ဘောလုံးလောကမှာ စံချိန် မှတ်တမ်းကောင်းတွေ တစ်ခုပြီးတစ်ခု ရယူနေသလို သူက စံချိန်တွေနောက်ကို လိုက်နေတာ မဟုတ်ပဲ စံချိန် မှတ်တမ်းတွေကသာ သူ့နောက်ကို လိုက်လာတာလို့ ပြောဆိုခဲ့ဖူးတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကတော့ အခုလည်း Youtube Channel တစ်ခုကို ဒီရက်ပိုင်းအတွင်းမှာပဲ စတင် ဖွင့်လှစ်ခဲ့ရာ အခုဆိုရင် သူရဲ့ Channel က Subscribers အရေအတွက်ပေါင်း သန်း(၃၀)တောင် ကျော်လွန်သွားခဲ့ရပြီပဲ ဖြစ်ပါတယ်။
Photo Credit: Youtube
လက်ရှိ Youtube Channels များထဲမှာ MrBeast ဆိုတဲ့ အမေရိကန် YouTuber ရဲ့ Channel က Subscribers အရေအတွက်ပေါင်း အများဆုံး ဖြစ်နေပြီး (၃၁၁)သန်းအထိကို ရှိလို့နေပြီး ဒုတိယနေရာမှာ ရှိနေတဲ့ T-Series ထက်လည်း အတော်လေး သာလွန်လို့နေပါတယ်။ ဒါပေမယ့် MrBeast လို Youtubeမှာ Subscribers အများဆုံး ရထားသူတောင် မပိုင်ဆိုင်ဖူးသေးတဲ့ စံချိန်မှတ်တမ်းမျိုးကို ရော်နယ်လ်ဒိုက နာရီပိုင်းအတွင်း ရက်ပိုင်းလေးအတွင်းမှာပဲ လုပ်ဆောင်ပြသွားခဲ့ပါတယ်။
Photo Credit: Times Now
ရော်နယ်လ်ဒိုဟာ UR · Cristiano ဆိုတဲ့ နာမည်နဲ့ Youtube Channel တစ်ခုကို ဖွင့်လှစ်ပြီး တစ်နာရီအတွင်းမှာပဲ Subscribers (၁)သန်း ပြည့်သွားခဲ့ရသလို ဒါဟာ Youtubeပေါ်မှာ ဘယ် YouTuber မှ မရဖူးသေးတဲ့ အလန်းစား စံချိန်တစ်ခုလည်း ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် MrBeast တို့ Subscribers ပေါင်း သန်း(၂၀)အထိ ရရှိအောင် လအတန်ကြာ ကြိုးပမ်းခဲ့ရပေမယ့် ရော်နယ်လ်ဒိုကတော့ Subscribers ပေါင်း သန်း(၂၀)ကို (၂၄)နာရီအတွင်းမှာပဲ ရယူပြနိုင်ခဲ့ပါတယ်။
Photo Credit: Business Standard
လောလောဆယ်မှာတော့ ရော်နယ်လ်ဒိုဟာ Youtubeရဲ့ Subscribers အများဆုံး အယောက် (၅၀)စာရင်းထဲမှာ မရှိသေးပေမယ့်လည်း ရက်ပိုင်းလေးအတွင်းမှာတင် သန်း(၃၀)အထိတောင် ရောက်လာခဲ့တာဖြစ်လို့ လာမယ့် တစ်ပတ်အတွင်း ဒါမှမဟုတ် လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ Top 50 lists ထဲ ဝင်လာနိုင်သလို Youtubeက GOAT ကြီး MrBeast ကိုပါ ကျော်တက်သွားနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ရော်နယ်လ်ဒိုဟာ Instagram မှာတော့ Followers အများဆုံးအဖြစ် ရပ်တည်လျက် ရှိနေပြီး Twitter မှာဆိုရင်လည်း အီလွန်မက်ခ်နဲ့ အိုဘားမားတို့ပြီးရင် တတိယမြောက် Followers အများဆုံးသူအဖြစ် ရပ်တည်နေပါတယ်။
Featured Photo: Legit.ng