တိုက်တာအဆောက်အဦးများ ပြည့်နှက်နေတဲ့ မြို့ကြီးများတွင် နေထိုင်ခြင်းသည် တောရွာငယ်များတွင် နေထိုင်ခြင်းထက် ကုန်ကျစရိတ်ပိုများတာကတော့ အမှန်ပါပဲ။ ကျားကြီး ခြေရာကြီး ဆိုသလိုပဲ လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားလာသည်နှင့်အမျှ နေထိုင်မှုစရိတ် ပိုများလာစမြဲပါပဲ။ ကမ္ဘာပေါ်တွင် လူနေမှုအဆင့်အတန်းမြင့်မားတဲ့ မြို့ကြီးများ အများအပြားရှိတဲ့အနက် ကမ္ဘာ့ဈေးအကြီးဆုံး Luxury မြို့ကြီး များတွင် နေထိုင်ချင်သူများအတွက် ဈေးအကြီးဆုံး မြို့များအကြောင်းကို ဝေမျှပေးချင်ပါတယ်။
(၂၀) Libreville
Libreville သည် Gabon နိုင်ငံအတွက်တော့ ပညာရေးမြို့တော်တစ်ခုဖြစ်ပါတယ်။ သူ့မှာ ပေါ်ပြူလာဖြစ်တဲ့ တက္ကသိုလ်များ၊ စာကြည့်တိုက်များအပြင် သုတေသနငှာရပေါင်းများစွာ အခြေစိုက်ရာနေရာဖြစ်ပါတယ်။ သို့သော် အစားအစာနှင့် လူနေမှုအသုံးအဆောင် တို့သည် ရှားပါးတဲ့အတွက်ကြောင့် သာမန်ထက်ပိုပြီး ဈေးကြီးတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။
(၁၉) Lagos
နိုက်ဂျီးရီးယားနိုင်ငံရှိ မြို့တစ်ခုဖြစ်ပြီး လူဦးရေ သိပ်သည်းထူထပ်တဲ့မြို့တစ်ခုဖြစ်ပါတယ်။ နေထိုင်စရာမြေရာနှင့် လူဦးရေ အချိုးအစား မမျှတဲ့အတွက်ကြောင့် မြေဈေးတွေက အဆမတန်မြင့်တက်နေရခြင်းဖြစ်ပါတယ်။
(၁၈) London
အင်္ဂလန်နိုင်ငံရှိ လန်ဒန်မြို့လေးကတော့ နေချင်စဖွယ်ကောင်းတဲ့ မြို့များအနက် နံပါတ် (၁၈) နေရာမှာ တည်ရှိပါတယ်။ ကမ္ဘာ့ဈေးအကြီးဆုံး Luxury မြို့ကြီး များထဲက တစ်မြို့ဖြစ်တာကြောင့် တကယ်လို့ သင့်အနေနဲ့ ထိုမြို့မှာ စီးပွားရေး လုပ်ချင်တယ် (သို့) ကိုယ်ပိုင် တိုက်ခန်းတစ်ခု ဝယ်ချင်တယ်ဆိုရင်တော့ ပိုက်ဆံများများ ကြိုပြင်ထားပါလို့ပဲ အကြံပြုချင်ပါတယ်။
(၁၇) Guangzhou
တရုတ်နိုင်ငံရဲ့ အကြီးမားဆုံးနှင့် ရှေးအကျဆုံး ကုန်သွယ်မြို့တော်တစ်ခုဖြစ်ပြိး ထိုမြို့တစ်ခုတည်းမှာပင် ကမ္ဘာထိပ်တန်း ကုမ္ပဏီပေါင်း ၅၀၀ ခန့် တည်ရှိတာဖြစ်ပါတယ်။
(၁၆) Copenhagen
ဒိန်းမတ်နိုင်ငံရှိ မြို့တစ်မြို့ဖြစ်ပြီး တိုက်တာအဆောက်အအုံများသည် ပန်းချီကားချပ်အလား ဆေးရောင်စုံများနှင့် လှပနေတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ ထိုမြို့မှာ နေထိုင်မယ်ဆိုရင် အခွန်အခကိုလည်း များများစားစားပေးဆောင်ဖို့လိုအပ်ပါတယ်။
(၁၅) Tel Aviv
အစ္စရေးနိုင်ငံရှိ မြို့ကြီးတစ်မြို့ဖြစ်ပြီး သူ့မှာ လှပတဲ့ ကမ်းခြေများ၊ နာမည်ကြီး စားသောက်ဆိုင်များ၊ သက်ဝင်လှုပ်ရှားနေတဲ့ ညအလှများဖြင့် ပြည့်နှက်နေတာဖြစ်ပါတယ်။
(၁၄) New York
နယူးယော့ခ်မြို့ကတော့ နေချင်စဖွယ်အကောင်းဆုံး မြို့ထဲမှာ နံပါတ် (၁၄) နေရာမှာ ချိတ်ပါတယ်။ ညအချိန်မှာတောင် လူအများ ဥဒဟိုသွားလာနေကြတဲ့ မြို့တစ်မြို့ဖြစ်ပြီး အိပ်ခန်းတစ်ခန်းပါတဲ့ တိုက်ခန်းတစ်လုံးရဲ့ တစ်လငှားရမ်းခကတော့ ဒေါ်လာ ၄၅၀၀ ဖြစ်ပါတယ်။
(၁၃) N’Djamena
ဒီမြို့ကတော့ Chad နိုင်ငံအတွက် အရေးအပါဆုံး မြို့ကြီးတစ်မြို့ဖြစ်ပါတယ်။ စိုက်ပျိုးမွေးမြူရေးအတွက် အကောင်းဆုံး မြို့တစ်မြို့ဖြစ်တဲ့အပြင် ဓာတ်ငွေ့နှင့် ဆီထုတ်လုပ်မှုကိုလည်း အကြီးအကျယ်လုပ်ကိုင်တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။
(၁၂) Shenzhen
ဒီမြို့ရဲ့ သက်တမ်းကတော့ ၃၂ နှစ်ကျော်ပြီဖြစ်ပါတယ်။ ထိုမြို့မှာဆိုရင် ရေဖိုး မီးဖိုးကတော့ ဈေးမကြီးပေမယ့် ငှားရမ်းခနှင့် အစားအသောက်ဈေးနှုန်းကတော့ မြင့်ပါတယ်။
(၁၁) Seoul
ကိုရီးယားသို့ သွးရောက်လည်ပတ်ချင်သူများအတွက်တော့ ဆိုးလ်ကို မဖြစ်မနေသွားရောက်လည်ပတ်သင့်ပါတယ်။ ဆိုးလ်မှာ သမိုင်းဝင် အဆောက်အဦးအများအပြားရှိတဲ့အပြင် ခမ်းနားကြီးကျယ်လှပတဲ့ နန်းတော် (၅) ခုလည်းတည်ရှိပါတယ်။ ထိုမြို့မှာ နေထိုင်မယ်ဆိုရင်တော့ ပျမ်းမျှကုန်ကျစရိတ်သည် တစ်လလျှင် ဒေါ်လာ ၁၄၀၀ ကုန်ကျမှာဖြစ်ပါတယ်။
(၁၀) Bern
ဆွစ်ဇာလန်နိုင်ငံရှိ မြို့ငယ်လေးတစ်ခုဖြစ်ပါတယ်။ မြို့ငယ်လေးဆိုပေမယ့် သူ့မှာ လှပတဲ့ သမိုင်းဝင်အဆောက်အဦးများ၊ ရေပန်းများနှင့် ပြည့်နှက်နေပြီး တိုက်ခန်းကျယ်တစ်ခုရဲ့ ငှားရမ်းခကတော့ ဒေါ်လာ ၂၂၀၀ ဝန်းကျင်ရှိပါတယ်။
(၉) Beijing
ဘေဂျင်းမှာ အိပ်ခန်းတစ်ခန်းပါဝင်တဲ့ အိမ်ငှားရမ်းခန်းသည် လွန်ခဲ့တဲ့ ဆယ်နှစ်ခန်းက ဒေါ်လာ ၃၆၀ ခန့်သာရှိပြီး ယခုအခါမှာတော့ ဒေါ်လာ ၇၀၀ အထိ ခုန်တက်သွားခဲ့တာပဲဖြစ်ပါတယ်။
(၈) Geneva
ဒီမြို့ကတော့ ကမ္ဘာ့အရှည်ဆုံး ရေပန်းတစ်ခုဖြစ်တဲ့ Jet D’Eau ကြောင့် နာမည်ကြီးပါတယ်။ ဒီမြို့လေးမှာဆိုရင် ရှော့ပင်းစင်တာများအပြင် ဇိမ်ခံကော်ဖီဆိုင်များလည်း တည်ရှိပါတယ်။ အိမ်ငှားရမ်းခ၊ အစားအစာဈေးနှုန်းနှင့် ကူးသန်းသွားလာရေး ဈေးနှုန်းတွေကလည်း တော်တော်မြင့်ပါတယ်။
(၇) Singapore
စင်ကာပူမှာဆိုရင် သီးသန့်ကွန်ဒိုတစ်လုံးရဲ့ဈေးနှုန်းက ဒေါ်လာ ၁.၅ မီလီယံပေါက်ဈေးရှိပါတယ်။
(၆) Shanghai
ရှန်ဟိုင်းရဲ့ မြေဈေးကွက်တွေကလည်း မြင့်မားလှပြီး ကမ္ဘာ့ဈေးအကြီးဆုံး မြို့ကြီးများထဲတွင်လည်း သူအပါအဝင်ပါပဲ။
(၅) Zurich
ဆွစ်ဇာလန်နိုင်ငံရှိ Zurich မြို့သည် လှပပြီး နေချင်စဖွယ်ကောင်းသော မြို့တစ်မြို့ဖြစ်ပါတယ်။ သူ့ကိုတော့ ဆွစ်ဇာလန်နိုင်ငံရဲ့ စီးပွားရေးမြို့တော်လို့ တင်စားခေါ်ဝေါ်ကြပါတယ်။
(၄) Tokyo
ကမ္ဘာ့ဈေးအကြီးဆုံး Luxury မြို့ကြီး များကို ပြောပါဆိုရင် တိုကျိုမြို့ကိုလည်း ပစ်ထားလို့မရပါဘူး။
(၃) Beirut
လက်ဘနွန်မြို့ရှိ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကမ္ဘာ့ဈေးအကြီးဆုံး နံပါတ် (၃) နေရာမှာ တည်ရှိတာဖြစ်ပါတယ်။ သို့သော် သူသည်လည်း အခြားသော နိုင်ငံများကဲ့သို့ပင် ကမ္ဘာ့ကပ်ရောဂါကြောင့် စီးပွားရေးအခက်အခဲ အနည်းအကျည်းတော့ရှိပါတယ်။
(၂) Hong Kong
ဟောင်ကောင်မြို့တွင် လူဦးရေ ၇ သန်းကျော်ခန့် နေထိုင်ကြပြီး ထိုမြို့ရဲ့ ညအလှသည်လည်း အမြဲတမ်းသက်ဝင်လှုပ်ရှားကာ လှပနေတာဖြစ်ပါတယ်။
(၁) Ashgabat
ကမ္ဘာ့နံပါတ် (၁) ဈေးအကြီးဆုံးမြို့ကတော့ သင် ထင်မထားတဲ့ မြို့တစ်မြို့ပါ။ သူကတော့ Turkmenistan နိုင်ငံတွင်းရှိ Ashgabat မြို့ဖြစ်ပြီး တောင်တန်းများနှင့် ကာရံထားတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ဇိမ်ခံပစ္စည်းများနှင့် ပြည့်နှက်နေတဲ့ မြို့တစ်မြို့ဖြစ်ပြီး တိုက်တာအဆောက်အအုံများသည်လည်း အဖြူရောင်စကျင်ကျောက်များဖြင့် ဆောက်လုပ်ထားတာဖြစ်ပါတယ်။
Source: Redbookmag
Featured Image Source: Redbookmag