ကွီးတို့ရေ လူတိုင်းက အဆီမရှိဘဲ ကိုယ်ရည်စစ်ပြီး ကျစ်ကျစ်လစ်လစ်နဲ့ ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်မျိုး လိုချင်ကြပါတယ်။ အထူးသဖြင့် ဝမ်းဗိုက်မှာ အဆီမရှိချင်ကြပါဘူး။ ဒါပေမဲ့ ဒီလိုဖြစ်ဖို့ဆိုရင် အစားအသောက်ပုံစံကို ဂရုစိုက်ဖို့ လိုရုံသာမက ကိုယ်လက်လေ့ကျင့်ခန်း Workout မှန်မှန်လုပ်ဖို့ လည်းလိုပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်း က နေ့စဉ် ပုံမှန် အချိန်မှန်လုပ်ရင် အကောင်းဆုံးပါပဲ။ ဒါကြောင့် အချိန်မှန် Workout လုပ်ပြီး ကိုယ်အလေးချိန်ကျ မြန်မြန် ချင်တဲ့ ကွီးတို့အတွက် Workout လုပ်ဖို့ နေ့တစ်နေ့ရဲ့ အကောင်းဆုံးအချိန်ကို ဝေမျှပေးချင်ပါတယ်။

ကိုယ်အလေးချိန်ကျစေရန်အတွက် Workout လုပ်ဖို့ နေ့တစ်နေ့မှာ အကောင်းဆုံးအချိန်ဆိုတာရှိပါသလား

Workout လုပ်ဖို့

Photo : Men’s Health

ကွီးတို့ ရေ သိပ္ပံပညာအရ ကိုယ်အလေးချိန်လျှော့ချရန် Workout လုပ်ဖို့အကောင်းဆုံးအချိန်က နံနက်ခင်းဖြစ်တယ်လို့ ဆိုထားပါတယ်။ မနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်ထဲက အဆီတွေကို လျှော့ချဖို့ အကောင်းဆုံးနည်းလမ်းနဲ့ အကောင်းဆုံးအချိန်ပါပဲ။ အထူးသဖြင့် မနက်ခင်း ဘာမှမစားသေးဘဲ Workout လုပ်တာဟာ အဆီတွေကျ စေဖို့ အကောင်းဆုံး ပဲလို့ဆိုထားပါတယ်။

exercise

Photo : Goalcast

မနက်ခင်းမှာ Workout လုပ်တဲ့အခါ ခန္ဓာကိုယ်က အဆီ ဇီ၀ကမ္မဖြစ်စဉ်ကို နေ့တစ်နေ့ရဲ့ အခြားအချိန်တွေမှာ လုပ်တာထက် ပိုကောင်းစေပါတယ်။ မနက်ခင်းမှာ Cortisol နဲ့ ဟော်မုန်းတွေ သဘာဝအတိုင်း တိုးလာတဲ့အတွက် ခန္ဓာကိုယ်က  စွမ်းအင်တွေကို အဆီတွေက ပိုဆွဲထုတ်လာပါလိမ့်မယ်။ ဒါကြောင့် Workout လုပ်တဲ့ အချိန်က ကွီးတို့ ကိုယ်အလေးချိန်ကျဖို့ အကူအညီလည်းဖြစ်နိုင်သလို၊ နှေးကွေးစေတာမျိုး လည်းဖြစ်နိုင်ပါတယ်။

exercise

Photo : Noun Project

ဒါပေမဲ့ တချို့သော သူတွေအတွက်တော့ အလုပ်ကိစ္စကြောင့်ဖြစ်စေ၊ ကျောင်းကိစ္စကြောင့်ဖြစ်စေ၊ အခြားသောကိစ္စများကြောင့်ဖြစ်စေ  မနက်တိုင်း Workout လုပ်ဖို့ ဆိုတာမဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ မပူပါနဲ့ ဒီလို မနက်ခင်းမှာ မအားတဲ့ ကွီးတို့က ကိုယ်အဆင်ပြေတဲ့အချိန် ပုံမှန် Workout လုပ်သွားလို့ ရပါတယ်။ ကိုယ်အလေးချိန်ကျစေရန် Workout လုပ်ဖို့နေ့တစ်နေ့ရဲ့ အကောင်းဆုံး အချိန်ရှိတာ မှန်ပေမဲ့ ကွီးတို့သာ စနစ်တကျနဲ့ ပုံမှန် Workout လုပ်ဖို့ အချိန်ပေးဖြစ်မယ် ဆိုရင် ကွီးတို့ ပန်းတိုင်ကို မထိခိုက်စေပါဘူး။ Workout ပုံမှန်လုပ်ဖြစ်နေပြီး အချိန်ရတဲ့ ကွီးတွေကတော့ မနက်ခင်းအချိန်ကို ပြောင်းပြီး Workout လုပ်ကြည့်ပါ။ ကွီးတို့လိုချင်တဲ့ ပန်းတိုင်ကို အမြန်ဆုံးရောက်မှာပါ။

Source : Healthy You

Featured Photo : Askmen