အားကစားလိုက်စားကြတဲ့ အမျိုးသားတွေမှာ ကိုယ် နှစ်သက်ရာစူပါဟီးရိုးတွေ ကိုယ်စီကိုယ်စီ ရှိကြမှာပါ။ Iron Man ဖန်တွေလည်းရှိကြမှာဖြစ်သလို စပိုက်ဒါမန်းဖန်၊ ကပ္ပတိန်အမေရိကဖန် စသည်ဖြင့် တူညီကြမှာမဟုတ်ပါဘူး။

စပိုက်ဒါမန်းမှာတင် Tobey Maguire ၊ Andre Garfield နဲ့ Tom Holland ဆိုပြီး ထပ်ကွဲသွားပြန်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိမယ့် “Spider-Man: Homecoming” မှာ Tom Holland ကို စပိုက်ဒါမန်းအသစ်အဖြစ် မြင်ရမှာဖြစ်တယ်လို့ မာဗယ်က ကြေညာတဲ့အခါမှာ စပိုက်ဒါမန်းပရိသတ်တွေက မတင်မကျဖြစ်သွားကြပါသေးတယ်။

ဘာ့ကြောင့်လဲဆိုတော့ Tom Holland သည် သူ့ရဲ့ပွဲဦးထွက်ရုပ်ရှင်တွေမှာတုန်းက လူကောင်သေးသေးလေးဖြစ်တာကြောင့် စူပါဟီးရိုးဇာတ်ရုပ်နဲ့ လိုက်ပါ့မလား။ ရုပ်ရှင်ကရော ကြည့်ကောင်းပါ့မလားဆိုပြီး ပရိသတ်တွေ စိုးရိမ်သွားကြတာဖြစ်ပါတယ်။

တကယ်တမ်းလည်း ရုပ်ရှင်ရုံတင်တဲ့အခါ မာဗယ်ဖန်တွေရဲ့ အားပေးမှုကို တစ်ခဲနက် သိမ်းပိုက်ရရှိခဲ့ပြီး နောက်ဆုံးထွက်ရှိထားတဲ့ Spider-Man: No Way Home ဆိုရင်လည်း လူအများ ကြိုက်နှစ်သက်ကြပါတယ်။

လူကောင်သေးသေးလေးပဲရှိတဲ့ Tom Holland တစ်ယောက် သူ့ဇာတ်ရုပ်နဲ့ ကိုက်အောင် ကြွက်သားတွေ ကြီးမားဖွံ့ထွားလာအောင် ဘယ်လို Workout တွေ ပြုလုပ်ခဲ့သလဲ။

လေ့ကျင့်ခန်း (၁)

You Can't Be a spider-man but You Can be as strong as a spider-man

Photo: Makeagif.com

ခန္ဓာကိုယ်ကို ဟန်ချက်ညီဖို့ရန်အတွက် ဒူးကို ပုံပါအတိုင်း ထောက်ထားပါ။ ထို့နောက် ပုံမှန်ဒိုက်ထိုးနေကျအတိုင်း တံတောင်ကွေးကာ ဒိုက်ထိုးလိုက်ပါ။ ထို့နောက် တံတောင်ကို ပြန်ဆန့်တဲ့အချိန်မှာ လက်ခုပ်တီးလိုက်ပါ။

တံတောင်ကွေး၊ တံတောင်ဆန့်၊ လက်ခုပ်တီး စတဲ့ အဆင့် (၃) ဆင့်ကို တစ်ခုချင်းစီပြုလုပ်ပေးသွားရပါမယ်။ စုစုပေါင်း ၆ ကြိမ်မှ ၁၀ ကြိမ်၊ ၃ ကျော့စီ ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

You Can't Be a spider-man but You Can be as strong as a spider-man

Photo: Gfycat

လက်နှစ်ဖက်ကို ခုံတစ်ခုပေါ်မှာ ထောက်ထားပါ။ ထို့နောက် လက်မောင်း ကြွက်သားကို အသုံးပြုပြီး ခန္ဓာကိုယ်ကို နိမ့်ချည်မြင့်ချည် ပြုလုပ်ရမှာဖြစ်ပါတယ်။ စုစုပေါင်း ၁၀ ကြိမ်မှ ၁၅ ကြိမ်၊ ၃ ကျော့စီ ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

You Can't Be a spider-man but You Can be as strong as a spider-man

Photo: Menshealth

ဒီလေ့ကျင့်ခန်းကတော့ ခန္ဓာကိုယ်အောက်ပိုင်းကြွက်သားများအတွက် အထူးကောင်းမွန်ပါတယ်။ ညာခြေကို ပုံပါအတိုင်း ခုံတစ်လုံးပေါ်တွင် တင်ထားပါ။ ထို့နောက် တင်ပါးကို နောက်ပစ်ပြီး ဘယ်ဒူးကို ကွေးချလိုက်ပါ။ ထို့နောက် ပြန်ဆန့်တန်းပါ။ ဒီနည်းအတိုင်း တစ်လှည့်စီ ပြုလုပ်ရပါမယ်။ စုစုပေါင်း ၆ ကြိမ်မှ ၁၀ ကြိမ်၊ ၃ ကျော့စီ ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၄)

You Can't Be a spider-man but You Can be as strong as a spider-man

Photo: Flab Fix

လေ့ကျင့်ခန်းပြုလုပ်တဲ့ ဖျာပေါ်မှာ လှဲလျောင်းနေပါ။ ထို့နောက် ခြေထောက်နှစ်ဖက်ကို ချဲထားပါ။ ထို့နောက် ဘယ်ခြေကို အပေါ်သို့ ဆန့်တန်းပြီးနောက် ပုံပါအတိုင်း တင်ပါးကို အပေါ်သို့ ပင့်တင်ပေးရပါမယ်။ စက္ကန့် ၂၀ ခန့် ပြုလုပ်ပါ။

သတ်မှတ်ချိန်ပြည့်ပါက ဘယ် ညာ ပြောင်းကာ ထိုနည်းအတိုင်း စက္ကန့် ၂၀ ဆက်လုပ်ရပါမယ်။ စုစုပေါင်း ၂ ကျော့ ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၅)

You Can't Be a spider-man but You Can be as strong as a spider-man

Photo: Focusfitness.net

အရင်ဦးဆုံး ကြမ်းပြင်ပေါ်တွင် ခါးမတ်မတ်ထိုင်ပြီး ခြေထောက်နှစ်ဖက်ကို ဆန့်တန်းထားပါ။ ထို့နောက် လက်နှစ်ဖက် ထောက်လိုက်ပါ။ ထို့နောက် တင်ပါးကို အပေါ်သို့ ကြွလိုက်ပါ။ ခါးနှင့် ခြေထောက်သည် ၉၀ ဒီဂရီ ထောင့်မှန်ကျနေရပါမယ်။

ထိုအနေအထားအတိုင်း စက္ကန့် ၁၀ မှ ၃၀ အထိ တောင့်ခံနေပေးလိုက်ပါ။ စုစုပေါင်း ၂ ကျော့ ပြုလုပ်ရမှာဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းတွေ ပုံမှန်ပြုလုပ်ပေးတဲ့အခါ စပိုက်ဒါမန်း မဖြစ်နိုင်ပေမယ့် စပိုက်ဒါမန်းတစ်ယောက်လို သန်မာသွားစေမှာဖြစ်ပါတယ်။

Source: Iamsuperhero.com