လေ့ကျင့်ခန်းများက ကွီးတို့ရဲ့ ကျန်းမာရေးအတွက် အရေးကြီးပြီး ပြုလုပ်သင့်တဲ့ အလေ့အထတစ်ခု ဖြစ်ပါတယ်။ Cardio ဆိုတာက နှလုံးသွေးကြောဆိုင်ရာ လေ့ကျင့်ခန်းများ သို့မဟုတ် နှလုံးခုန်နှုန်းကို မြှင့်တင်ပေးသည့် လေ့ကျင့်ခန်းများ ဖြစ်ပါတယ်။ Cardio လေ့ကျင့်ခန်းများသည် ကိုယ်အလေးချိန်ကို ထိန်းထားလိုသူများ၊ ကယ်လိုရီ တွေ လောင်ကျွမ်းချင်သူများ သို့မဟုတ် ကျန်းမာစွာနေလိုသူများအတွက် တကယ်ကို အကျိုးပြုပါတယ်။ ဒါပေမဲ့ Cardio လေ့ကျင့်ခန်းများ လုပ်ဖို့ Gym ကို မဖြစ်မနေ သွားစရာတော့ မလိုပါဘူး။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့အတွက် ကယ်လိုရီတွေ လောင်ကျွမ်းစေဖို့ အိမ်မှာပဲ လွယ်လွယ်ကူကူ လုပ်လို့ရတဲ့ Cardio လေ့ကျင့်ခန်းများ ကိုဖော်ပြပေးချင်ပါတယ်။

Burpee

ကယ်လိုရီတွေ Cardio

Photo : Men’s Health

ကွီးတို့ရေ ဘာကိရိယာမှ မလိုအပ်ပဲ ကယ်လိုရီတွေ လောင်ကျွမ်းစေပြီး ထိရောက်တဲ့ Cardio လေ့ကျင့်ခန်း တစ်ခုကတော့ Burpee ပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင် ပထမဆုံး ကွီးတို့အနေနဲ့ ခြေထောက်ကို ပခုံးအကွာအဝေးအတိုင်းထားပြီး မတ်တပ်ရပ်ပါ။ ထို့နောက် သင့်လက်ဖဝါးများကို ပခုံးအကျယ်အကွာလောက် ကြမ်းပြင်ပေါ်သို့ ထောက်ပြီး Plank ထောက်သကဲ့သို့ ခန္ဓာကိုယ်ကို နှိမ့်လိုက်ပါ။ ထို့နောက်လှုပ်ရှားမှု မြန်မြန်ဆန်ဆန်နဲ့ ပြန်လည်ထပြီး မတ်တပ်ရပ်ပြီး ခုန်လိုက်ပါ။ ထို့နောက် စတင်သည့် အနေအထားသို့ ဖြေးဖြေးချင်း ပြန်သွားပါ။

ဒီလေ့ကျင့်ခန်းက ၁၀ မိနစ်အတွင်း ကယ်လိုရီ ၁၀၀ ကျော် လောင်ကျွမ်းစေနိုင်ပါတယ်။

ကြိုးခုန်ခြင်း

ကယ်လိုရီတွေ Cardio

Photo : Men’s Health

နောက်ထပ် ထိရောက်တဲ့ လေ့ကျင့်ခန်းတစ်ခုကတော့ ကြိုးခုန်ခြင်း ပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင် ပထမဆုံးအနေနဲ့ ကြိုးကို ယူလိုက်ပါ။ ကွီးတို့ရဲ့ပခုံးတွေကို ဖြေလျှော့ပြီး တံတောင်ဆစ်တွေကို ခန္ဓာကိုယ်နဲ့ နီးကပ်အောင်ထားပါ။ ထို့နောက် စတင်ပြီး ခုန်ပါ။ ခုန်တဲ့အခါ လက်ကောက်ဝတ်မှ ကြိုးကို လှည့်ပြီး ကြိုးပေါ်မှ ဖြတ်သွားစဉ် ချောမွေ့သော အကွေးကို ထားရှိပါ။ ဒူးနှင့် ခြေချင်းဝတ်များအပေါ် ထိခိုက်မှုလျှော့ချရန် ပေါ့ပေါ့ပါးပါးပဲ ခုန်ပါ။

မိနစ် ၂၀ ခန့် ကြိုးခုန်ခြင်းက ကယ်လိုရီ ၂၂၀ ခန့်ကို လောင်ကျွမ်းစေပါတယ်။

Kickboxing

cardio exercise

Photo : Pinterest

ကွီးတို့ရေ အိမ်မှာပဲ လွယ်လွယ်ကူကူ လုပ်လို့ရပြီး တတ်တတ်ကြွကြွ Cardio လေ့ကျင့်ခန်းကို လုပ်ချင်တယ်ဆိုရင်တော့ Kickboxing ရှိပါတယ်။ Kickboxing သည် ကရာတေးနှင့် လက်ဝှေ့ထိုးခြင်း ပေါင်းစပ်မှုတစ်ခုဖြစ်ပြီး Cardio သာမက ခွန်အားအတွက်ပါ အထူးကောင်းမွန်ပါတယ်။ ကွီးတို့ အနေနဲ့ အိမ်မှာ လက်သီးအိတ်နဲ့ အခြားသော Boxing ပစ္စည်းတွေ မရှိလည်း ရပါတယ်။ ကွီးတို့ ကိုယ်တိုင် အလွတ်ပြုလုပ်နိုင်ပါတယ်။

Kickboxing က ၁၀ မိနစ်အတွင်း ကယ်လိုရီ ၁၀၀ ကျော် လောင်ကျွမ်းစေနိုင်ပါတဲ့အပြင် စိတ်ဖိစီးမှုနဲ့ ရန်လိုစိတ်များကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။

Squat Jump

cardio exercise

Photo : Men’s Health

Squat Jump ကလည်း ကွီးတို့ရဲ့ ကယ်လိုရီတွေ ကို လောင်ကျွမ်းစေမဲ့ Cardio လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်အောက်ပိုင်း ကြံ့ခိုင်မှုအတွက် အထောက်အကူပြုတဲ့ လေ့ကျင့်ခန်းလည်း ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင် ကွီးတို့ ခြေထောက်ပါ တင်ပါးအနံအတိုင်းရပ်ပါ။ ပြီးနောက် ကွီးတို့ခြေထောက်ပါ ကွေးလိုက်ပြီး တင်ပါးကို Squat ထိုင်သကဲ့သို့ နှိမ့်ချပါ။ ထို့နောက် လက်များကိုနောက်သို့လွှဲလျက်ခုန်လိုက်ပါ။ အစအနေအထားသို့ ပြန်သွားပြီး လေ့ကျင့်ခန်းကို ပြန်စပါ။

Squat Jump ကလည်း ၁၀ မိနစ်ကို ကယ်လိုရီ ၁၀၀ ကျော်ခန့် လောင်ကျွမ်းစေပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ လေ့ကျင့်ခန်းများအပြင် ကွီးတို့ကြိုက်နှစ်သက်ရာ လေ့ကျင့်ခန်းများကို အချိန်ပေးပြီး လုပ်ဆောင်ပါ။ လေ့ကျင်ခန်းများ ပြုလုပ်ခြင်းဖြင့် ကယ်လိုရီတွေ လောင်ကျွမ်းစေနိုင်ရုံသာမက ကျန်းမာကြံ့ခိုင်စေပါတယ်။

Source : Meriatage

Featured Photo : Men’s Health