အောင်မြင်သူ အများစုကို ကြည့်ရင် ကိုယ့်ကိုယ်ကိုယ် အမြဲတိုးတက်ရာ တိုးတက်ကြောင်း ကြံဆောင်နေလေ့ ရှိတာကိုတွေ့ရပါလိမ့်မယ်။ ဟုတ်ပါတယ် ကိုယ်က သူများတွေထက် ခေါင်းတစ်လုံး အမြဲသာနေနိုင်ဖို့ ကိုယ့်ရဲ့လိုအပ်ချက်တွေကို ဖြည့်တင်းတာ ၊ အားသာချက်တွေကို မွမ်းမံတာမျိုး လုပ်ဆောင်နေဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့အရည်အချင်းတွေကို အချိန်တိုင်း တိုးတက်အောင် ကြိုးစားနေမှလည်း ပိုမိုကောင်းမွန်တဲ့ Life တစ်ခုကို ရနိုင်မှာပါ။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး ကို တိုးတက်အောင် ဘာတွေလုပ်ဆောင်ဖို့ လိုမလဲဆိုတာ မျှဝေပေးပါမယ်။
(၁) စာဖတ်ခြင်းအလေ့အကျင့်ကို ချဲ့ထွင်ပါ
Photo : Racked
စာဖတ်တာက ကျွန်တော်တို့ရဲ့ အသိပညာ ၊ ဗဟုသုတတွေကို တိုးပွားလာအောင်ချဲ့ထွင်နိုင်တဲ့ အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုပါ။ စာအုပ်များများဖတ်လေ ကမ္ဘာကြီးနဲ့ လူတွေအကြောင်း ပိုမိုသိရှိခွင့် ရလေပါပဲ။ နောက်ပြီး ကျွန်တော်တို့ရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်း ၊ သုံးသပ်ဆင်ခြင်နိုင်စွမ်းတွေကိုလည်း မြှင့်တင်ပေးပြီး ကိုယ်ရည်ကိုယ်သွေး ကို တိုးတက်အောင် တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် တစ်လမှာအနည်းဆုံး စာအုပ်တစ်အုပ်တော့ ဖတ်သင့်ပါတယ်။
(၂) ကျွမ်းကျင်မှု သို့မဟုတ် စွမ်းရည်အသစ်တစ်ခု လေ့လာသင်ယူပါ
Photo : Lifehack
ကျွမ်းကျင်မှု သို့မဟုတ် စွမ်းရည်အသစ်တစ်ခုကို လေ့လာသင်ယူတယ်ဆိုတာဟာ ကျွန်တော်တို့ရဲ့ ကိုယ်ရည်ကိုယ်သွေး ကို မြှင့်တင်နည်းတစ်မျိုးပါပဲ။ အသစ်သစ်သော အရာတွေကို လေ့လာသင်ယူခြင်းဖြင့် ကျွန်တော်တို့ကို ပိုမိုပြည့်စုံကောင်းမွန်လာစေမှာ ဖြစ်တဲ့အပြင် စိန်ခေါ်မှုတွေကိုလည်း အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းနိုင်စေဖို့ အထောက်အပံ့ကောင်းတွေ ပေးစွမ်းပါတယ်။
(၃) ကိုယ့်ကိုယ်ကိုယ် သိရှိနားလည်အောင်ကြိုးစားပါ
Photo : P.S. I Love You
ကျွန်တော်တို့ အားလုံးဟာ ကိုယ့်ကိုယ်ကိုယ် သိရှိနားလည်အောင် ကြိုးစားဖို့ အလွန်အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုယ် အမြဲပြန်လည်သုံးသပ်နေခြင်းဖြင့် ကိုယ်ရဲ့ လိုအပ်ချက် ၊ အားသာချက် ၊ အားနည်းချက်တွေကို ပိုမိုသိမြင်လာနိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်အနေနဲ့ ဘယ်လိုတိုးတက်ရာ တိုးတက်ကြောင်းတွေ လုပ်ဆောင်ခဲ့ပြီးပြီလဲ ၊ ကိုယ့်အတွက် တိုးတက်မှုက ဘာတွေရှိလာသလဲ ၊ အမှားတွေဘယ်လောက်လုပ်ခဲ့မိလဲ ၊ အမှားတွေကနေ ဘာတွေ သင်ယူနိုင်ခဲ့လဲ စသည်ဖြင့် ကိုယ့်ကိုယ်ကိုယ် သိမြင်သုံးသပ်နိုင်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် တိုးတက်တဲ့ လူတစ်ယောက်ဖြစ်အောင် ပြောင်းလဲနိုင်မှာပဲ ဖြစ်ပါတယ်။
(၄) ကြောက်ရွံ့မှုတွေကို ရင်ဆိုင် ကျော်လွှားလိုက်ပါ
Photo : Verywell Mind
ကျွန်တော်တို့မှာ ရှိနေတဲ့ အကြောက်တရားတွေဟာ ကျွန်တော်တို့ရဲ့ တိုးတက်အောင်မြင်မှုတွေကို တားဆီးပိတ်ပင်နေတဲ့ Dream-Killer တွေပါပဲ။ အကြောက်တရားက ကိုယ့်ကို လွှမ်းမိုးခြင်း ခံထားရမယ်ဆိုရင် တိုးတက်အောင်မြင်မှုတွေနဲ့ ဝေးကွာလာစေရုံသာမက တဖြည်းဖြည်း ဆုတ်ယုတ်ပျက်စီးခြင်းတွေသာ ပိုဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ Comfort Zone ထဲကနေ ရုန်းထွက်နိုင်အောင် ကြိုးစားပါ။ ကိုယ်အတွက် ကြောက်ရွံ့နေမိတဲ့ အကြောက်တရားတွေနဲ့ တည့်တည့်ရင်ဆိုင်ပြီး အကြောက်တရားတွေကို ရင်ဆိုင် ကျော်လွှားလိုက်ပါ။ ပိုမိုတိုးတက်ကောင်းမွန်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်လာနိုင်မှာ အမှန်ပါပဲ။
တိုးတက်အောင်မြင်တဲ့ ဘဝတစ်ခု ပိုင်ဆိုင်နိုင်စေဖို့ ကွီးတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး ကို အခုပြောပြတဲ့ နည်းလမ်းလေးတွေနဲ့ မြှင့်တင်လိုက်ပါ။
Featured Photo : LinkedIn