အခုမှ လေ့ကျင့်ခန်းစလုပ်မယ့် Beginners သမားများ ပထမဦးဆုံးစလုပ်မှာဖြစ်တဲ့အတွက် စိတ်လှုပ်ရှားမှာ အမှန်ပါပဲ။ Workout လုပ်ဖို့အတွက် ဘယ်လိုအားကစားအဝတ်အစားတွေ လိုအပ်မလဲ။ အားကစားအဝတ်အစားတွေကို ဘယ်အိတ်နဲ့ ထည့်သွားရင် ကောင်းမလဲ စတဲ့အတွေးတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။

လေ့ကျင့်ခန်း ပြုလုပ်ပြီး တစ်လ၊ နှစ်လလောက်ကြာတဲ့အခါမှာတော့ စစလုပ်ချင်းတုန်းကလိုမျိုး တက်ကြွမှုမရှိတော့ပါဘူး။ ဒီလိုမျိုးမဖြစ်ဖို့ရန်အတွက် ကူညီပေးမယ့် နည်းလမ်းကောင်းလေးတွေရှိပါတယ်။

မိမိရဲ့ပန်းတိုင်ကို အရင်ဦးဆုံး ချမှတ်ထားပါ

man doing workout in the bedroom

သင်သည် ဝိတ်လျော့ချင်တဲ့သူဆိုရင် ကိုယ်အလေးချိန် ဘယ်လောက်ကျသွားရမလဲ (သို့) သင်သည် ဝိတ်တက်လာချင်တယ်ဆိုရင် ဘက်လောက်ဝတ်တက်ချင်တာလဲ။ ကြွက်သားများ ကျစ်ကျစ်လျစ်လျစ်တောင့်တောင့်တင်းတင်း ဖြစ်ချင်တယ်ဆိုရင်လည်း ဘယ်အရွယ်အစားအထိ တောင့်တင်းချင်သလဲဆိုတာကို တစ်ခါတည်း ချမှတ်ထားပါ။

သင် ချမှတ်ထားတဲ့ ပန်းတိုင်သည် လက်တွေ့ကျတဲ့ပန်းတိုင်ဖြစ်ဖို့လိုပါတယ်။ ထိုပန်းတိုင်အတွက် အချိန်ကာလပါ တစ်ခါတည်း သတ်မှတ်ထားပါ။

ဇွဲရှိပါ

man doing workout

မိမိချမှတ်ထားတဲ့ ပန်းတိုင် ပြည့်မြောက်ဖို့ရန်အတွက် တစ်စိုက်မတ်မတ်လုပ်ဆောင်နိုင်ရပါမယ်။ တစ်ပတ်လောက် လေ့ကျင့်ခန်းလုပ်ပါ။ နောက်တစ်ပတ်မှာ အကြောင်းအမျိုးမျိုးပြပြီး လေ့ကျင့်ခန်း မလုပ်လိုက်၊ ထိုကဲ့သို့ လုပ်လို့မရပါဘူး။ ကိုယ်လေ့ကျင့်ခန်းလုပ်ရမယ့်ရက်ကို မပျက်မကွက်ပြုလုပ်ရပါမယ်။

ပျော်ပျော်ပါးပါး ပေါ့ပေါ့ပါးပါးပဲ ဆော့ကစားပါ

man doing workout at gym

Workout ပြုလုပ်ခြင်းကို တာဝန်ဝတ္တရားကြီးတစ်ခုလို မခံစားပါနဲ့။ ကိုယ် ဝါသနာပါတဲ့အရာ ပေါ့ပေါ့ပါးပါးနဲ့ အချိန်ကုန်ဆုံးရမယ့်အရာလို့ တွေးထားမယ်ဆိုရင် လေ့ကျင့်ခန်းပြုလုပ်ရတာ ဝန်ထုပ်ဝန်ပိုးမဖြစ်ဘဲနဲ့ ပျော်ရွှင်လာပါလိမ့်မယ်။

Workout အတူတူ တွဲလုပ်နိုင်မယ့် သူငယ်ချင်းတစ်ယောက် ရှာပါ

man doing workout at gym

သင့်လိုမျိုးပဲ လေ့ကျင့်ခန်းပြုလုပ်ရမှာ စိတ်အားထက်သန်တဲ့သူငယ်ချင်းတစ်ယောက်ကို ရှာဖွေလိုက်ပါ။ ဒီလိုသူငယ်ချင်းနဲ့အတူတူ ပြုလုပ်ခြင်းသည် တစ်ယောက်တည်း ဆော့ရတာထက် ပိုပြီး ပျော်ဖို့ကောင်းပြီး တစ်ယောက်နဲ့ တစ်ယောက် အားပေးအဖော်ပြုလို့ရပါတယ်။

Personal Trainer ငှားပါ

man doing workout at gym with his personal trainer

ကျွမ်းကျင်တဲ့ Trainer က သင့်ရဲ့လေ့ကျင့်ခန်း ပြုလုပ်ပုံပြုလုပ်နည်းကို စနစ်တကျ ပြုလုပ်နိုင်အောင် ကူညီပေးနိုင်ပါတယ်။ ငွေကြေးအနည်းငယ် စိုက်ထုတ်ရမှာဖြစ်ပေမယ့် ထိရောက်မှုလည်း ပိုရှိတဲ့အတွက်ကြောင့် သင့်အနေနဲ့ လေ့ကျင့်ခန်း တစ်ခါမှ မပြုလုပ်ဖူးဘူးဆိုရင်တော့ ဒီနည်း အသုံးပြုသင့်ပါတယ်။

Source: Nextluxury.com