စမတ်ဖုန်း အသစ်တစ်လုံး ဝယ်တော့မယ်ဆိုရင် လူတိုင်းနီးပါး အဓိက ရွေးချယ်ဖြစ်ကြတာ ကင်မရာပိုင်းလို့ပြောရင် မမှားပါဘူး။ စမတ်ဖုန်းကုမ္ပဏီတွေအနေနဲ့လည်း တစ်နှစ်ထက်တစ်နှစ် ကင်မရာပိုင်းကို ပိုမိုအသားပေးပြီး နည်းပညာဆန်းသစ်တဲ့ အမိုက်စား စမတ်ဖုန်းတွေကို မိတ်ဆက်ထုတ်လုပ် လာပါတယ်။ ဒီတစ်ခေါက်မှာတော့ ကင်မရာ စွမ်းရည်ကောင်းတဲ့ စမတ်ဖုန်းတွေကို ရှာနေတဲ့ ကွီးတို့အတွက် ထည့်စဉ်းစားသင့်တဲ့ ဖုန်း ၅ လုံးကို ပြောပြပေးချင်ပါတယ်။

(၁) Samsung Galaxy S22 Ultra

samsung galaxy s22 ultra

Photo : Smartprix

ပထမဆုံး ရွေးချယ်ထားတဲ့ ကင်မရာ အကောင်းဆုံး စမတ်ဖုန်းကတော့ Samsung Galaxy S22 ဖြစ်ပါတယ်။ Samsung S12 စီးရီးရဲ့အမြင့်ပိုင်း ဖုန်းတွေထဲက တစ်လုံးပါ။ Samsung Galaxy S22 မှာ စွမ်းဆောင်ရည်မြင့်မားတဲ့ 108 MP ကင်မရာပါရှိပြီး အရည်အသွေးမြင့် ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံ/ဗီဒီယိုတွေကို ရိုက်ကူးနိုင်တဲ့အတွက် ကမ္ဘာပေါ်က ထိပ်တန်း ကင်မရာအကောင်းဆုံး ဖုန်းတစ်လုံးအဖြစ် အသိမှတ်ပြုခံထားရပါတယ်။ ဗီဒီယိုပိုင်းမှာဆိုရင်လည်း 960 Frames Per Second နဲ့ 8K ဗီဒီယိုတွေကို ရိုက်ကူးနိုင်မှာဖြစ်ပြီး အမိုက်စား Ultra-slow Motion လှုပ်ရှားမှုပုံရိပ်တွေကို ဖမ်းယူနိုင်မှာ ဖြစ်ပါတယ်။ ဆယ်လ်ဖီ ကင်မရာအတွက်ကိုလည်း 40 MP အရှေ့ကင်မရာ တပ်ဆင်ပေးထားတဲ့အတွက် ပြီးပြည့်စုံတဲ့ ဆယ်လ်ဖီဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာပဲ ဖြစ်ပါတယ်။

(၂) Oppo F21 Pro 5G

Oppo F21 Pro 5G

Photo : Mashable India

Oppo ကိုတော့ ကင်မရာစွမ်းဆောင်ရည်နဲ့ ပတ်သတ်ပြီး စမတ်ဖုန်း အသုံးပြုသူတွေကြားမှာ လူသိများပါတယ်။ Oppo Brand ထဲက ရွေးချယ်သင့်တဲ့ ကင်မရာအကောင်းဆုံး စမတ်ဖုန်းတွေက တစ်လုံးကတော့ Oppo F21 Pro 5G ဖြစ်ပါတယ်။ Oppo F21 Pro 5G ဖုန်း ကို ပြီးခဲ့တဲ့ နှစ်ထဲမှာ စတင်မိတ်ဆက်ခဲ့ချိန်က စလို့ သူ့ရဲ့ ကင်မရာပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကြောင့် တော်တော်လေးကို လူကြိုက်များခဲ့တာပါ။ ရှေ့မှာထွက်ခဲ့တဲ့ 4G မော်ဒယ်မှာလိုပဲ 64 -Megapixel High Resolution Main ကင်မရာ နဲ့အတူ 2MP Microlens ကင်မရာနဲ့ 2MP Depth Camera တို့ကို တွဲဖက်တပ်ဆင်ထားတဲ့ Triple Camera Setup ကို အသုံးပြုထားပါတယ်။ ဒါကြောင့် ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေ ၊ အရောင်အသွေးစုံလင်တဲ့ ဗီဒီယိုလှုပ်ရှားမှု ပုံရိပ်တွေနဲ့ Microlens ကင်မရာကို အသုံးပြုပြီး အသေးစိတ် Zoom ဆွဲကြည့်လို့ရတဲ့ စိတ်ဝင်စားစရာ စွမ်းဆောင်ရည်တွေ အများကြီး ပါဝင်တဲ့ အမိုက်စား ကင်မရာ ဖုန်းတစ်လုံး ဖြစ်ပါတယ်။

(၃) Xiaomi 12 Pro

Xiaomi 12 Pro

Photo : Amateur Photographer

ကင်မရာ အကောင်းဆုံး ဖုန်းတွေအကြောင်း ပြောတဲ့အခါ Xiaomi 12 Pro ကတော့ မပါမဖြစ် ပါပဲ။ Xiaomi 12 Pro က Mid-range ဖုန်း တစ်လုံးဖြစ်ပြီး Xiaomi 12 စီးရီးရဲ့ စွမ်းဆောင်ရည် မြင့်ဖုန်းတွေထဲမှာ ပါပါတယ်။ ဒီဖုန်းမှာ 50 MP ပင်မကင်မရာ ပါဝင်ပြီး ဒါဟာ ပရီမီယံဖုန်းတစ်လုံးအတွက် လုံလောက်မှုမရှိဘူးလို့ တချို့က ဝေဖန်သုံးသပ်ကြပါတယ်။ ဒါပေမယ့်လည်း ကင်မရာပိုင်းမှာတော့ လျော့တွက်လို့မရတဲ့ ဖုန်းပါ။ Xiaomi 12 Pro ကင်မရာနဲ့ အလန်းစား ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ 32MP ရှေ့ကင်မရာပါဝင်တဲ့အတွက် ဆယ်လ်ဖီဓာတ်ပုံတွေကိုလည်း ကောင်းကောင်း ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

(၄) Vivo X80

Vivo X80

Photo : Lowyat.NET

Vivo ကတော့ ကမ္ဘာတစ်ဝှမ်းက ထိပ်တန်းကင်မရာဖုန်း ထုတ်လုပ်တွေထဲက တစ်ခုအဖြစ် ရပ်တည်လျက် ရှိပါတယ်။ Vivo X80 ဖုန်းဟာဆိုရင်လည်း ကင်မရာ ပိုင်းမှာအတော်လေး သာလွန်ကောင်းမွန်တဲ့ ဖုန်းတစ်လုံးအဖြစ် နာမည်ကြီးပါတယ်။ Vivo X80 ဖုန်းမှာ အခြားစမတ်ဖုန်းတွေလိုပဲ 50 MP ကင်မရာပါရှိပေမယ့် 108 MP ကင်မရာပါတဲ့ ဖုန်းတွေနဲ့ပင် ရလဒ်ပိုင်းယှဉ်လို့ရပါတယ်။ Zeiss Optics သုံးထားတဲ့အတွက် ဓာတ်ပုံနဲ့ ဗီဒီယိုတွေက အရမ်းကိုကြည်လင်ပြတ်သားပြီး သဘာဝကျကျ လှနေစေပါတယ်။ ဆယ်လ်ဖီကင်မရာ ဟာဆိုရင်လည်းလှပတဲ့ ဆယ်လ်ဖီဓာတ်ပုံတွေကို ရိုက်ကူးနိုင်ပြီး ဗီဒီယိုအနေနဲ့လည်း ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

(၅) Infinix Hot 30i

Photo : Techlusive

နောက်ဆုံး ရွေးချယ်ထားတဲ့ ကင်မရာအကောင်းဆုံး ဖုန်းတွေထဲက တစ်လုံးကတော့ Mid-range တန်းထဲမှာ ရွေးချယ်စရာ အမိုက်စား ကင်မရာဖုန်း Infinix Hot 30i ဖြစ်ပါတယ်။ Infinix Hot 30i ဖုန်း ရဲ့ကျောဘက်မှာ 108MP ပင်မ ကင်မရာ ပါရှိပြီး အလန်းစား ဓာတ်ပုံကောင်းတွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ အခြား Infinix ဖုန်းတွေမဲ့ ယှဉ်ပါကလည်း Infinix Hot 30i ဟာ ဗီဒီယိုရိုက်ကူးမှုပိုင်းမှာ အတော်လေး ထူးခြားကောင်းမွန်တာ တွေ့ရပါတယ်။ ဒါ့အပြင် 60MP ဆယ်လ်ဖီကင်မရာပါတဲ့ ပထမဆုံးဖုန်းလည်း ဖြစ်ပါတယ်။

Featured Photo : Lowyat.NET