ကျွန်တော်တို့ဟာ Workout လုပ်တဲ့အခါ ဥပမာ ဝိတ်ကျဖို့၊ ကြွက်သားတွေ ဖွံ့ဖြိုးဖို့၊ ကျန်းမာရေးအတွက်၊ Abs ရစေဖို့စသည်ဖြင့် ရည်ရွယ် ချက်မျိုးစုံနဲ့ လုပ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျန်းမာရေးအတွက် ကိုယ်ခန္ဓာ လှုပ်ရှားမှုကို နေ့စဉ်လုပ်သင့်ပါတယ်။ Workout ဟာ စိတ်ဖိစီးမှုတွေကို ပြေလျော့စေပြီး ခန္ဓာကိုယ်အတွက် ကွီးတို့လိုချင်တဲ့ အနေအထားရစေဖို့ ပြုလုပ်သင့်တဲ့ နည်းလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေ Workout လုပ်တဲ့နေရာမှာ သိထားသင့်တဲ့ ရိုးရှင်းတဲ့အချက်တွေကို မေ့နေတတ်ပါတယ်။ ဒါကြောင့် Workout လုပ်ရာတွင် ကွီးတို့ သိထားသင့်တဲ့ အရေးကြီးသော အကြံပြုချက်များကို မျှဝေပေးချင်ပါတယ်။

(၁) Workout ကိုမစတင်မှီ အမြဲတမ်းသွေးပူ လေ့ကျင့်ခန်းလုပ်ပါ

Workout အရေးကြီးသော အကြံပြုချက်များ

Photo : Lifehacker

ကွီးတို့ အနေနဲ့ Workout လုပ်ရာတွင် သိထားသင့်တဲ့ အရေးကြီးသော အကြံပြုချက်များ ထဲက ပထမဆုံးတစ်ချက်ကတော့ Workout မစခင်အမြဲတမ်း သွေးပူလေ့ကျင့်ခန်းလုပ်ဖို့ပဲ ဖြစ်ပါတယ်။ သွေးပူလေ့ကျင့်ခန်း မလုပ်ဘဲ Workout ကို တန်းပြီးလုပ်မယ်ဆိုပါက ကွီးတို့ရဲ့ ကြွက်သားတွေဟာ အေးနေခြင်းကြောင့် ပျော့ပြောင်းမှုနည်းပြီး Workout လုပ်ရာမှာ အဆင်မပြေဘဲ ထိခိုက်ဒဏ်ရာ ရနိုင်ပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ ကိုယ်လုပ်မဲ့ Workout မလုပ်ခင် ၅ မိနစ်မှ ၁၀ မိနစ်ခန့် သင့်လျော်တဲ့သွေးပူလေ့ကျင့်ခန်းကို အချိန်ယူပြီးလုပ်သင့်ပါတယ်။

(၂) Workout လုပ်တဲ့ပုံစံ မှန်ကန်ပါစေ

Workout အရေးကြီးသော အကြံပြုချက်များ

Photo : Men’s Health

Workout စလုပ်ပြီဆိုရင် ကွီးတို့အနေနဲ့ Workout လုပ်တဲ့ပုံစံမှန်ကန်ဖို့ လိုပါတယ်။ ပုံစံမမှန်ကန်ဘဲ Workout လုပ်မိပါက ကြွက်သားနာကျင်ခြင်း၊ အဆစ်အမြစ်များ ရောင်ရမ်းခြင်း၊ နောက်ကျောဘက် နာကျင်ခြင်းများဖြစ်ပေါ်နိုင်ပါတယ်။ ဒါကြောင့် ကွီးတို့ Workout လုပ်မယ်ဆိုရင် မှန်ကန်တဲ့ ပုံစံကစားနိုင်ရန် အရင်ဆုံးနည်းစနစ်တကျ လေ့လာပါ။ သို့မဟုတ် ကျွမ်းကျင်သော Trainers များ၏ အကူအညီကို ယူပါ။

(၃) အာဟာရဓာတ်ကို မြှင့်တင်ပါ

Workout အရေးကြီးသော အကြံပြုချက်များ

Photo : Steel Supplements

ကွီးတို့ Workout လုပ်နေစဉ် ဖျားနာတာမျိုး မကြာခဏ ဖြစ်လျှင် အစာအာဟာရချိုတဲ့တာမျိုး ဖြစ်နိုင်ပါတယ်။ ထို့အပြင် Workout လုပ်တဲ့အခါ ခန္ဓာကိုယ်ကို ထောက်ပံ့ပေးတဲ့ စွမ်းအင်အတွက်လည်း အာဟာရဓာတ် ပြည့်ဝဖို့ လိုပါတယ်။ အစာ အာဟာရဓာတ်ပြည့်ဝခြင်းက ကွီးတို့ကို ကြွက်သားများ ဖွံဖြိုးစေရန်၊ ကိုယ်အလေးချိန်ကျစေရန်နဲ့ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပါတယ်။ ကောင်းမွန်တဲ့ အစားအသောက်ရွေးချယ်မှုဟာ ကျန်းမာရေးအတွက် အရမ်းကိုကောင်းတဲ့ အချက်ပါပဲ။ ထို့အပြင် Workout လုပ်ခြင်းနဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံတို့က အစာ အာဟာရကို ကွီးတို့ဘယ်လောက် ဦးစားပေးလဲဆိုတဲ့ အပေါ်လည်းမူတည်ပါတယ်။

(၄) Workout လုပ်ရာတွင် ခန္ဓာကိုယ်ကပြောတာကို နားထောင်ပါ

Exercise

Photo : Technogym

Workout လုပ်ရာတွင် သိထားသင့်တဲ့ အရေးကြီးသော အကြံပြုချက်များ ထဲကနောက်တစ်ခုကတော့ ကွီးတို့ ခန္ဓာကိုယ်ကပြောတာကို နားထောင်ဖို့ပါပဲ။ Workout လုပ်နေရင်း ကွီးတို့ရဲ့ ခန္ဓာကိုယ်မှာ တစ်ခုခု မူမမှန်တာ၊ နာကျင်တာမျိုးရှိလာရင် Workout လုပ်နေခြင်းကို ရပ်တန့်လိုက်ပါ။ နာကျင်မှု ခံစားရခြင်းသည် ကွီးတို့ Workout လုပ်နေစဉ် အမှားတစ်ခုခု လုပ်နေမိခြင်း သို့မဟုတ် Workout လုပ်ဆောင်ရန် ခန္ဓာကိုယ်က အဆင်သင့်မဖြစ်သေးသော လက္ခဏာ ဖြစ်သည်။ ဒါကြောင့် နာကျင်မှုကို ခံစားရတာနဲ့Workout လုပ်ခြင်းကို ရပ်တန့်ပါ။ ခဏအနားယူပြီး နာကျင်မှုဖြစ်စေတဲ့ အကြောင်းအရင်းကို ပြန်လည်သုံးသပ်ကြည့်ပါ။

(၅) အနားယူပါ

Exercise

Photo : Terry Cralle

လူတော်တော်များများက Workoutကို အနားမယူဘဲ ဆက်တိုက်လုပ်လျှင်  ၎င်းတို့လိုချင်တဲ့ပန်းတိုင်ကို မြန်မြန်ရောက်မယ်လို့ ယူဆကြပါတယ်။ သို့သော် အမှန်တရားမှာ လေ့ကျင့်ခန်းက ကွီးတို့ ခန္ဓာကိုယ်ကို ပင်ပန်းနွမ်းနယ်စေပြီး အနားယူမှသာ Workout ဆက်လက်လုပ်နိုင်ဖို့ ခန္ဓာကိုယ်ကပြန်လည်တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကွီးတို့ Workout အချိန်စာရင်းထဲမှာ အနားယူချိန်လည်း ထည့်သွင်းထားဖို့လိုပါတယ်။

Workout လုပ်တဲ့အခါ အထက်ဖော်ပြပါ အရေးကြီးသော အကြံပြုချက်များ ကို လိုက်နာကျင့်သုံးခြင်းက ကွီးတို့ လိုချင်တဲ့ Body Goal အမြန်ဆုံး ရဖို့အတွက် အထောက်အကူ ပြုပါလိမ့်မယ်။

Source : Life hack

Featured Photo : Create