ပြီးခဲ့တဲ့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲက ဘောလုံးလောကရဲ့ GOAT ကြီး နှစ်ဦးဖြစ်တဲ့ လီယွန်နယ် မက်ဆီ နဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့အတွက် နောက်ဆုံးသော ကမ္ဘာ့ဖလားပြိုင်ပွဲလို့ အားလုံး ယူဆထားခဲ့ကြပေမယ့်လည်း လက်ရှိမှာတော့ ရော်နယ်လ်ဒိုက အမေရိကန် ကနေဒါ နဲ့ မက္ကဆီကိုတို့ (၃)နိုင်ငံ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် ၂၀၂၆ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကိုပါ ပါဝင် ဆင်နွဲဖို့ပါ အစီအစဉ် ရှိနေတယ်လို့ သိရပါတယ်။

ronaldo portugal

Photo Credit : Sky Sports

ရော်နယ်လ်ဒိုက ပေါ်တူဂီ လက်ရွေးစင်အသင်းနဲ့အတူ ၂၀၂၆ ယူရိုဖလား နဲ့ ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့တဲ့ ဥရောပ နေးရှင်းစ်လိဂ်ဖလားတို့ကို ဆွတ်ခူး ပိုင်ဆိုင်နိုင်ခဲ့ပေမယ့်လည်း ကမ္ဘာ့ဖလားမှာတော့ အောင်မြင်မှု မရရှိသေးပဲ အမြင့်ဆုံး အောင်မြင်မှုအဖြစ် ၂၀၀၆ ဂျာမနီ ကမ္ဘာ့ဖလားတုန်းက စတုတ္ထနေရာသာ ပိုင်ဆိုင်ခဲ့ပါတယ်။ တကယ်လို့ ရော်နယ်လ်ဒိုသာ ၂၀၂၆ ကမ္ဘာ့ဖလားအထိ ပေါ်တူဂီအတွက် ထပ်မံ ကစားပေးဦးမယ်ဆိုရင်တော့ ဒါဟာ ရော်နယ်လ်ဒိုအတွက်လည်း (၆)ကြိမ်မြောက် ကမ္ဘာ့ဖလား ဆင်နွဲမှုပါ ဖြစ်လာပါလိမ့်မယ်။

cr7 portugal

Photo Credit : Daily Sabah

အဲ့ဒီ ၂၀၂၆ ကမ္ဘာ့ဖလားမှာဆိုရင် ရော်နယ်လ်ဒိုရဲ့ အသက်အရွယ်က (၄၂)အထိတောင် ရှိနေတော့မှာပါ။ ဒါပေမယ့် နိုင်ငံအသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးချင်နေတဲ့ ပြင်းပြသော စိတ်ဓါတ်တွေ အခုထိ တွန်းတွန်းတိုက်တိုက် အပြေးအလွှား ကစားနိုင်သေးတဲ့ မာကြောသော ရုပ်ပိုင်းဆိုင်ရာတွေကြောင့် ရော်နယ်လ်ဒိုက ၂၀၂၆ကမ္ဘာ့ဖလားကို ဝင်ရောက် ဆင်နွဲနိုင်ခြေ ရှိပါတယ်။ ဒီလို ဝင်ရောက်နိုင်ဖို့အတွက်လည်း ရော်နယ်လ်ဒိုက သူရဲ့ လက်ရှိကလပ် အယ်လ်နာဆာအသင်းနဲ့ပါ ၂၀၂၇ခုနှစ်အထိ စာချုပ်သက်တမ်းတိုးဖို့ပါ စီစဉ်နေပါတယ်။

cr7 world cup

Photo Credit : InsideSport

လက်ရှိ ဆော်ဒီလိဂ်မှာ ဒီရာသီရဲ့ ဂိုးသွင်းအများဆုံး ဂိုးဖန်တီးမှု အများဆုံး နေရာတွေမှာ ရပ်တည်နေတဲ့ ရော်နယ်လ်ဒိုက အယ်လ်နာဆာအသင်းနဲ့ ၂၀၂၇ခုနှစ်အထိ သက်တမ်းတိုးပြီးရင် ပေါ်တူဂီအတွက် ၂၀၂၄ ယူရိုပြိုင်ပွဲရော ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ ပါဝင် ယှဉ်ပြိုင်သွားမှာဖြစ်ပြီး သူရဲ့ ကစားသမားဘဝကိုတော့ အယ်လ်နာဆာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ၂၀၂၇မှသာ အဆုံးသတ်ဖွယ်လည်း ရှိနေပါတယ်။

Featured Photo : Sportskeeda