မနက်ဖြန် ဧပြီ (၁)ရက်နေနဲ့ ဧပြီ (၂)ရက်နေ့ weekend နှစ်ရက်အတွင်းမှာ ဘောဝါသနာရှင် ကွီးတို့အတွက် ကလပ်အသင်း ပွဲစဉ်တွေ ပြန်လည် စတင်ပြီ ဖြစ်သလို တိုက်တာခိုက်တာကိုမှ ဝါသနာထုံတဲ့ ဖိုက်တာကွီးတွေအတွက်လည်း WWE ရဲ့ WrestleMania 39 PPV (Pay-Per-View) ပွဲစဉ်ကြီးလည်း ရှိနေပါကြောင်း သတင်းကောင်းပါးလိုက်ချင်ပါတယ်။

reigns vs rhodes

Photo Credit : Kupy Wrestling Wallpaper

WrestleMania ဆိုတာ WWE ရဲ့ အကြီးမားဆုံး PPV ကြီးဖြစ်လို့ ရှယ်မိုက်တဲ့ တွဲဆိုင်းပွဲတွေ တပြုံကြီး ပါဝင်နေမှာဖြစ်ပြီး အဓိက စောင့်ကြည့်သွားရမယ့် အကောင်းဆုံးပွဲကတော့ WWE မှာ ထိပ်တန်း ခါးပတ်နှစ်ခုကို အချိန်အတန်ကြာ ပိုင်ဆိုင်ထားတဲ့ Roman Reigns နဲ့ WWE Royal Rumble(နပန်းစင်ပေါ်ကနေ ပစ်ချရတဲ့ပွဲ) မှာ အနိုင်ရထားတဲ့ တကျော့ပြန် ဖိုက်တာကြီး Cody Rhodes တို့ရဲ့ ခါးပတ်လုပွဲပဲ ဖြစ်ပါတယ်။

austin vs cena

Photo Credit : Caseside Seats

ဒီပွဲအပြင် WWE ကို ခဏလာလည်သူ John Cena နဲ့ တက်သစ်စ နပန်းသမား Austin Theory တို့ရဲ့ United State ခါးပတ်လုပွဲကလည်း စီနီယ-ဂျူနီယာ တိုက်ပွဲမို့ စိတ်ဝင်စားဖို့ကောင်းနေဦးမှာ အသေအချာပါပဲ။ ပြီးရင် Uso ညီနောင်နဲ့ ကနေဒါ ဘရားသားတွေဖြစ်တဲ့ Kevin Owens-Sami Zayn တို့ရဲ့ နှစ်ယောက်တွဲ ခါးပတ်လုပွဲကလည်း ဘယ်လိုအဖြေပေါ်မလဲဆိုတာ ရင်ခုန်စရာပါ။

mysterio family war

Photo Credit : Youtube

ဒီလိုပွဲတွေနဲ့အတူ အရင်ကတည်းက WWE မှာ 619 619 နဲ့ နာမည်ကျော်ခဲ့သူ Rey Mysterio နဲ့ သားဖြစ်သူ Dominik တို့ရဲ့ သားအဖတိုက်ပွဲ ဆိုရှယ်မီဒီယာမှာ အလွန် နာမည်ကြီးနေသူ Logan Paul နဲ့ Seth Rollins တို့ရဲ့ ပထမဆုံး ရင်ဆိုင်ရမယ့်ပွဲ လက်ရှိ WWE မှာ အကောင်အထွားဆုံးလို့ သတ်မှတ်ရမယ့် Omos နဲ့ တချိန်က UFC ဘက်မှာတောင် ရှယ်ဗျင်းခဲ့သူ Brock Lesnar တို့ပွဲတွေဟာလည်း လုံးဝကို ဖျော်ဖြေမှုအပြည့် ပေးသွားမှာပါ။ ဒီထဲမှာ မဖော်ပြမိတဲ့ ပွဲကောင်းတွေလည်း များကြီးကို ရှိနေပါသေးတယ်။ ဒီပွဲတွေကို live ဖြစ်ဖြစ် ပြန်လည် ကြည့်ရှုလိုတာပဲဖြစ်ဖြစ် https://watchwrestling.ae/ မှာ ဝင်ရောက် ကြည့်ရှုနိုင်ကြောင်းကိုပါ လက်တို့လိုက်ပါတယ်ခင်ဗျာ။

Featured Photo : Wrestling Headlines