Sony က ၎င်းရဲ့ ZV ကင်မရာစီးရီးမှာ ဒုတိယမြောက် Vlogger Friendly ကင်မရာ တစ်လုံးဖြစ်တဲ့ ZV-1F ကို မိတ်ဆက်ပေး လိုက်ပါပြီ။ ZV-1F ကင်မရာဟာ ZV-1 နဲ့ နှိုင်းယှဉ်ပါက ပိုမို ဈေးသက်သာပြီး ရိုးရှင်းလွယ်ကူစွာ အသုံးပြုနိုင်ဖို့ တချို့သော Features တွေကို လျော့ချထားပါတယ်။

Photo : GSMArena.com

ZV-1F ကင်မရာမှာ ZV-1 နဲ့ တူညီတဲ့ 20.1MP 1.0-Type (13.2mm x 8.8mm) Exmor RS CMOS Sensor ပါရှိပါတယ်။ Zoom Lens အရှင် အစား 20mm (35mm နဲ့ တူညီတဲ့) f 2.0 Fixed Prime Lens ကို အသုံးပြု ပေးထားပါတယ်။ အဆိုပါ Lens ဟာ ZV-1 မှာပါတဲ့ အကျယ်ဆုံး Focal Length ထက် ပိုကြီးပြီး မြင်ကွင်းကျယ်ကို ထောက်ပံ့ပေးတာကြောင့် ကင်မရာကို ကိုယ်တိုင်လက်နဲ့ ကိုင်ပြီး Vlog ရိုက်ကူးချင်သူတွေအတွက် တော်တော်လေး အဆင်ပြေပါတယ်။ ဒါ့အပြင် Street Photography ကဲ့သို့ ဓာတ်ပုံ ရိုက်ကူးမှုတွေအတွက် ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ Focal Length ကိုလည်း ထောက်ပံ့ပေးပါတယ်။

ZV-1F ကင်မရာဟာ 4K ဗီဒီယိုတွေကို 30fps အထိ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ Sony မှာ S-Log2 ၊ S-Log3 နဲ့ HLG အပါအဝင် ရုပ်ပုံပရိုဖိုင်အမျိုးမျိုး ရနိုင်ပေမယ့်လည်း ZV-1F ကင်မရာကတော့ 8-bit 4:2:0 နဲ့သာ ရိုက်ကူးနိုင်တာကြောင့် အရောင်အသွေး အရမ်းစုံတဲ့ ဗီဒီယိုတွေ ဖန်တီးမှုပိုင်းမှာတော့ အကောင်းဆုံး အရည်အသွေးကို ရနိုင်မှာမဟုတ်ပါဘူး။

ဒါပေမယ့် အားသာချက်တစ်ခုက Wireless စမတ်ဖုန်း ချိတ်ဆက်မှုကို အသုံးပြုပြီး တိုက်ရိုက် Record လုပ်ခြင်းနဲ့ Upload တင်ခြင်းတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ZV-1F ကင်မရာဟာ Instagram ၊ TikTok နဲ့ YouTube Shorts ဗီဒီယိုတွေအတွက် အကောင်းဆုံးဖြစ်တဲ့ ဒေါင်လိုက် Vertical ဗီဒီယိုတွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

ZV-1F ကင်မရာ မှာ Built-in Directional 3 – Capsule မိုက်ကရိုဖုန်းနဲ့ Bundled Windscreen တစ်ခုလည်း ပါရှိပါတယ်။ 3.5mm မိုက်ပေါက်ကနေ တစ်ဆင့် ပြင်ပ မိုက်ခရိုဖုန်းကို ချိတ်ဆက် နိုင်ပေမယ့်လည်း Hotshoe တော့ မပါပါဘူး။ micro HDMI ပေါက်လည်း ထည့်ပေးထားပြီး ZV-1 ကင်မရာမှာ တပ်ဆင်ထားတဲ့ microUSB အစား ZV-1F မှာ USB-C ကို ပြောင်းလဲ အသုံးပြုထားပါတယ်။

Source: Sony | Camera Channel

ZV-1F ကင်မရာမှာ ယခင်ထွက်ခဲ့တဲ့ Sony ကင်မရာတွေကနေ ဆင့်ပွားယူဆောင်လာတဲ့ အခြားသော Features တွေ ဖြစ်တဲ့ SteadyShot ဒစ်ဂျစ်တယ် ပုံရိပ် Stabilization ၊ အရာဝတ္ထုတွေကို Tracking လုပ်နိုင်မယ့် Eye AF ၊ မျက်နှာနဲ့ လက်ကြားက အရာဝတ္ထုကို အလိုအလျှောက် အလျင်အမြန် ပြောင်းလဲပြီး Focus လုပ်ပေးနိုင်မယ့် Product Showcase Mode ၊ Soft Skin Effect နဲ့ တူညီတဲ့ 7.5cm 921,600 dots Articulating Touchscreen မျက်နှာပြင်တို့ ပါရှိပါတယ်။

Sony ZV-1F ကင်မရာ ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၅၀၀ ခန့်ကျသင့်မှာ ဖြစ်ပြီး အောက်တိုဘာလ နောက်ဆုံးပတ်လောက်မှာ စတင်ရောင်းချမယ်လို့ သိရပါတယ်။

Featured Photo : New Atlas