ချယ်လ်ဆီးအသင်းဟာ ဆော်ဒီကလပ် အယ်လ်အီတီဟတ်ဒ်အသင်းဆီ ပြောင်းရွှေ့သွားတော့မယ့် ဝါရင့် ကွင်းလယ်လူ အန်ဂိုလို ကန်တေ ရဲ့နေရာအတွက် ဘရိုက်တန်အသင်းရဲ့ အီကွေဒေါ ကွင်းလယ် ကစားသမားလေး မွိုက်စ် ကိုင်စီဒို နဲ့ ပြန်လည် အစားထိုးသွားဖို့ နီးစပ်နေပြီလို့ သိရှိရပါတယ်။

kante al ittihad

Photo Credit : Youtube

အသက်(၃၂)နှစ်အရွယ်ရှိ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ကန်တေ ဟာ ၂၀၁၆ခုနှစ်ကတည်းက လက်စတာကနေ ချယ်လ်ဆီးအသင်းဆီကို ရောက်ရှိလာတဲ့ ကစားသမားဖြစ်ပြီး အသင်းရဲ့ အဓိက ကစားသား ပရိသတ် အချစ်တော် ကစားသမားအဖြစ်ပါ ရပ်တည်နိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ကန်တေက အသင်းနဲ့ စာချုပ်သက်တမ်းလည်း ကုန်ဆုံးတော့မှာ ဖြစ်သလို သက်တမ်း ဆက်တိုးခြင်းလည်း မရှိတော့ပဲ တစ်နှစ်လုပ်ခ ယူရို သန်း(၁၀၀)နဲ့ ကမ်းလှမ်းထားတဲ့ ဆော်ဒီကလပ်ဆီကိုပဲ ပြောင်းရွှေ့ဖို့ လက်ခံသွားခဲ့ပါတယ်။

caicedo

Photo Credit : Chelsea Core

ချယ်လ်ဆီးအနေနဲ့ ကွင်းလယ်ပိုင်းမှာ ဂျော်ဂျင်ဟိုကို ဇန်နဝါရီကတည်းက အာဆင်နယ်ဆီ လက်လွတ်ထားခဲ့ရပြီး အခုလည်း ကန်တေ နဲ့ ကိုဗာချစ်တို့ကိုပါ တစ်ပါတည်း ဆုံးရှံးရတော့မှာဖြစ်လို့ ကွင်းလယ်အတွက် ပြန်လည် အားဖြည့်ဖို့က မဖြစ်မနေ လိုအပ်လာခဲ့ပြီး လက်ရှိမှာတော့ ဘရိုက်တန်ရဲ့ အီကွေဒါ လက်ရွေးစင် ကစားသမား ကိုင်စီဒိုကို ခေါ်ယူနိုင်ဖို့ အခြေအနေ ကောင်းနေပါတယ်။ အသက် (၂၁)နှစ်သာ ရှိသေးပေမယ့် ပရီးမီးယားလိဂ် အသင်းကြီးတိုင်းလိုလိုရဲ့ ရေဒါထဲမှာ ပါဝင်နေသူ ကိုင်စီဒို ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့လုနီးပါး ဖြစ်ပြီးမှ အပြောင်းအရွှေ့က ဖြစ်ပေါ်မလာခဲ့ပဲ ဘရိုက်တန်နဲ့သာ ကာလရှည် စာချုပ်သစ် ချုပ်ဆိုဖြစ်ခဲ့ပါတယ်။

caicedo brighton

Photo Credit : Football365

ဒါပေမယ့် ကိုင်စီဒိုက ဘရိုက်တန်နဲ့ ကာလရှည်ကြာ လက်တွဲဖို့ ဆန္ဒမရှိပဲ သူ့ကို ထိပ်တန်း ကလပ်အသင်းကြီးတွေကသာ ကမ်းလှမ်းလာမယ်ဆိုရင် ဒီအခွင့်အရေးကို သူရယူသွားချင်တယ်လို့ ဝန်ခံထားတာကြောင့် ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို လက်ခံသွားဖို့ အခြေအနေများနေပြီး အခုဆိုရင် ချယ်လ်ဆီးအသင်းဟာလည်း ကိုင်စီဒို နဲ့ personal agreed ရယူနိုင်ဖို့ပါ နီးစပ်လျက် ရှိနေပြီပဲ ဖြစ်ပါတယ်။

Featured Photo : The Mirror