လူတစ်ယောက်ဟာ ကျန်းမာဖို့ အပြင် ကိုယ်ခံစွမ်းအားမြင့်နေဖို့ လိုအပ်ပါတယ်။ ကိုယ်ခံစွမ်းအားဟာ လူ့ခန္ဓာကိုယ်ရဲ့ သဘာဝကာကွယ်ရေး ယန္တရားပဲ ဖြစ်ပါတယ်။ ထို သဘာဝ ကာကွယ်ရေးယန္တရား တစ်ဖြစ်လည်း ကိုယ်ခံစွမ်းအား မြင့်နေမှသာလျှင် Covid-19 ကဲ့သို့သော ရောဂါများနဲ့ အခြားသော ရောဂါများကိုပါ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်နိုင်ဖို့ အတွက် စားသောက်နေထိုင်မှုကို ပြောင်းလဲတာအပြင် ကိုယ်လက် လေ့ကျင့်ခန်းများ လည်း ပြုလုပ်သင့်ပါတယ်။ ဒါကြောင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်နိုင်ဖို့ အချိန်ပေးပြီး နေ့စဉ် ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းများ ကိုဖော်ပြပေးလိုက်ပါတယ်။

လမ်းလျှောက်ခြင်း

ကိုယ်ခံအားစနစ်ကို လေ့ကျင့်ခန်းမျာ

Photo : Eat This Not That

ကွီးတို့ရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်နိုင်ဖို့ ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းများ ထဲမှ အလွယ်ကူဆုံးနဲ့ လူတိုင်းလိုက်လုပ်နိုင်တဲ့ လေ့ကျင့်ခန်းကတော့ လမ်းလျှောက်ခြင်း ပဲဖြစ်ပါတယ်။ ပုံမှန်လမ်းလျှောက်ခြင်းက ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိတယ် ဆိုတာ လုံးဝ သံသယဖြစ်စရာ မလိုပါဘူး။ လမ်းလျှောက်ခြင်းက ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်ရဲ့ သဘာဝ ကာကွယ်ရေး ယန္တရားကို အားကောင်းစေပါတယ်။ Harvard Health Publishing မှ လေ့လာမှုတစ်ခုအရ နေ့စဉ် မိနစ် ၂၀ ခန့် လမ်းလျှောက်သူများက ဖျားနာနိုင်ခြေ လျော့နည်းကြောင်း တွေ့ရှိခဲ့တယ် လို့ဆိုပါတယ်။

Jumping Jack

ကိုယ်ခံအားစနစ်ကို လေ့ကျင့်ခန်းမျာ

Photo : MENzing Fit

Jumping Jack ကိုယ်ခံအားစနစ်ကိုမြှင့်တင်ဖို့ အံ့သြစရာကောင်းတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ကွီးတို့ရဲ့ အိမ်မှာပဲလုပ်လို့ရတဲ့ အလွယ်ကူဆုံး လေ့ကျင့်ခန်းထဲက တစ်ခုလည်းဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက ကွီးတို့ရဲ့ တည်ငြိမ်မှုကို မြှင့်တင်ပေးရုံသာမက ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။ နေ့စဉ် လေ့ကျင့်ခန်းတွင် Jumping Jack ကို တစ်နေ့ မိနစ် ၂၀ ခန့်ထည့်သွင်းရုံနဲ့ လုံလောက်ပါတယ်။

Squat

ကိုယ်ခံအားစနစ်ကို လေ့ကျင့်ခန်းမျာ

Photo : Scotland All-Strong

ကိုယ်ခံအားစနစ်ကို မြှင့်တင်နိုင်ဖို့ ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းများ ထဲမှာ Squat ဟာလည်း အပါအဝင် ဖြစ်ပါတယ်။ ပုံမှန်ပြုလုပ်သောအခါ၊ Squat က ကွီးတို့ရဲ့ ခြေထောက်များကို သန်မာစေပြီး တင်ပါးနဲ့နောက်ကျော ကြွက်သားများကို အားကောင်းစေပါတယ်။ Squat လုပ်ခြင်းထက် ခန္ဓာကိုယ်အောက်ပိုင်းကို အားကောင်းစေတဲ့ ပိုကောင်းတဲ့ လေ့ကျင့်ခန်း မရှိပါဘူး။ ဒါ့အပြင် ဒီလေ့ကျင့်ခန်း ကွီးတို့ရဲ့ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။

Plank

Morning Exercise

Photo : Header 9

လေ့ကျင့်ခန်း တော်တော်များများက ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးတာမှန်သော်လည်း Plank ထောက်ခြင်းက ရတဲ့ သက်ရောက်မှုကလည်း အံမခန်းပါပဲ။ ကွီးတို့အနေနဲ့ ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင် အချိန် တစ်မိနစ် နှစ်မိနစ်သာ စတင် ရင်းနှီးမြှပ်နှံဖို့ လိုပါတယ်။ Plank က ဝမ်းဗိုက်ကြွက်သားများအတွက် အထောက်အကူပြု စေသည်သာမက ကွီးတို့ရဲ့ လက်များ၊ ပခုံးများကိုနဲ့ ကျော တို့ကိုပါ အားကောင်းစေပါတယ်။

ကွီးတို့ရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်နိုင်ဖို့ ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းများ ပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းများ လုပ်ရန်အတွက် ကွီးတို့ Gym သွားစရာမလိုပဲ အိမ်မှာပဲ အလွယ်တကူပြု လုပ်လို့ရပါတယ်။ ယခုလိုကာလတွေမှာ ကျန်းမာရေးကို ပိုမိုဂရုစိုက်ဖို့ လိုပါတယ်။ ဒါကြောင့်ကွီးတို့ရဲ့ တစ်နေ့တာ အချိန်မှာ အနည်းဆုံး နာရီဝက်လောက် အချိန်ပေးပြီး ကိုယ်လက်လှုပ်ရှားမှုကို ပြုလုပ်သင့်ပါတယ်။

Source : Inter Miles Blog

Featured Photo : Men’s Health