သင်သည် Gym ခန်းမဆီသွားပြီး လေ့ကျင့်ခန်းသွားလုပ်တဲ့အခါ Gym ခန်းထဲ ရောက်ပြီဆိုတာနဲ့ ဘယ်အရာကို အရင်ဆုံး ပြုလုပ်ဖြစ်ပါသလဲ။

အလေးဆုံးဆိုတဲ့ အလေးတုံးကိုမပြီး အားသွန်ခွန်စိုက် လေ့ကျင့်ခန်းစလုပ်ဖြစ်ပါသလား။ ဒါဆိုရင်တော့ သင့်ရဲ့စိတ်အားထက်သန်မှုကို ချီးကျူးရမှာပါပဲ။ ဒါပေမဲ့ ထိုအလေ့အကျင့်သည် ရေရှည်တွင် သင့်ရဲ့အရိုးအရွတ်များကို ထိခိုက်နိုင်ပါတယ်။

အရိုးအရွတ်များကို မထိခိုက်စေဘဲ မှန်ကန်တဲ့နည်းလမ်းဖြင့် လေ့ကျင့်ခန်းပြုလုပ်လိုသော ယောကျာ်းများအတွက် ကျွမ်းကျင်ပညာရှင်များ ဖော်ပြထားတဲ့ လွဲမှားသော အလေ့အကျင့်တချို့ကို ဝေမျှပေးလိုက်ရပါတယ်။

သွေးပူလေ့ကျင့်ခန်းဖြင့် အစမပျိုးခြင်း

wrong workout habits for men

အဓိကလေ့ကျင့်ခန်းများ မပြုလုပ်ခင်မှာ သွေးပူလေ့ကျင့်ခန်းကို ၁၀ မိနစ်ခန့် ပြုလုပ်ပေးမှသာလျှင် သင့်ရဲ့ကြွက်သားနှင့် အရိုးအဆစ်များအတွက် ကောင်းမွန်စေပြီး ကျန်ရှိနေသောလေ့ကျင့်ခန်းများကို အကောင်းဆုံးလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

အကြောလျော့လေ့ကျင့်ခန်းဖြင့် အစပျိုးခြင်း

wrong workout habits for men

အကြောလျော့လေ့ကျင့်ခန်းကတော့ လေ့ကျင့်ခန်းအားလုံး ပြုလုပ်ပြီးသွားပြီဆိုမှ အဆုံးသတ်ပြုလုပ်ပေးရမယ့် လေ့ကျင့်ခန်းတစ်ခုပါ။ ဒီလေ့ကျ်င့ခန်းသည် သင့်ရဲ့ခွန်အားနှင့် အမြန်နှုန်း၊ သွေးခုန်နှုန်းတို့ကို တဖြည်းဖြည်းချင်းစီ လျော့ချပေးသွားမှာဖြစ်ပါတယ်။

ဒါ့ကြောင့် သွေးပူလေ့ကျင့်ခန်းနဲ့ အကြောလျော့လေ့ကျင့်ခန်းကို သူ့နေရာနဲ့သူ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

ခန္ဓာကိုယ်အနေအထား မမှန်ကန်ခြင်း

wrong workout habits for men

လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ ခန္ဓာကိုယ်အနေအထားသည်လည်း အင်မတန်အရေးကြီးပါတယ်။ ခန္ဓာကိုယ်အနေအထားမမှန်ပါက ခါးနာခြင်း၊ ဒူးနာခြင်းတို့ ခံစားရတတ်ပါတယ်။ အလေးတုံးအကြီးကြီး မချင်ဇောနဲ့ အနေအထားမမှန်ကန်တာကို လျစ်လျူရှုထားမယ်ဆိုရင် အသက်အရွယ်ရလာတဲ့အခါ ပြင်းထန်တဲ့နာကျင်မှုကို ခံစားရစေပါတယ်။

အလေးတုံးများကို ဖြစ်သလို ပစ်ချခြင်း

wrong workout habits for men

အလေးတုံးများကို ကြမ်းပြင်ပေါ်သို့ ဆောင့်ချခြင်းသည် အခြားသော လေ့ကျင့်ခန်းပြုလုပ်နေသူများအတွက်လည်း အနှောင့်အယှက်ဖြစ်စေပြီး သင့်ကို မျက်စိစပါးမွှေးစူးစေပါလိမ့်မယ်။

ဒါ့အပြင် နောက်ထပ်ဖြစ်နိုင်ချေရှိတဲ့အချက်ကတော့ သင်သည် ကိုယ်မနိုင်တဲ့ အလေးတုံးတွေကို မ, နေတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အလေးတုံးကို မထိန်းချုပ်နိုင်ဘဲ ဆောင့်ချမိသွားတာပါ။ နောက်တစ်ခါဆိုရင်တော့ ကိုယ် တကယ်နိုင်တဲ့ အလေးတုံးပဲ မသင့်ပါတယ်။

ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုတည်းကိုသာ အာရုံစိုက်ခြင်း

wrong workout habits for men

ဝမ်းဗိုက်က အဆီပိုတွေ ကျချင်ဇောနဲ့ တစ်ခါလာလည်း Crunches လေ့ကျင့်ခန်းတွေပဲလုပ်နေမယ် တစ်ခါလာလည်း အိပ် ထ မ တင် လေ့ကျင့်ခန်းတွေပဲ လုပ်နေလို့မရပါဘူး။ ရင်အုပ်ကြွက်သားများအတွက် ဆော့ကစားတဲ့ ရက်တစ်ရက်၊ ခြေထောက်ကြွက်သာများအတွက် ဆော့ကစားတဲ့ရက်တစ်ရက် စသည်ဖြင့် အလှည့်ကျ ဆော့ကစားပေးမှသာလျှင် ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သာများအတွက် အလှည့်ကျ အလုပ်ပေးထားရာရောက်ပြီး ကြွက်သားများ မြန်မြန်ကြီးထွားကျစ်လျစ်စေပါတယ်။

Source: Mensjournal.com

Featured Image Source: Tumblr.com