Music သမိုင်းတလျှောက် ဂီတအပြောင်းအလဲ တော်လှန်ရေးလှုပ်ရှားမှုတွေ အများကြီး ပေါ်ထွက်ခဲ့ပါတယ်။ Music Genres တွေရဲ့ စီးဆင်းမှု ၊ တင်ဆက်ပုံနဲ့ လူမှုဘဝပေါ် ထင်ဟပ်ချက်တွေကလည်း မှတ်သားစရာအပြောင်းအလဲတွေပဲလို့ ပြောနိုင်ပါတယ်။ DJ လို့ ခေါ်ကြတဲ့ Disk Jockey တွေကလည်း ခေတ်သစ်ဂီတတင်ဆက်မှုုတွေထဲက စိတ်လှုပ်ရှားမှုအပေးနိုင်ဆုံး ဂီတပုံစံဖန်တီးသူတွေ ဖြစ်လာပါတယ်။
DJ ဆိုတာ အခုမှ ပေါ်လာတဲ့ အခေါ်အဝေါ်မဟုတ်ပါဘူး။ ၁၉၃၅ ခုနှစ်က အမေရိကန်ရေဒီယိုအစီအစဉ်တင်ဆက်သူ Walter Winchell က ပေးထားတဲ့ နာမည်ပါ။ Disc Jockey ဆိုတာ အသံသွင်းသီချင်း Disc ချပ်ပြား နဲ့ စက်မောင်း အော်ပရေတာ Jockey ဆိုတဲ့ စကားနှစ်ခုကို ပေါင်းစည်းထားပြီး အတိုကောက် DJ လို့ပဲ ခေါ်ပါတယ်။ အခုခေတ်မှာတော့ DJ ဆိုတာ လူရာထောင်ချီ မြူးမြူးကြွကြွ ခုန်ပေါက်က,ခုန်နိုင်အောင် သီချင်းတွေ ပေါင်းစပ်ဖန်တီးထုတ်လုပ်သူတွေအဖြစ် လူတိုင်း သိနေကြပြီ ဖြစ်ပါတယ်။
ကမ္ဘာ့ DJ သမိုင်းမှာ Jimmy Savile ကို ပထမဆုံး DJ သမားအဖြစ် သတ်မှတ်ထားကြပါတယ်။ Jimmy Savile ရဲ့ နောက်မှာ ကမ္ဘာတလွှား DJ ဂီတတင်ဆက်သူတွေ အမြောက်အများ ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီထဲက ကမ္ဘာ့ထိပ်တန်း အကောင်းဆုံး DJ သမား တချို့အကြောင်း တင်ဆက်ပေးချင်ပါတယ်။
(၁) David Guetta

Photo : thetealmango
ပြင်သစ်သား DJ ပညာရှင် ၊ အသံသွင်းထုတ်လုပ်သူ ၊ ဂီတပညာရှင် နဲ့ တေးရေးဆရာ Pierre David Guetta ကို DJ လောကမှာ David Guetta အဖြစ် ပိုပြီး လူသိများပါတယ်။ သူ့ရဲ့ DJ အသံသွင်းခွေတွေ ရောင်းအားဟာ ကမ္ဘာတဝှမ်း အချပ်ရေ သန်း ၅၀ ကျော် ရှိခဲ့သလို Streams လွှင့်မှုပေါင်း ၁၀ ဘီလျံအထိ ရှိထားပြီ ဖြစ်ပါတယ်။ ၂၀၁၁ ၊ ၂၀၂၀ နဲ့ ၂၀၂၁ တို့မှာ David Guetta ကို DJ Mag Top 100 DJs ရဲ့ နံပါတ်တစ် DJ သမားအဖြစ် မဲပေးရွေးချယ်ခဲ့ပါတယ်။ ၁၉၆၇ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့ဖွား David Guetta ဟာ အသက် ၅၄ နှစ် ရှိပြီ ဖြစ်ပါတယ်။
(၂) Tiësto

Photo : thetealmango
Tijs Michiel Verwest OON ကို DJ လောကမှာ Tiësto အဖြစ် ထင်ပေါ်ကျော်ကြား လူသိများပါတယ်။ ဒတ်ချ် DJ သမား နဲ့ Music Producer တစ်ဦး ဖြစ်တဲ့ သူဟာ ၂၀၁၀ နဲ့ ၂၀၁၁ ခုနှစ်က DJ Fans တွေအကြား Mix Magazine က ပြုလုပ်တဲ့ The Greatest DJ Of All Time အဖြစ် ရွေးချယ် မဲပေးထားပါတယ်။ ၂၀၁၃ ခုနှစ်မှာ သူဟာ နှစ် ၂၀ အတွင်း အကောင်းဆုံး DJ သမားအဖြစ် DJ Mag Readers တွေကနေ မဲပေးခဲ့ပါတယ်။ Tiësto ကို ၁၉၆၉ ဇန်နဝါရီ ၁၇ ရက်နေ့မှာ မွေးဖွားခဲ့တာ ဖြစ်လို့ အသက် ၅၃ နှစ် ရှိသွားပြီ ဖြစ်ပါတယ်။
(၃) Martin Garrix

Photo : thetealmango
Martin Garrix ရဲ့ နာမည်ရင်းကတော့ Martijin Gerard Garritsen ဖြစ်ပြီး ဒတ်ချ်လူမျိုး DJ သမား လည်း ဖြစ်ပါတယ်။ Martin Garrix ဟာ ၂၀၁၆ ၊ ၂၀၁၇ နဲ့ ၂၀၁၈ သုံးနှစ်ဆက်တိုက် DJ Mag ရဲ့ Top 100 DJs သမားများ စာရင်းမှာ နံပါတ်တစ် စွဲခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အကျော်ကြားဆုံး DJ တေးတွေထဲမှာ Animals ၊ In The Name Of Love နဲ့ Scared To Be Lonely တို့က ထင်ရှားလှပါတယ်။ Martin Garrix ကိုတော့ ၁၉၉၆ ခုနှစ် မေလ ၁၄ ရက်နေ့မှ မွေးဖွားခဲ့တာ ဖြစ်လို့ အသက် ၂၆ နှစ်ပဲ ရှိသေးတဲ့ Gen Z ဂီတပညာရှင်လို့ ဆိုရမှာ ဖြစ်ပါတယ်။
(၄) Armin van Buuren

Photo : thetealmango
ကမ္ဘာ့ထိပ်တန်း အဆင့် DJ သမား တွေထဲမှာ ဒတ်ချ်လူမျိုးတွေ အများဆုံးပါနေတာ ထူးခြားမှုတစ်ခုပါပဲ။ Armin Van Buuren ဆိုလည်း ဟော်လန်တောင်ပိုင်း Leiden က ဒတ်ချ် DJ နဲ့ Record Producer တစ်ဦးပါ။ နာမည်အရင်း Armin Jozef Jacobus Daniel Van Buuren OON ဖြစ်ပြီး ၂၀၀၁ ခုနှစ်က စလို့ သူဟာ A State Of Trance အပတ်စဉ် ရေဒီယိုအသံလွှင့်အစီအစဉ်တွေမှာ တင်ဆက်ခဲ့သူလည်း ဖြစ်ပါတယ်။ FM ရေဒီယို အသံလွှင့်ရုံ ၁၀၀ ကျော် ရှိတဲ့ ကမ္ဘာ့နိုင်ငံ ၈၄ နိုင်ငံမှာ သူ့ရဲ့ အသံလွှင့်တင်ဆက်မှုကို နားဆင်သူ သန်း ၄၀ နီးပါး ရှိပါတယ်။ Armin Van Buuren ကို ၁၉၇၆ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့မှာ မွေးပါတယ်။
(၅) Deadmau5
Photo : thetealmango
Deadmau5 ဆိုတာ နာမည်ကျော် ကနေဒါ DJ သမား Joel Thomas Zimmerman ရဲ့ Stage Name ဖြစ်ပြီး DJ အပြင် Electronic Music ထုတ်လုပ်သူလည်း လုပ်ပါတယ်။ Grammy Nomination ၆ ဆုအတွက် ဆန်ကာတင် စာရင်းသွင်းခံရသူ ဖြစ်ပြီး တခြားDJs နဲ့ Producers တွေနဲ့ပါ လက်တွဲပြီး အနုပညာဖန်တီးမှုတွေ လုပ်ပါတယ်။ ၁၉၈၁ ခုနှစ် ဇန်နဝါရီ ၅ ရက်ဖွား ဖြစ်လို့ အသက် ၄၁ နှစ် ရှိပြီ ဖြစ်ပါတယ်။
Featured Photo : thetealmango

