သီး

tomato

Photo : I really Like Food

ကွီးတို့ရေ ခရမ်းချဉ်သီးဟာ Workout လုပ်တဲ့အခါ ရလဒ် ကောင်းရစေဖို့ အထောက်အကူပြုစေမဲ့ အစားအစာများထဲက တစ်ခုအပါအဝင်ဖြစ်ပြီး နေ့စဉ်စားသုံးဖြစ်နေတဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။ ခရမ်းချဉ်သီးနဲ့ ခရမ်းချဉ်ဖျော်ရည်ဟာ သွေးတွင်းသွေးဆဲလ်ဖြူ ကို ကြွက်သားဆီ ပို့ပေးတဲ့အတွက် ကြွက်သားများပြန်လည်ကျန်းမာစေပါတယ်။ သုတေသနတစ်ခုက  ကြွက်သားပျက်စီးခြင်းကို လျှော့ကျ စေကြောင်းလေ့လာတွေ့ရှိရပါတယ်။  ချွေးထွက်ခြင်းကြောင့် ပိုတင်ဆီယမ်လျှော့နည်းခြင်းကို ကာကွယ်ပေးပါတယ်။

(၅) ဖရဲသီး

Water melon

Photo  : Eat This, Not That

ဖရဲသီးမှာ ကောင်းမွန်တဲ့ အေမိုင်နိုအက်ဆစ် အ​​ယ်လ် စီထယူလင်း ပါတဲ့အတွက် ကြွက်သား နာကျင်ခြင်းကို  သက်သာစေပါတယ်။  ဖရဲသီးကို ထောပတ်၊ မြေပဲ တို့နဲ့ စားသုံးလို့ရပါတယ်။ သို့မဟုတ် ဖရဲသီး ဖျော်ရည် ကို Workout လုပ်တဲ့ နေ့တိုင်း တစ်ခွက်သောက်ပါ။

ကွီးတို့ရေ Workout လုပ်တဲ့အခါ ရလဒ် ကောင်းကောင်းရစေဖို့ အထောက်အကူပြုစေမဲ့ အစားအစာများ ထဲက ကောင်းနိုးရာရာကို ရွေးချယ်ပေးလိုက်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို  စားခြင်းဖြင့် ရလဒ်ကောင်းတွေ ဖို့အထောက်အကူပြုပါလိမ့်မယ်။

Source : Eat This, Not That

Featured Photo : Istudy