Workout မလုပ်ခင် ဘာတွေစားသင့်သလဲဆိုတာ ကွီးတို့အတွက် အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ လေ့ကျင့်ခန်းတစ်ခု မလုပ်ခင် မစားသင့်တဲ့ အစားအစာ တွေကို သိထားဖို့ လိုပါတယ်။ လေ့ကျင့်ခန်းလုပ်ပါက အလုပ်လုပ်နေသော ကြွက်သားတွေက သွေးပမာဏများများ ရှိနေဖို့ လိုအပ် ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း အစာအိမ်သို့ သွေးစီးဆင်းမှု လျော့ နည်းနေပါတယ်။ ဒီလိုအချိန်မျိုးမှာ အစာအိမ်ထဲ ကြေညက်ခဲတဲ့ အစာတွေရောက်နေမယ်ဆိုရင် ကွီး အနေနဲ့ ဗိုက်အောင့်တာ မအီမသာဖြစ်တာကို ခံစားရနိုင်ပါတယ်။ ကွီးရဲ့ ဝမ်းဗိုက်ကို ခက်ခဲစွာ အလုပ်စေဖို့ မသင့်ပါဘူး။ ဒါကြောင့် ကွီးအနေနဲ့ လေ့ကျင့်ခန်း Workout မလုပ်ခင် ရှောင်ဖို့ လိုအပ်တဲ့ အစားအစာများ ကို ဖော်ပြလိုက်ပါတယ်။

၁။ ပဲအမျိုးမျိုး

Workout အစားအစာများ

Photo : Eath This Not That

အာဟာရအဖြစ် စားသုံးနိုင်တဲ့ ပဲအမျိုးမျိုးရှိပါတယ်။ ပဲအနက်ရောင်ဘာဂါ၊ ပဲစွပ်ပြုတ်၊ ပဲနဲ့ ဟင်းသီးဟင်းရွက်အစာ၊ ပဲနဲ့ အသီးတွေကို စားမယ်ဆိုရင် အစာမကြေဘဲ ဗိုက်အောင့်တာကို ဖြစ်စေပါတယ်။ အမျှင်ဓာတ်များသော သက်သတ်လွတ် အစားအစာတွေက အားကစားသမားများရဲ့ အစာချေ လမ်းကြောင်းကို အခက်အခဲ ဖြစ်စေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပဲအမျိုးမျိုးမှာပါဝင်တဲ့ အမျှင် ဓါတ်နဲ့ ကြေညက်ဖို့မလွယ်တဲ့ ကာဗိုဟိုက်ဒရိတ် ရာဖင်နို့ ဓါတ်ပစ္စည်း ပါဝင်တာကြောင့် ဖြစ်ပါတယ်။ ကွီးအနေနဲ့ Workout မလုပ်ခင်မှာ ပဲအမျိုးမျိုးပါတဲ့ အစားအစာများ ကို ရှောင်သင့်ပါတယ်။

၂။ Cruciferous ဟင်းသီးဟင်းရွက်များ

Workout အစားအစာများ

Photo : Two Healthy Kitchens

ကွီးတို့ရေ ဘရိုကိုလီ၊ ဘရပ်ဆဲလ်ပင်ပေါက်များ၊ ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီတို့လို Cruciferous ဟင်းသီး ဟင်းရွက်တွေဟာ ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်ပြီး ကင်ဆာရောဂါ ဖြစ်ပွားမှုကို ဟန့်တားနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်တာကြောင့် အစွမ်းထက်သော ဂုဏ်သတ္တိများ ပါ၀င်ပါတယ်။ သို့သော်လည်း ပါဝင်တဲ့ ဆာလဖာဒြပ်ပေါင်းတွေက ကွီးတို့ရဲ့အစာအိမ်မှာ ဆာလဖါဓာတ်ငွေ့ကို ဖြစ်စေတဲ့အပြင် Raffinose ပါဝင်တဲ့အတွက် Workout မလုပ်ခင် Cruciferous ပါတဲ့ အစားအစာ ကို ပန်းကန်လုံးတစ်လုံးစာလောက် စားလိုက်ရင် အစာချေဖျက်မှုကို နှစ်ဆဖြစ်စေပါတယ်။

၃။ နို့ထွက်ပစ္စည်းအစားအစာများ

Workout အစားအစာများ

Photo : Harvard Health

ကွီးအနေနဲ့ အချို့သော အစားအစာတွေနဲ့ ဓါတ်မတဲ့တာမျိုး ဖြစ်ဖူးရင် အဲ့ဒီ အစားအစာ မျိုးကို Workout မလုပ်ခင် ရှောင်ကြဉ်ဖို့ လိုပါတယ်။ နို့ထွက်ပစ္စည်းအစားအစာမှာ လက်စ်တို့ Lactose ပါဝင်ပါတယ်။ ကွီးအနေနဲ့ လက်စ်တို့ Lactose ဓါတ်မတဲ့ဘူးဆိုရင် နို့နှင့် ချိစ်လို နို့ထွက်ပစ္စည်းများကို ရှောင်သင့်ပါတယ်။ မရှောင်ဘဲ စားမိတယ်ဆိုရင် အူလမ်းကြောင်း ကြွက်တက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အပြင်းစားချိစ်များ၊ ဒိန်ချဉ်၊ Kefir နှင့် Lactose မပါသောနို့ တွေကတော့ ကွီးအတွက် သင့်တော်ပါတယ်။

၄။ အကြော်အလှော်များနဲ့ အဆီများတဲ့ အစားအစာများ

Food

Photo : Health and Fitness Revolution

ကွီးအနေနဲ့ workout မလုပ်ခင် ဘာဂါ၊ အကြော်နဲ့ ပီဇာ လိုမျိုး အဆီပြန်တဲ့ ဆီကြော် စတဲ့ အစားအစာတွေကို ရှောင်ပါ။ အစာခြေစနစ်မှာ ပိုကြာကြာနေစေပြီး အစာကြေဖို့ ခက်ခဲစေမယ့် ပြည့်ဝဆီတွေ ရှိနေတာကြောင့်ပါ။ ဒီလို အစားအစာများသည် ဝမ်းချုပ်ခြင်း၊ ကြွက်တက်ခြင်းနှင့် ဝမ်းလျှောခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

Workout မလုပ်ခင် ရှောင်ကြဉ်သင့်တဲ့ အစားအစာတွေ အများကြီးရှိပါတယ်။ ကွီးအနေနဲ့ ပုံမှန် လေ့ကျင့်ခန်းလုပ်နေတယ်ဆိုရင် မသက်မသာဖြစ်တာတွေ မဖြစ်အောင် အစားအစာ အချို့ကို ရွေးချယ် စားသောက်သင့်ပါကြောင်း အကြံပေးလိုက်ပါတယ်။

Source : myfitnesspal

Featured Photo : Muscles and Fitness